Sunday, September 1, 2013

တရုတ်ထိပ်သီးအရာရှိတစ်ဦး အဂတိမှုနဲ့ စစ်ဆေးခံနေရ

အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင် ဥက္ကဌဟောင်း Jiang Jiemin (Credit: AFP) 

တရုတ်နိုင်ငံမှာ ​အဂတိလိုက်စားမှုကို ​တိုက်ဖျက်တဲ့အနေနဲ့ ​တရုတ်အမျိုးသား ​ရေနံကော်ပိုရေးရှင်း ​China ​National ​Petroleum ​Corporation ​(CNPC) ​ကုမ္ပဏီဥက္ကဌ ​ဖြစ်သူ ​Jiang ​Jiemin ​ကို ​စုံစမ်းစစ်ဆေးနေတယ်လို့ ​သိရပါတယ်။

Jiang ​Jiemin ​ဟာ ​ပြီးခဲ့တဲ့ ​မတ်လအထိ ​CNPC ​ကုမ္ပဏီရဲ့ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်ခဲ့ပြီး ​သူ့ကို ​စည်းကမ်းထိန်းသိမ်းမှု ​ဥပဒေဖော်ဖျက်မှုတွေကြောင့် ​စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ ​တရုတ်နိုင်ငံပိုင် ​ရှင်ဟွာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

စည်းကမ်းထိန်းသိမ်းမှု ​ဥပဒေ ​ဖောက်ဖျက်မှု ​ဆိုတာ ​တရုတ်နိုင်ငံမှာ ​အဂတိလိုက်စားတာကို ​ဆိုလိုတာ ​ဖြစ်ပါတယ်။

အဂတိလိုက်စားမှု ​တိုက်ဖျက်ရေးနဲ့ ​ပတ်သက်ပြီး ​CNPC ​ကုမ္ပဏီက ​အမှုဆောင် ​အကြီးအကဲ ​၄ ​ဦးကို ​ဖမ်းဆီးအရေးယူထားတယ်လို့လည်း ​သိရပါတယ်။

CNPC ​ကုမ္ပဏီဟာ ​မြန်မာနိုင်ငံနဲ့ ​ပူးပေါင်း ​ဆောင်ရွက်မှုတွေကို ​၂၀၀၁ ​ခုနှစ်လောက်ကတည်းက ​ပြုလုပ်ဆောင်ရွက်နေတာဖြစ်ပြီး ​လောလောဆယ်မှာ ​ရခိုင်ကမ်းလွန် ​ရေနက်ကမ်းလွန်ရေနံနဲ့ ​သဘာဝ ​ဓာတ်ငွေ ​ရာဖွေရေး၊ ​ရေနံနဲ့ ​သဘာဝဓာတ်ငွေ့ဆိုင်ရာ ​ဓာတုချက်စက်ရုံလုပ်ငန်းတွေ၊ ​ရခိုင်ပြည်နယ်ကနေ ​ယူနန်ပြည်နယ်တွေကို ​ဆက်သွယ်တဲ့ ​ပိုက်လိုင်း ​စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ​မြန်မာနိုင်ငံနဲ့ ​ပူးပေါင်းလုပ်ဆောင်နေတဲ့ ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

အဂတိလိုက်စားမှု ​အစစ်ဆေးခံနေရတဲ့ ​Jiang ​Jiemin ​ဟာ ​မြန်မာနိုင်ငံနဲ့ ​ပတ်သက်တဲ့ ​ရေနံနဲ့ ​သဘာဝ ​ဓာတ်ငွေ့စီမံကိန်း ​အမြောက်အများကို ​လက်မှတ်ရေးထိုးခဲ့သူ ​ဖြစ်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment