Sunday, September 1, 2013

ဆီးရီးယားကိုတိုက်ရန် အိုဘားမားဆုံးဖြတ်လိုက်ပြီ

အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဆီးရီးယားအစိုးရက ပြည်ပကျောထောက်နောက်ခံ အတိုက်အခံတိုက်ခိုက်ရေးသမားများကို ဓာတုလက်နက်အသုံးပြုကြောင်း ပြောကြားလိုက်ပြီးနောက် အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားကိုတိုက်ခိုက်သင့်ပြီဟု ဆုံးဖြတ်ထားကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သြဂုတ် ၃၁ ရက်တွင် ပြောကြားလိုက်သည်။

၎င်းအနေဖြင့် လွှတ်တော်အမတ်များ၏ တိုက်မိန့်ကိုလည်း ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သမ္မတအိုဘားမားက ပြောကြားလိုက်သည်။ လွန်ခဲ့သောရက်များက ကွန်ဂရက်လွှတ်တော်အမတ်များ၏ ပြောဆိုသံများကို ကြားပြီးသားဖြစ်ကြောင်း အိုဘားမားကပြောကြားသည်။

ကွန်ဂရက်ခေါင်းဆောင်များသည် ဆီးရီးယားအရေးဆွေးနွေးရန် သဘောတူထားသည်။ ကွန်ဂရက်က လက်မခံခဲ့သည်ရှိသော် စစ်ဦးစီးချုပ်အဖြစ် ၎င်း၏အာဏာကို အသုံးပြုတိုက်မည်၊ မတိုက်မည်ဆိုသည်ကို အိုဘားမားက မပြောဘဲရှိနေသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment