Sunday, September 1, 2013

အာဖဂန်အရှေ့ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်၊ ကုမ္ပဏီဝန်ထမ်းရှစ်ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ပါဝမ်ပြည်နယ်တွင် ဩဂုတ် ၃၁ ရက်က ဒေသတွင်းရှိ သတ္တုတွင်း ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအလုပ်သမားများ စီးနင်းလိုက်ပါလာသောကားကို လမ်းဘေးထောင်ဗုံးထိမှန်ရာ အာဖဂန်အလုပ်သမားရှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း တာဝန်ရှိပုဂ္ဂိုလ်များက စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။

ပါဝမ်ပြည်နယ် ဘာဂရမ်ခရိုင်ရှိ လမ်းပေါ်တွင် အိုင်အီး ဒီဗုံးကိုထောင်ထားရာ လူ ၁၃ ဦးလိုက်ပါလာသော အဆိုပါ ကားကိုထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏အိမ်အပြန်လမ်း တွင်ဖြစ်ကြောင်း၊ ရှစ်ဦးပွဲ ချင်းပြီးသေဆုံး၍ ဒဏ်ရာရသူများ သေရေးရှင်ရေးနှင့်ရင်ဆိုင်နေရကြောင်း တာဝန်ရှိပုဂ္ဂိုလ်က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။

ကဘူးမြို့မြောက်ဘက်မှ ၅၅ ကီလိုမီတာအကွာရှိ ဘာဂရမ်ခရိုင်တွင် အမေရိကန်တို့ ၏ လေတပ်ပင်မ အခြေစိုက်စခန်းတည်ရှိကြောင်း၊ ဩဂုတ် ၃၀ ရက်က လည်း ဟဲလ်မန့်ပြည်နယ်တွင်အလားတူဖြစ်ရပ် ပေါ်ပေါက်ခဲ့ရာ အရပ်သား ၁၂ ဦးသေဆုံးခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment