Sunday, September 1, 2013

လင်မယားချင်းစကားများစဉ် ဖျန်ဖြေသူ ဓားနှင့် အထိုးခံရ

တောင်ငူခရိုင် ထန်းတပင်မြို့နယ် မဲဖလံကျေးရွာအုပ်စု ရွာလေးကုန်းကျေးရွာတွင် ဩဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီက စကားများရန်ဖြစ်နေသည့် လင်မယားစုံတွဲအား ဝင်ရောက်ဖျန်ဖြေပေးသူ ဓားဖြင့် အထိုးခံခဲ့ ရကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရွာလေးကုန်းကျေးရွာနေ ဦးလှလွင် (၄၇)နှစ်(ဘ) ဦးသန်းအောင်သည် တစ်ရွာ တည်းနေသူများဖြစ်သော သန်းဇော်ဦး (ခ)ရွှေအေး (၄၀)နှစ်နှင့် မစန်းအေး (၃၉)နှစ်တို့ လင်မယား ချင်းစကားများ ရန်ဖြစ်နေသဖြင့် သွားရောက် ဖျန်ဖြေပေးခဲ့ရာ သန်းဇော်ဦးက ဦးလှလွင်အား ဓားနှင့်ထိုးခဲ့၍ ဝဲဘက်ရင်ညွန့်အောက် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး လှည်းလမ်းကူး တိုက်နယ်ဆေးရုံ၌ ကုသခဲ့ပြီး ဓားဖြင့်ထိုးသူ သန်းဇော်ဦးအား ဇရပ်ကြီးရဲစခန်းက (ပ) ၆၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ -၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment