ပင်လယ်ထဲသို့ နုန်းများစီးဝင်ရာ ဥတိုချောင်းကိုတွေ့ရစဉ်။ ဓာတ်ပုံ - စိုးမိုး
ချောင်း သာကမ်းခြေဒေသတွင် လက်ရှိ ဖြန့်ဝေသုံးစွဲလျက်ရှိ သော ဆည် များ၏ ရေဝေရေလဲကို သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီစေရန် အချိန်မီ ထိန်းသိမ်းစောင့်ရှောက် နိုင်ခြင်းမရှိပါက ဒေသတွင်းတစ် ခုလုံး နှစ်အနည်းငယ် အတွင်းရေ ချိုရှားပါးသည့် အခက်အခဲ ကြုံ တွေ့နိုင်မည်ဖြစ်ကြောင်း ဒေသခံ တို့၏ပြောပြချက်အရသိရှိရသည်။
ဒေသတွင်း အသုံးပြုဆည်များ၏ ရေဝေရေလဲကို ထိန်းညှိ ပေးသည့် သစ်တောများ ပျက်စီး ပြုန်းတီး မှုကြောင့် ဖြစ်ကာ ထွက် ရှိနေသော ရေချိုများပင်လျှင် ပျက် စီးနိုင်ပြီး ချောင်းသာအပန်းဖြေ ကမ်းခြေဆိုသည့်စကားစုကိုပင် ထိခိုက်နိုင်သည်ဟု ဒေသခံတို့က ဆိုသည်။ လွန်ခဲ့သော ၂၅ နှစ် ကျော်က ချောင်းသာကမ်းခြေ တွင် သဘာဝသဲ သောင်များဖြင့် ကမ်းခြေတစ်ခုလုံး၏ အလှကိုထိန်း သိမ်းနိုင်ခဲ့သော်လည်း ယခုအခါ ဥတိုချောင်းမှပို့ချသော အနည် များ စီးဝင်ပျံ့နှံ့မှုကြောင့် ကမ်းခြေ တွင် သဲနုန်းများပါ ပို့ချနေရာယူ လျက်ရှိသည်ဟု သိရသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းခြင်းဖြစ်ပေါ်လာ သည့် တောင်ကတုံးများက ရွာ သွန်းသည့်မိုးရေကြောင့် မြေကြီးများအရည်ပျော်ကျသည်ကို မ ဟန့်တားနိုင်ခြင်းများကြောင့် ဥတို ချောင်းမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်သည့် နုန်းများက ချောင်းသာ ကမ်းခြေတွင် စုပုံနေရာယူနေခြင်း ဖြစ်သည်ဟု ကမ်းခြေသားတို့က ဆိုသည်။ ချောင်းသာဒေသတွင် ရေ ချိုဖြန့်ဝေလျက်ရှိသည့် ဆည်နှစ် ခုရှိပြီး ဆည်အမှတ်(၁)မှာ ဒေသ ခံ ကျေးရွာသားများအသုံးပြု၍ ဆည်(၂)မှာ ဟိုတယ်ဇုန် အတွက် အသုံးပြုနေသည်ဟု သိရသည်။
''ဆည်တွေရဲ့ ရေဝေရေလဲ ဧရိယာမှာ သစ်ပင်ခုတ်တာ၊ အိမ် ဆောက်တာ၊ တောမီးရှို့တာတွေ ရှိနေတယ်။ ဒေသစည်ပင်ကလဲ တာဝန်မယူဘူး။ မြေစာရင်းကလဲ ဆည်ဧရိယာ မြေပုံမရှိဘူးလို့ သိ ရတယ်။ ဆည်နယ်နိမိတ်ကျောက် တိုင်ရှိခဲ့ရင် ကျူးကျော် တဲ့သူတွေ ကို ဥပဒေအရ ဆောင်ရွက်နိုင်မှာ ပါ။ ဒါပေမဲ့ ဆည်အမှတ်(၂)မှာ ဟိုတယ်တစ်ခုက သစ်ပင်တွေခုတ်၊ မီးတွေရှို့ပြီး ဆည်ပေါင်နားကပ် ပြီး ဟိုတယ်ဆောက်တာတောင် ဟန့်တားနိုင်ခြင်း မရှိပါဘူး''ဟု ချောင်းသာ ကျေးရွာ အုပ်စု အုပ် ချုပ်ရေးမှူးဦးတေဇာအောင်က ပြောသည်။ ''အဘတို့ ချောင်းသာမှာရှိ တဲ့ ရေတွင်းရေကန်တွေက မာလာ မုန်တိုင်းတိုက်ပြီးကတည်းက ရေ က ငန်သလိုလို ဖန်သလိုလိုဖြစ်နေ တယ်။ အခုကတည်းက သောက် လို့မရရင် နောင်နှစ် တွေဆို ပိုဆိုး လာတော့မယ်။ လောလောဆယ် ဆည်က လာတဲ့ရေကိုပဲ အားကိုး နေရတော့ ဧည့်သည်အများဆုံးရှိ တဲ့ နွေဘက်ဆို ရေပြဿနာ ဆိုး ဆိုးရွားရွားကြုံရတယ်''ဟု ချောင်း သာဒေသမှ ရပ်မိရပ်ဖတစ်ဦး ဖြစ် သူ ဦးသာချမ်းဖြူ က ပြောသည်။
ချောင်းသာဒေသ ရှိ ဆည် များကို ဆည်မြောင်းဦးစီးဌာနမှ တူးဖော်ခဲ့သည်ဟု သိရပြီး ၁၉၉ရ ခုနှစ်က ပုသိမ်ခရိုင် ခယကမှ လွှဲ ပြောင်းလက်ခံခဲ့သည်ဟု သိရသည်။ ရွှေသောင်ယံမြို့နယ်ခွဲ စည် ပင်တာဝန်ခံ ဦးနေမျိုးအောင်က ''ကျွန်တော်တို့ က ဆည်ကရေ ကို ဖြန့်ဝေရေးပဲ တာဝန်ယူထားတာ ပါ။ ထိန်းသိမ်းရေးကတော့ ဆည် မြောင်းရဲ့တာဝန်ပါ''ဟု ပြောသည်။ ''ဆည်တွေက တောင်ကုန်း တွေကြားမှာ တာပေါင်ပိတ်ဖို့ပြီး ဆောက်လုပ်ထားတာပါ။ တောင် ကုန်းရဲ့ တစ်ဖက်ခြမ်း ရေဝေရေ လဲလို့ ခေါ်နိုင်လောက်တဲ့နေရာ တွေနဲ့ ဆည်ထဲကို ရေစီးဝင်နိုင်တဲ့ နေရာတွေမှာ သစ်တောခုတ်ခြင်း နဲ့ လူနေအိမ်ဆောက်လုပ်ခြင်းတွေ ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအရ စီမံဆောင်ရွက်မှုတွေရှိ သင့်တယ်''ဟု ပုသိမ်မြို့ နယ် ဆည် မြောင်းဦးစီးဌာန တာဝန်ခံအရာ ရှိတစ်ဦးက သုံးသပ်သည်။ ချောင်းသာတွင်သောက်သုံး ရေအဟန့်အတားဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအားနည်းမှုများကို အချိန်မီ မပြုပြင်နိုင် ပါက ချောင်းသာကမ်း ခြေ ပျောက်ကွယ် နိုင်သည်ဟု ဒေသ ခံများက သုံးသပ်လျက်ရှိသည်။
စိုးမိုး(ပုသိမ်)
Yangon Media Group
0 comments:
Post a Comment