Sunday, September 1, 2013

ဆီးရီးယားတပ် sarin ဓာတ်ငွေ့ပါတဲ့ လက်နက်အသုံးပြုလို့ ကန်အစိုးရဆို

Syria UN inspectors_reuters_20130830

ဆီးရီးယားတပ်အနေနဲ့ ဓာတုလက်နက် အသုံးပြုမှု ရှိမရှိကို စစ်ဆေးနေတဲ့ ကုလသမဂ္ဂ အမှုထမ်းများ (Credit: Reuters) 

ဆီးရီးယားအစိုးရတပ်အနေနဲ့ ​sarin ​ဓာတ်ငွေ့ပါတဲ့ ​ဓာတုလက်နက်တွေကို ​အသုံးပြုခဲ့တယ်ဆိုတဲ့ ​သက်သေသာဓကတွေ ​ထပ်မံထွက်ပေါ်လာနေတယ်လို့ ​အမေရိကန်အစိုးရက ​ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျွန်ကယ်ရီရဲ့ ​အဆိုအရ ​ဓာတုလက်နက်နဲ့ ​တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ ​နေရာမှာရှိတဲ့ ​လူတွေရဲ့ ​ဆံပင်နဲ့ ​သွေးတွေကို ​စမ်းသပ်စစ်ဆေးတဲ့အခါ ​sarin ​ဓာတ်တွေ ​တွေ့ရှိခဲ့တဲ့အတွက် ​ဆီးရီးယားတပ်အနေနဲ့ ​ဓာတုလက်နက် ​အသုံးပြုတယ်ဆိုတဲ့ ​စွပ်စွဲချက်တွေ ​တဖြေးဖြေး ​ပိုမို ​ခိုင်မာလာနေတယ်လို့ ​ဆိုပါတယ်။

အမေရိကန် ​သမ္မတ ​ဘားရက် ​အိုဘားမားကတော့ ​ဆီးရီးယားနိုင်ငံအပေါ် ​စစ်ရေးအရ ​အရေးယူဖို့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန်နိုင်ငံ ​ကွန်ကရက်လွှတ်တော်ရဲ့ ​ဆုံးဖြတ်ချက်ကို ​ရယူသွားမယ်လို့ ​ကြေညာခဲ့ပါတယ်။ ​ကွန်ကရက်လွှတ်တော်အနေနဲ့ ​ဆီးရီးယားနိုင်ငံအပေါ် ​စစ်ရေးအရ ​အရေးယူဖို့ ​သဘောတူလိမ့်မယ်လို့ ​မျော်လင့်ကြောင်း ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျွန်ကယ်ရီက ​ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ​ဒုဝန်ကြီးချုပ်ကတော့ ​အမေရိကန်သမ္မတအနေနဲ့ ​ဆုံးဖြတ်ချက်မချနိုင်သလို ​ဇဝေဇဝါဖြစ်နေတဲ့ ​အခြေအနေ ​ရှိနေတယ်လို့ ​ဝေဖန်လိုက်ပါတယ်။

ဆီးရီးယားအတိုက်အခံဖက်ကတော့ ​အမေရိကန်အနေနဲ့ ​ဆီးရီးယားနိုင်ငံအပေါ် ​စစ်ရေးအရ ​အရေးယူဖို့ ​ဖိတ်ခေါ်နေပြီး ​ဆီးရီးယားသူပုန်တွေကိုလည်း ​လက်နက်တွေ ​ပိုမို ​ထောက်ပံ့ဖို့ ​တောင်းဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံအပေါ် ​စစ်ရေးအရ ​အရေးယူသင့် ​မယူသင့် ​အမေရိကန်နဲ့ ​ဗြိတိန်တို့ ​စဉ်းစားနေချိန်မှာပဲ ​ပြင်သစ်နိုင်ငံကတော့ ​အမေရိကန်နိုင်ငံရဲ့ ​ဆုံးဖြတ်ချက်အပေါ် ​မူတည်ပြီးမှ ​အရေးယူသင့်မယူသင့် ​ဆွေးနွေးမှု ​စတင်မယ်လို့ ​ပြင်သစ်နိုင်ငံ ​အစိုးရက ​ပြောလိုက်ပါတယ်။ ​အီရန်နိုင်ငံနဲ့ ​လက်ဘနွန် ​အစိုးရကတော့ ​ဆီးရီးယားနိုင်ငံကို ​အမေရိကန် ​ဝင်ရောက်တိုက်ခိုက်ရင် ​ဒေသတွင်း ​မတည်ငြိမ်မှုတွေ ​ဖြစ်လာမယ့်အတွက် ​အီရန်နဲ့ ​လက်ဘနွန် ​နိုင်ငံကလည်း ​အမေရိကန်အပေါ် ​တုန့်ပြန်မှု ​လုပ်သွားမယ်လို့ ​ပြောဆိုနေပါတယ်။ 

ဆီးရီးယားသမ္မတကတော့ ​ဆီးရီးယားအနေနဲ့ ​ပြည်တွင်းက ​ရန်မူတိုက်ခံမှုတွေကို ​ခုခံကာကွယ်နိုင်သလို ​ပြည်ပက ​ရန်မူတိုက်ခိုက်မှုကိုလည်း ​ခုခံ ​ကာကွယ်နိုင်တဲ့ ​အနေအထားမှာ ​ရှိတယ်လို့ ​ပြောနေပါတယ်။

တဆက်တည်းမှာပဲ ​ဆီးရီးယားနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြည်တွင်းစစ်ကြောင့် ​လူပေါင်း ​တစ်သိန်းတစ်သောင်း ​သေဆုံးခဲ့ရပြီလို့ ​လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ​ပြောပါတယ်။

ဆီးရီးယားအရေး ​လှုပ်ရှားသူတွေ၊ ​စစ်အတွင်း ​အလုပ်လုပ်ကိုင်ကြတဲ့ ​ဆရာဝန်တွေ၊ ​ရှေ့နေတွေဆီက ​ရတဲ့ ​အချက်အလက်ပေါ်မှုတည်ပြီး ​ပြည်တွင်းစစ်ကြောင့် ​လူပေါင်း ​တစ်သိန်းတစ်သောင်းကျော်ပြီလို့ ​ခန့်မှန်းတာဖြစ်ကြောင်း ​ဗြိတိန်နိုင်ငံ ​အခြေစိုက် ​လူ့အခွင့်အရေးအဖွဲ့က ​ပြောပါတယ်။ ​သေဆုံးသူတွေထဲမှာ ​ကလေးငယ် ​အယောက်ပေါင်း ​၆၀၀၀ ​နီးပါးရှိပြီး ​လေးသောင်းကျော်ကတော့ ​အပြစ်မဲ့ ​ပြည်သူတွေဖြစ်တယ်လို့ ​ခန့်မှန်းနေပါတယ်။

ABC Radio Australia

0 comments:

Post a Comment