၂ဝ၁၃ ခုနှစ်ကား 
မကြာမီကုန်ဆုံးတော့မည်ဖြစ်သည်။ 
နှစ်တစ်နှစ်ကုန်ဆုံးခြင်းသည်သဘာဝ တရားဖြစ်သော်လည်း နှစ်တစ်နှစ်၏ ရက်ပေါင်း 
၃၆၅ ရက်ပေါ်တွင် ဖြစ် ပျက်ခဲ့သည်တို့ကတော့ သဘာဝအတိုင်းချည်းမဟုတ်။ 
လူတို့ဖန်တီးသော အကောင်းအဆိုးတို့လည်း ရှိနေမြဲဖြစ်သည်။ မြန်မာနိုင်ငံ၏ 
၂ဝ၁၃ အလွန်တွင် ဤနှစ်အတွင်း အဖြစ်အပျက်တစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ 
လုပ်ဆောင်မှု တစ်ခုခုသို့မဟုတ် အကောင်းအဆိုးအခြေအနေ တစ်ရပ်ရပ်ကြောင့်ဖြစ်စေ 
ပေါ်ပြူလာဟုခေသည့် 
လူသိများ ထင်ရှားခဲ့သူများကို ကျွန်တော်တို့အယ်ဒီတာအဖွဲ့၏
 သဘောထားဆန္ဒဖြင့် ရွေးချယ်ဖော်ပြခြင်းဖြစ်ပါသည်။ 
အခြားသောထင်ရှားပြီးသားပုဂ္ဂိုလ်များဖြစ်သည့် သီတဂူ ဆရာတော်၊ 
သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်နှင့် 
သူရဦးရွှေမန်းမှအစပြုပြီး အစိုးရ အဖွဲ့ဝန်ကြီးများ၊ ပရဟိတနယ်ပယ်မှ 
ဦးကျော်သူ အပါအဝင် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများလုပ် ကိုင်နေသော 
ပုဂ္ဂိုလ်အပေါင်းတို့၏ အကြောင်းများကမူ နေ့စဉ်နှင့်အမျှ 
သတင်းမီဒီယာအမျိုမျိုး တွင် မြင်တွေ့ရင်းနှီးနေကြ ဆဲဖြစ်ရာ 
ယခုရွေးချယ်ထားသည့်လူပုဂ္ဂိုလ်နှင့်အဖြစ်အပျက်များကတော့ ၂ဝ၁၃ ခုနှစ်အား 
တုန်ခါသက်ဝင်စေသော အကြောင်းခံများကြောင့်ရွေးချယ်ခြင်းဖြစ်ပါသည်။ 
ဤရွေးချယ်မှုအပေါ် အများပြည်သူတို့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ 
ထို့ပြင် ကာယကံရှင်များအနေဖြင့်လည်း ကျွန်တော်တို့၏ ရွေးချယ်မှုသည် 
ပုဂ္ဂိုလ်ရေး ပုတ် ခတ်စော်ကားခြင်းကို လုံးဝဦးတည်ခြင်းမဟုတ်ဘဲ ၂ဝ၁၃၏ 
အဆုံးတွင် ပဲ့တင်ကျန်ခဲ့သော ဖြစ်ရပ်များနှင့်သာ 
ချိန်ထိုးဆုံးဖြတ်ခြင်းဖြစ်ရာ ချစ်ခြင်းမျက် စိဖြင့်ကြည့်ခြင်း မဟုတ်စေကာမူ
 မုန်းတီးခြင်းအကြည့်ဖြင့် ဖွင့်သောမျက်စိများ မရှိဟူ၍သာ ကျွန်တော်တို့ 
ယုံကြည်ပါသည်။ သတင်းဟူသည် သမိုင်းပင်မဟုတ်ပါလော။
ဦးဝီရသူ
မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော် 
ဦးဝီရသူသည် မြန်မာနိုင်ငံတွင် မူလကပင် အမျိုးဘာသာနှင့်ပတ်သက်သည့် 
တရားတော်များကြောင့် နာမည်ကျော် လူသိများခဲ့ သည့်ပုဂ္ဂိုလ်ဖြစ်သော်လည်း  
၂ဝ၁၃ ခုနှစ်တွင်မူ ကမ္ဘာသို့တိုင် နာမည်ကျော် ကြားခဲ့ပြီး Time 
မဂ္ဂဇင်းအဖုံးတွင် သမိုင်းတစ်လျှောက် ပထမဦးဆုံး အဖြစ်ဖော်ပြခံခဲ့ရသည့် 
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ဖြစ် လာခဲ့သည်။
သို့သော်ဖော်ပြခံခဲ့ရပုံက  The Face Of 
Buddhist  Terror ( အကြမ်းဖက်သမားဗုဒ္ဓဝါဒီ  )ဟူ၍ ဖြစ်ရာ ဗုဒ္ဓဘာသာ 
အသိုင်းအဝိုင်းတစ်ခုလုံးနှင့်  မြန်မာအစိုးရမှ တရားဝင် ကန့်ကွက်သည်အထိ 
ဖြစ်ခဲ့ရသည်။  တိုင်းမ်မဂ္ဂဇင်းတွင်ယင်းကဲ့သို့ ဖော်ပြခံခဲ့ရမှုမှာ 
အဓိကအားဖြင့် ဆရာတော်အနေနှင့် ၉၆၉ ဟောပြောမှုများအပြင် လူ မျိုးခြားနှင့် 
ဗမာအမျိုးသမီးများထိမ်းမြားခြင်းအတွက် မျိုးစောင့်ဥပဒေပေါ်ထွန်း လာရေး 
ဟောပြောထောက်ခံဆောင်ရွက်မှုများ ကြောင့် လူမျိုးရေးပဋိပက္ခဖြစ်ပွားရန် 
လှုံ့ဆော်သူအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လတ်တလောအရမူ ၂ဝ၁၅ ၌ 
ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်သင့်ကြောင်း ဟောပြောနေမှု သတင်းများထွက်ပေါ်ခဲ့ရာ 
ဧရာဝတီမှ မေးမြန်းခဲ့ပြီး ဆရာတော်က ”သုံးယောက်စလုံးအရွေးခံမယ် ဆိုရင်တော့ 
ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက 
အရွေးမခံတော့ ဘူးဆိုရင်တော့ ဦးရွှေမန်း ကို ရွေး ချယ်မှာပဲ။ ဒေါ်အောင်ဆန်း 
စုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စုမှာက အားသာချက်လည်းရှိသလို 
အားနည်းချက်လည်းရှိတယ်။ အားသာချက် ကတော့ ဘဝ တစ်ခုလုံးကို လူထုအတွက်စွန့် 
လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်း တို့ပါ 
သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲ ခဲ့တယ်၊ တော်လှန်ရေးစိတ်ဓာတ် 
အပြည့်အဝရှိတယ်။ တော်လှန်ရေးသမားကောင်း တစ်ယောက်ဖြစ်တယ်။ အဲဒီအတွက် 
ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှမတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။
ဒါပေမယ့် ဒေါ်စုမှာက 
အုပ်ချုပ်ရေးအားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ 
မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော် လှန်ရေး 
လုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲသိတာလေ။ အဲဒါကြောင့် 
ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိရင် တိုင်းပြည်အုပ်ချုပ်ရေးက 
ဒီထက်ပိုပြီး ဖရိုဖရဲ ဖြစ် သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာ 
ရေးအဓိကရုဏ်းတွေ ဒီထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် 
မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွ ဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ 
ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာသိတယ်၊ မြန်မာပြည်အကြောင်းကို 
သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက်ထဲ မှာ ဒေါ်စု ကိုပဲ ရွေးချယ် မှာပေါ့”ဟု 
ပြန်လည်ဖြေဆိုတော်မူခဲ့သည်။
”ဆရာတော်သည် ၁၉၈၈ ခုနှစ် 
အရေးအခင်းပြီးနောက် ကျောက်ဆည်မြို့ကံဦးရပ်ရှိ မင်းကွန်းမဟာ စာသင်တိုက်တွင် 
စတင်သာသနာ့ဘောင်ဝင်ခဲ့ပြီး မန္တလေး မစိုးရိမ်ေ 
ကျာင်းသို့ပြောင်းခဲ့ခြင်းဖြစ်သည်။ ဆရာတော်သည် အမျိုးဘာသာသာသနာ 
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ပြတ်ပြတ် သားသားေ ဟာကြား 
ခဲ့သည့်သံဃာတော်တစ်ပါးဖြစ်ပြီး ၂ဝဝ၃ ခုနှစ် အောက်တိုဘာ 
ကျောက်ဆည်အရေးအခင်းပြီး ၇ ရက်မြောက်နေ့တွင် အထိန်းသိမ်းခံခဲ့ရကာ ၂ဝ၁၁ 
ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
လက်ပံတောင်းအရေးအခင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ 
ဆားလင်းကြီးမြို့နယ်မှ ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ 
ပူးပေါင်းလုပ် ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအရေးသည် 
မြစ်ဆုံစီမံကိန်းပြီးနောက် ပြည်တွင်း၌ ဒုတိယအကြီးမားဆုံး ပြည်သူ့ဆန္ဒနှင့် 
ထိပ်တိုက်တွေ့ဆုံမှုပင်ဖြစ်သည်။ အဆိုပါ စီမံကိန်းရပ်ဆိုင်းရန်နှင့် 
သိမ်းဆည်းခံတောင်သူများ၏ ဆန္ဒမှာ ယခုအချိန်ထိပြင်းထန်ဆဲဖြစ်သလို ၂ဝ၁၂ခုနှစ် 
နိုဝင်ဘာ၂၉ ရက် ည၂ နာရီခန့်အချိန် ရဟန်းသံဃာတော်များပါ ဝင်သ ည့်တော င် 
ခြေသပိတ်စခန်းကို မီးလောင်ဗုံးသုံးကာ 
အကြမ်းဖက်ဝင်ရောက်နှိမ်နင်းခဲ့ခြင်းကတော့ ယနေ့တိုင် လက်သည်တရားခံမပေါ်သေး 
သည့် ပုစ္ဆာအဖြစ် ရှိနေဆဲ။
ထိုလက်ပံတောင်းတောင်အရေးအတွက် 
ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့အကြား အကြိမ်ကြိမ် 
ပဋိပက္ခဖြစ်ခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံရသူတို့လည်း အများအပြား ရှိခဲ့သည်။ 
နိုဝင်ဘာ၁၃ ရက်နံနက်တွင် စီမံကိန်းအနီးမိုးကြိုးပြင်အလယ်ရွာမှ 
ဒေသခံများနှင့် တပ်စွဲထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ခဲ့ပြီး
 ရာဘာကျည် ဆန်အသုံးပြု၍ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ပစ်ခတ်ခဲ့ရသည်သာမက
 ဒေသခံများ၏ တုံ့ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ပြင် လက်ပံတောင်းတောင်အရေးအတွက် 
ရန်ကုန်မြို့တရုတ်သံရုံးရှေ့တွင် တရုတ်ပြည်သူ့ သမ္မတ အလံကိုမီးရှို့ 
ဆန္ဒထုတ်ဖော်မှုပြု လုပ်ခဲ့ရာ မြန်မာပြည် သူတို့နှင့် 
တရုတ်ဆက်ဆံရေး ပိုမိုတင်းမာစေခဲ့သည့်အကြောင်းရင်းဖြစ်ခဲ့သည်။ 
ထိုလက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည် ပါဝင်သော လက်ပံေ 
တာင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင်အနေနှင့်လည်း 
တိကျပြတ်သားစွာ အဖြေမထုတ်နိုင်သေးဘဲ မြစ်ဆုံစီမံကိန်းပြီးနောက် ဒုတိယအကြီး 
ဆုံး ပြည် တွင်းပြဿနာတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
OIC (အစ္စလာမ်နိုင်ငံများပူပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်)
ရခိုင်ပဋိပက္ခများနောက်ပိုင်း 
ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာသည့် အိုအိုင်စီ၏ အခန်းကဏ္ဍကလည်း ၂ဝ၁၃တွင် 
နောက်ဆက်တွဲဂယက်များထခဲ့သည်။  နိုဝင်ဘာ ၁၃ ရက်နေ့က 
ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် အိုအိုင်စီအဖွဲ့အား လေဆိပ်ရှေ့တွင် 
သံဃာတော်နှင့် ပြည်သူအချို့က စတင်ဆန္ဒပြခဲ့ပြီးနောက် 
ရန်ကုန်မြို့တွင်နိုဝင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းက အစိုးရ သစ်လက်ထက် အင်အား 
ကြီးမားသော ဆန္ဒပြပွဲအဖြစ်အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး 
အဖွဲ့မြန်မာနိုင်ငံသို့လာရောက်မှုကို လက် မခံကြောင်း သံဃာ တော်များအပါအဝင် 
လူဦးရေ ၁ဝဝဝ ကျော်တို့စီတန်းလှည့်လည်သဘောထားဖော်ထုတ်ခဲ့ကြခြင်းသည်ပင် 
အိုအိုင်စီနှင့် မြန်မာနိုင်ငံတို့၏ပဋိပက္ခ ခရီးကြမ်းပင်ဖြစ်သည်။ ထို့နောက် 
မန္တလေး၊ စစ်တွေ၊ ပုသိမ်၊ ပဲခူး၊ ပခုက္ကူနှင့်ကလေးမြို့များ၌ပါ 
အိုအိုင်စီအလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် 
အိုအိုင်စီအနေဖြင့်မြန်မာနိုင်ငံ တွင်ရုံးခွဲဖွင့်လှစ်မည်ဆိုသော သတင်းအတွက် 
ပိုမိုကန့်ကွက်လာခဲ့ကြရာ အစိုးရက 
ရုံးခန်းဖွင့် လှစ်ခြင်းခွင့်ပြုမည် မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ပေးခဲ့သည်။
 မည်သို့ပင်ဆိုစေ ပြည်တွင်း၌ လူမျိုးရေးအသွင်ဆောင်သည့်ပဋိပက္ခများမှာ ၂ဝ၁၃ 
အတွင်းပိုမိုဖြစ်ပွားလာသည့်နည်းတူ အဆိုပါ အခြေအနေနှင့် ထပ်တူ 
အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်ကဲ့သို့အဖွဲ့အစည်းမျိုးက
 ယင်းပဋိပက္ခကြား ဝင်လာခြင်းသည် အထိမခံနိုင်သော လူမျိုးရေး ပဋိပက္ခများ အတွက်
 စိန်ခေါ်မှုတစ်ခုဖြစ်လာသည်ကတော့ အမှန်ပင်ဖြစ်သည်။
ဖိုးလပြည့် (ခ) နေရွှေသွေးအောင်
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ 
မြေးဖြစ်သူ ဖိုးလပြည့်သည် အဘိုးဖြစ်သူ၏ အရှိန်အဝါကြောင့်သာမဟုတ်ဘဲ 
၎င်းကိုယ်တိုင်၏ အပြုအမူနှင့် လုပ်ဆောင်မှုများကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း 
ပြန်လည်အာရုံစိုက်စရာလူတစ်ယောက်ဖြစ်လာခဲ့သည်။  လတ်တလောအနေဖြင့် 
ဆီးဂိမ်းတွင် မြန်မာအမျိုးသားဘောလုံး အသင်းအုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက်
 ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တာဝန်မှအနား 
ယူမည်ဟူသောသတင်းထွက်ပေါ်ခဲ့သည်။ ထို့ပြင် ယင်းမြန်မာနိုင်ငံဘောလုံး အဖွဲ့ 
ချုပ်ဥက္ကဋ္ဌနေ ရာအား လက်ရှိတက္ကသိုလ်များချန်ပီယံလိဂ်ဥက္ကဋ္ဌအဖြစ် 
ဆောင်ရွက်နေသည့် ဖိုးလပြည့်က တာဝန်ယူမည်ဟုလည်း
တဆက်တည်းသတင်းထွက်ပေါ်ခဲ့သော်လည်း 
Universities Champions League မှ ထိုသတင်း လုံးဝမဟုတ်မှန်ကြောင်း တရားဝင် 
ငြင်းဆိုခဲ့သည်။ ဖိုးလပြည့်နှင့် ပတ်သက်၍  ၂ဝ၁၃ခုနှစ် 
မတ်လအတွင်းကမာရွတ်မြို့နယ်၊ အင်းလျားလမ်းမီးပွိုင့်တွင် ၎င်း၏ ကားဖြတ် 
သန်းသွားစဉ် တာဝန်ကျယာဉ်ထိန်းရဲတပ်သားက မီးစိမ်းပေး ခဲ့သော်လည်း ကားဖြတ်စဉ်
 မီးဝါသွားခဲ့၍ ရဲတပ်သားအား လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ 
ထို့ပြင်အဆိုပါယာဉ်ထိန်းတပ်သားအား ထပ်မံခေါ်ခိုင်းကာ 
ပါးရိုက်ခြင်းနှင့်နှိပ် 
စက်ခြင်းအချို့ပြုလုပ်ခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်၍
 ကာယကံရှင်ယာဉ်ထိန်းတပ်သားက တစ်စုံတစ်ရာတိုင်ကြား ခဲ့ခြင်းမရှိသည့် အပြင် 
ပြုလုပ်ရန်လည်းမရဲခဲ့ဘဲ လျော်ကြေးပေးခဲ့သည်ဟုလည်း 
သတင်းများပျံ့နှံ့ခဲ့ရာမှစ၍ ဖိုးလပြည့်သည် ”ဥပဒေအထက်က လူလော”ဟုပင် 
အင်တာနက်စာမျက်နှာ များ၌ ပြန်လည်သက်ဝင်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။
ဖိုးလပြည့်နှင့်ပတ်သက်သည့် သတင်းများမှာ 
မျက်မြင်သက်သေပြောဆိုသူမရှိသလောက်ရှားသည့်အတွက် ခိုင်လုံစွာ 
အတည်မပြုနိုင်သော် လည်း ပြည်သူများကြား ခိုင်မာ 
စွာပျံ့နှံ့စိတ်ဝင်စားမှု အတိုင်းအတာကတော့မြင့်မားပါသည်။ ၎င်းအနေဖြင့် 
ယခင်အစိုးရလက်ထက်တွင် လူအများစုသိခဲ့ကြသည့် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဗိုလ် 
ချုပ်ကြီးတစ်ဦး၏ သား ပိုင်ကော်ဖီဆိုင် ဖျက်ဆီးခဲ့မှု၊ 
လက်ရှိနာမည်ကျော်သရုပ်ဆောင်တစ်ဦးအား သူ၏ချစ်သူနှင့် မပတ်သက်ရန် 
ခြိမ်းခြောက် မှုများအပါအဝင် အဆိုပါ သရုပ်ဆောင်အမျိုးသမီးအတွက် 
တန်ဖိုးကြီးလက်ဆောင်များပေးခဲ့မှုများနှင့် အခြားသော သတင်းစကားများစွာဖြင့် 
နာမည်ကျော်ခဲ့သူ ဖြစ်သည်။
၂ဝ၁၃ ခုနှစ်အတွင်းမူ အထက်ပါ 
ယာဉ်ထိန်းရဲအမှုနောက်ပိုင်း ၄င်းဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင် ရွက်ပေးနေသော 
တက္ကသိုလ်များ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မယ်စကြာဝဠာအဖြစ် 
ပထမဆုံးပြန်လည်ပြိုင်ပွဲဝင်မည့် မော်ဒယ် မိုးစက်ဝိုင်အား 
ဖွင့်ပွဲဖိတ်ကြားခဲ့ရာမှ လူမြင်ကွင်းသို့ပြန် လည်ရောက်ရှိ လာခြင်းဖြစ်ပြီး 
လတ်တလော အနေဖြင့်မူ ဆီးဂိမ်းအား ကစားပွဲတော် ဖွင့်ပွဲအခမ်းအနား၌ 
ဝင်ခွင့်လုံခြုံရေးကတ်ပြားမပါဘဲ အထူးဧည့်သည်ခုံ၌ရှိနေသည်ကို 
အမိအရမှတ်တမ်းတင်၍ အင်တာနက် တွင် ဖော်ပြခဲ့ကြသည်မှ 
ဖိုးလပြည့်တစ်ခေတ်ပြန်လည်ဆန်းသစ်လာပြီလားဆိုသည့် ပြည့်သူ့အမေးကလည်း 
တစ်ကျော့ပြန်လာခဲ့ပြီဖြစ်သည်။
ဦးခင်ညွန့်
ဝန်ကြီးချုပ်ဟောင်း၊ 
ဗိုလ်ချုပ်ကြီးဟောင်း၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း 
တပ်မတော်အစိုးရ လက်ထက်အတွင်း နေအိမ်အ ကျယ်ချုပ်ဖြင့်ထိန်း သိမ်းခံခဲ့ရာမှ 
ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် အမျိုးသားနိုင်ငံရေးသာ လုပ်တော့မည်ဟု 
တရားဝင်ထုတ်ဖော်ပြော ထားသည့် ဦးခင်ညွန့်သည် ၎င်း၏စကားအတိုင်း 
လက်ရှိနိုင်ငံရေးလှုပ်ရှားမှုများ အတွင်းဝင်ရောက် ကိုယ်ထင်မပြတော့သော်လည်း 
မကြာမီက ထုတ်ဝေခဲ့သော ဆရာဦးမြတ်ခိုင်၏ ဦးခင်ညွန့်နှင့် အင်တာဗျူးစာအုပ် 
မိတ် ဆက်ပွဲအခမ်းအနားမှစခဲ့သော စကားတစ်ခွန်းကြောင့် 
ဝေဖန်မှုများနှင့်ပြန် လည်အသက် ဝင်လာခဲ့သည်။ ထိုစကားမှာ NLD 
ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဟံသာဝတီ ဦးဝင်းတင်အား 
ဂါရဝပြုရင်းပြောခဲ့သည့် ”ဖြစ်ပြီးခဲ့သည်များကို ထားလိုက်ပါရန်” ဟူသောစကား 
ဖြစ်သည်။
ယင်းစကားနှင့်ပတ်သက်၍ 
နိုင်ငံရေးအကျဉ်းသားဟောင်း များစွာက ဝေဖန်ခဲ့သလို ဦးဝင်းတင်ကိုယ် 
တိုင်လည်း ထိုစကား၏ အတိမ်အနက်နှင့် ပြည်သူ တို့ခံစားခဲ့ ရသည့် 
ဒုက္ခများချိန်ထိုးကာ ပြန်လည်ဝေဖန်ခဲ့သည်ကို မီဒီယာများ၌ ဖော်ပြခဲ့သည်။ 
မည်သို့ပင်ဆိုစေ ဦးမြတ်ခိုင်၏ အင်တာဗျူးစာအုပ်တွင် ပါရှိခဲ့သည်များနှင့် ၎င်း
 ၏ ဖြေကြား ခဲ့မှုများအရ ဖြစ်ပျက် ခဲ့သောမြန်မာ့နိုင်ငံရေးသမိုင်းမှာ 
ဤအတိုင်းသာ စခန်းသိမ်းလမ်းစပျောက် သွားတော့မည်ဖြစ်သည်။ ကိုယ်တိုင်ဖြတ် 
သန်းလှုပ်ရှား ခဲ့သူ များက ထုတ်ဖော်ပြော ဆိုခြင်းမရှိသမျှ 
မြန်မာ့နိုင်ငံရေးသမိုင်းအမှန် ကို ပြည်သူတို့သိဖို့ရန် အလွန်ဝေးလှပါသည်။ 
ထိုစာအုပ် တွင် ဦးခင်ညွန့်ပြောခဲ့သည့် စကားတစ်ခွန်းပါ ပါသည်။ ထိုစကားမှာ 
”ကျွန်တော်က နိုင်ငံရေးကို ဆက်လုပ်မယ့်သူမဟုတ်တဲ့အတွက် ဒါတွေကို 
မဖော်ချင်တော့ပါဘူး။ ဆက်လုပ်မယ့်သူဆိုရင်တော့ ဘယ်သူတွေ လုပ်ခဲ့ တယ်ဆိုတာကို
 ထုတ်ဖော်ပြောမှာပေါ့”ဟု အနက်ရသောစကားဖြစ်သည်။
တစ်ခေတ်တစ်ခါက 
လက်တံရှည်ရှည်ဖြင့်မွှေနှောက်နိုင်ခဲ့သော ထောက်လှမ်းရေးကာလနှင့် 
စစ်အစိုးရ သက်တမ်းတစ်လျှောက် အများဆုံးတာဝန်ရှိခဲ့သည်ဟု သုံးသပ်ဝေ 
ဖန်မှုများစွာရှိခဲ့သော ဦးခင်ညွန့်ကတော့ လက်ရှိတွင် ကော်ဖီဆိုင်တစ်ဆိုင်၊ 
အနုပညာပန်းချီ ပြခန်းတစ်ခုနှင့် ထုတ်ဖော်ဝန်ခံမပြောဆိုသေးသော သမိုင်းအချက် 
အလက် များကိုပါ ၎င်း၏သစ်ခွခြံထဲတွင်မြှုပ်နှံ ထားဆဲဖြစ်သည်။
မိုးဟိန်း (သူရိယနေဝန်းဂျာနယ်အယ်ဒီတာချုပ်)
၂ဝ၁၃နှစ်အတွင်း မီဒီယာလောက၌ 
ထူးခြားမှုတစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိပွဲဆူနေဆဲဖြစ်သည့်အပြင် 
ကိုမိုးဟိန်းသည် လည်း ယင်းပွဲဆူမှုနှင့်အတူ နာမည်ကြီး တစ်ယော 
က်ဖြစ်လာခဲ့သည်။ ခရိုနီများကိုတိုက်ရန်ဟူသော 
ကြွေးကြော်မှုဖြင့်တာထွက်လာခဲ့သည့် သူရိယအလင်းဂျာနယ်မှာ အလုအယက်ဝယ်ယူရသည် 
အထိဖြစ် လာပြီး ခရိုနီ လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် 
ယခင်တပ်မတော်အစိုးရအပါအဝင် ဗိုလ်ချုပ်မှူးကြီးဟောင်း (ဦး)သန်းရွှေတို့အား 
ဝေဖန် တိုက်ခိုက်သည့်အရေးအသားနှင့် အတွင်းသတင်းများဖော်ပြမှုကြောင့် 
စာဖတ်ပရိသတ်အထူးစောင့် ကြည့်အားပေးခဲ့ကြသည်။ အထူးသဖြင့် ဂျာနယ်တွင် 
အပတ်စဉ်ပါရှိနေသည့် ထောင်သူရဲဘအုပ်နှင့် စစ်သူရဲဗလမင်းထင်တို့၏ 
ဆောင်းပါးများက အဓိက ပွဲဆူစေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခြေအနေတွင် မယ်စကြာဝဠာပြိုင်မည့် 
မိုးစက်ဝိုင်နှင့်ပတ်သက်၍ ရေးသားခဲ့မှုကြောင့် ဂျာနယ်တိုက်အား ညအချိန်တွင် 
လူတစ်စုဝင်ရောက်ကာ ကွန်ပျူတာ 
များနှင့်ဂျာနယ်များ သိမ်းယူခဲ့သည်အထိဖြစ်ခဲ့ပြီး ထုတ်ဝေသူက သူရိယအလင်း 
ဂျာနယ်အား ရပ်ဆိုင်းလိုက်သည်။ သို့သော်မကြာမီမှာပင် သူရိယနေဝန်း ဟူသော 
နာမည်ဖြင့် ထပ်မံထုတ်ဝေလာခဲ့သည်။
နောက်ဆက်တွဲအဖြစ် ဦးတေဇက 
ဂျာနယ်အရေးအသားများအရ ကျင့်ဝတ်မရှိသည့်အတွက် တရားစွဲဆိုသွားမည်ဟု 
တရားဝင်အသိပေးထားပြီး လက်ရှိအချိန် တွင် လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ 
ယင်းဂျာနယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ 
ကျင့်ဝတ်နှင့်ညီမညီ အကဲခတ်ဆောင် ရွက်ရန် ညွှန်ကြား ထား သည်။ 
သူရိယအလင်းနှင့်ပတ်သက်၍ အဓိက နာမည် ထွက်ခဲ့သူမှာ အယ်ဒီတာချုပ် 
မိုးဟိန်းဖြစ်ပြီး ¤င်းသည် ၈ လေးလုံးကာလ အတွင်း ဗကသမှ ပါဝင်ခဲ့ ဖူးသည်ဟု 
သိရပြီး ဗိုလ်သင်တန်းတက်ရောက်ခဲ့ဖူးသူလည်းဖြစ်ကြောင်း အင်တာနက်သတင်းများ အရ
 သိရသည်။ ထို့ပြင် နောက်ပိုင်းတွင် 
ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မိုးသီးဇွန်အမေရိကန်သို့ 
ရောက်ရှိစဉ် ¤င်းလည်း လိုက်ပါသွားခဲ့ပြီး 
နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေထိုင်ပြီးနောက် အမေရိကန်နိုင်ငံ သား အဖြစ်ပါ 
ခံယူထားသူဖြစ်သည်။
ပတ်ဆောင်ဟွာ (ကိုရီးယား) မြန်မာအမျိုးသားဘောလုံးအသင်းနည်းပြ
နှစ်ပေါင်း ၄၄နှစ် ကြာမြင့်ပြီးမှ 
မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ်ပြန်လည်ကျင်းပခွင့်ရသော ၂၇ကြိမ်မြောက် 
အရှေ့ တောင်အာရှအားကစားပွဲတော် ဆီးဂိမ်းတွင် မြန် မာပြည်သူအားလုံး 
အားကိုးတကြီးမျှော်လင့်ခဲ့သော မြန်မာအမျိုးသား ဘောလုံးအသင်း 
အုပ်စုအဆင့်မှပင်ထွက်ခဲ့ရသည်။  ထိုပွဲ၏ အရေးပါသော အဆုံးအဖြတ်ပွဲ စဉ်ဖြစ် 
သည့် မြန်မာနှင့် အင်ဒိုအသင်းတို့ပွဲတွင် အသင်းလူထုတ်ပုံမှားယွင်းခဲ့သည့် 
အပြင် အသင်းခေါင်းဆောင်ကျော်ကိုကိုမှာ ပွဲစကားခွင့်ရရန် 
နည်းပြပတ်ဆောင်ဟွာအား ရှိခိုးတောင်းပန်ခဲ့ရသည်အထိဖြစ်ခဲ့ ရခြင်းက 
အကျည်းတန်ခဲ့သည်။
ထို့ထက်ပို၍ ဆိုးရွားခဲ့သည့်အချက်မှာ 
ပွဲအပြီးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပတ်ဆောင်ဟွာက ပြိုင်ပွဲ၏ 
ထိပ်တိုက်တွေ့ဆုံမှုဖြင့် ဆုံးဖြတ်သည့်စည်းမျဉ်းကို လုံးဝ 
မသိခဲ့ကြောင်းနှင့် မြန်မာအသင်းပြိုင်ပွဲ မှထွက်ရသည့် အတွက် 
ဝမ်းနည်းနေကြရမှသာ သိခဲ့ကြောင်းပြောဆိုခဲ့ခြင်းက 
ပရော်ဖက်ရှင်နယ်နည်းပြ တစ်ဦးအတွက် တာဝန် မဲ့သောစကားတစ်ခု အနေနှင့်သာမက 
မြန်မာပြည်သူအားလုံးတို့၏ စိတ်နှလုံးကို ထိခိုက်ပေါက်ကွဲစေခဲ့သည်။
ထိုစကားနှင့်ပတ်သက်၍ 
ဘောလုံးအဖွဲ့ချုပ်မှလည်း စည်းမျဉ်းအား 
၎င်းနှင့်အကြိမ်ကြိမ်ဆွေးနွေးပြောပြ ခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပြီး 
အင်ဒိုအားရှုံးနိမ့်ပြီးနောက် ပတ်ဆောင်ဟွာအား ရာထူးမှ ထုတ်ပယ်ခဲ့သည်။  
မြန်မာ့လက်ရွေးစင်ဘောလုံးသမား များနှင့် အဆင်မပြေမှုများပြားသော အသက်၆ဝ 
အရွယ်ရှိ ကိုရီးယားနည်းပြပတ်ေ ဆာင်ဟွာအနေဖြင့် ၎င်းကိုင်တွယ်ခဲ့သည့် 
သက်တမ်းတစ်လျှောက် မြန်မာအသင်းရလဒ်များမကောင်းခဲ့သည့်အပြင် တာဝန်မဲ့စွာပြော
 ဆိုခဲ့သည့် စကားအတွက်မူ ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းက ပြန်အဖတ်ဆယ်၍ မရတော့ပါ။ 
 မြန်မာအသင်းအပေါ် ၎င်း၏ အပြုအမူ ၊ ကိုင်တွယ်ပုံနှင့် သုံးသပ်ချက်များ၊ 
အားထုတ်မှုများက မြန်မာအသင်းအတွက် အားသာချက်ဖြစ်မလာခဲ့သည့်အပြင် 
နောက်ဆုံးတွင် ကိုယ့်မြေကိုယ့်ရေ၌ အုပ်စုအဆင့် မှထွက်ခဲ့ရပြီး 
ပြည်သူများမျှော်လင့်အားထားသော အောင်ပွဲနှင့် အပြီးတိုင် လွဲခဲ့ခြင်းက ၂၇ 
ကြိမ်မြောက်ဆီးဂိမ်းနှင့်အတူ ပတ် ဆောင်ဟွာဆိုသော ကိုရီးယားလူမျိုးတစ်ယောက်က
 သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
ဗိုလ်ချုပ်ဂွမ်မော်
၁၇နှစ်ကြာအပစ်အခတ်ရပ်စဲရေး 
သဘောတူညီချက်ခိုင်မြဲခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ကြား 
တကျော့ ပြန်တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်မှာ ၂ နှစ်ကျော်ကာလသို့ 
ရောက်ရှိလာပြီ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် 
တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် အပစ်ရပ်သဘောတူညီချက် ရရှိခဲ့သော် 
လည်း မြန်မာပြည် မြောက်ပိုင်းတွင်မူ သေနတ်သံ မစဲနိုင်သေးသည်မှာ ယခုအထိပင်။
သေနတ်သံစဲရေးအတွက် 
အစိုးရနှင့်ကေအိုင်အိုတို့ကြား ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ 
အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဤတွင် အများက အာရုံစိုက် 
သတိပြုမိခဲ့ကြသည်က ဗိုလ်ချုပ်ဂွမ်မော် ဖြစ်သည်။ အရပ်ပုပြတ်ပြတ်နှင့် 
ထက်မြက်သော မျက်နှာဟန်ရှိသော ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်သည် 
အစိုးရနှင့်ဆွေးနွေး သည့်အခါတိုင်း ကေအိုင်အိုအဖွဲ့ကို ဦးဆောင်လာ 
သူဖြစ်ပြီး ယင်း၏ ရပ်တည်ချက် သဘောတရားကြောင့် ဝေဖန်ခံရသလို 
ထောက်ခံကြသူကလည်း မရှား။
အပစ်ရပ်ခြင်းသည် ငြိမ်းချမ်းရေးမဟုတ်၊ 
နိုင်ငံရေးအရ ဆွေးနွေးပြီး ခိုင်မာသည့် အာမခံချက် မရှိလျှင် 
အမှန်မငြိမ်းချမ်း နိုင်ဟူသောရပ်တည်ချက်ဖြင့် ကေအိုင်အိုအဖွဲ့သည် 
အစိုးရတပ်များနှင့် စစ်တိုက်လိုက်၊ ဆွေးနွေးလိုက်ဖြင့် မြန်မာ့သမိုင်းတွင် 
ပြောစမှတ်ပြုရမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို 
ယင်းတို့ဌာနချုပ်တည်ရှိရာ လိုင်ဇာနယ်စပ်မြို့တွင် စုစည်း 
ကျင်းပနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တရားဝင်မဟုတ်သော 
ဦးဆောင်သူ အခန်းကဏ္ဍကို ရယူနိုင်ခဲ့သည်။
ဗိုလ်ချုပ် ဂွမ်မော်၏ဦးဆောင်မှုဖြင့် 
ကေအိုင်အိုသည် အစိုးရနှင့် ငြိမ်းချမ်ေးရးဆွေးနွေးမှုကို တစ်ဆင့်ချင်း 
လုပ်ဆောင်နေ သည်က အထင်အရှား။ နှစ်ဖက်ယုံကြည် မှုကလည်း တစ်နေ့တခြား 
တိုးပွားလာနေသည်ဟု ယူဆရသည်။  မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ 
ဆက်လက်ဖြစ်ပွားနေပြီး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနေဆဲ အချိန် 
နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့သို့ လာရောက် ခဲ့သည့် ကချင်လွတ်မြောက်ရေး 
တပ်မတော် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်၏ လုပ်ရပ်
 သည် ကချင်တွေလည်း ငြိမ်းချမ်းရေးကိုလိုလားကြပြီး အစိုးရအပေါ်လည်း ယုံကြည်မှု
 အတိုင်းအတာတစ်ခုအထိ ရှိလာပြီကို သက်သေပြနေသလိုပင် ဖြစ်သည်။
 မိုးဇေညိမ်း
မိုးဇေညိမ်းဟူသော အမည်တစ်ခုအား 
မြန်မာပြည်သူအားလုံးမသိရှိနိုင်သော်လည်း လက်ရှိတွင် 
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိုအမည်သည် မည်သူမည်ဝါသို့မဟုတ် မည်သည့် 
အဖွဲ့အစည်းဆိုသည်ကို ဖော်ထုတ်သွားမည်ဟု တရားဝင်ထုတ်ပြန်ထားရာ 
လွှတ်တော်တွင်းသတင်းကြီးခဲ့သည့် အင်တာနက် အွန်လိုင်းမှ ပရော်ဖက်ဆာေ ဒါက်တာ 
ဆိတ်ဖွားကဲ့သို့ပင် ခြေရာလည်းပျောက်ရေ လည်းနောက်သွားဦး မည်လား 
စိတ်ဝင်စားစရာဖြစ်လာခဲ့သည်။ မိုးဇေညိမ်းသည် အင်တာနက်ဖေ့ဘွတ်ရှိနာမည်ကျော် 
အကောင့်တစ်ခုဖြစ်သော်လည်း ”မိုးဇေညိမ်းဆိုတာ လူတစ်ယောက်ပါပဲ။ 
ဒါပေမဲ့ဒီလိုကိစ္စတွေ၊ အတွင်းရေးတွေကို ဖော်ထုတ်တဲ့ နေရာမှာ 
လုပ်ကိုင်ဆောင်ရွက်နေတာဟာ ကျွန်တော်တစ်ယောက် တည်းတော့မဟုတ်ပါဘူး။ 
ကျွန်တော့်မှာအဖွဲ့ရှိပါတယ်။ မိုးဇေညိမ်းဟာအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အမည်နာမတစ်ခုလို့
 ပြောလို့ရနိုင်ပါတယ်” ဟု ဧရာဝတီ၏ အင်တာဗျူးတစ်ခုတွင် မိုးဇေညိမ်းက 
ဖြေဆိုထားခဲ့ဖူးသည်။  အမှန်တကယ်တော့ လွန်ခဲ့သော တစ်နှစ်ခန့်ကာလကပင် 
¤င်း၏ဖေ့ဘွတ် အကောင့်မှနေ၍ ”အများပြည်သူမသိရှိနိုင်သော စစ်အာဏာရှင်များ၏ 
အတွင်းရေးနှင့် ထိန်ချန်လျှို့ဝှက် ထားမှုများကို တင်ပြခဲ့ခြင်းဖြစ်သော်လည်း 
ဒီဇင်ဘာလအတွင်း ၂ဝဝ၈ ခုနှစ်က အစိုးရအဖွဲ့ဝင်လူကြီးများ၏ သားများအပါအဝင် 
အနုပညာရှင်များ၏ မူးယစ်ဆေးအမှုနှင့်ပတ် သက်၍ စစ်ဆေးချက်များကို 
ဖော်ထုတ်လိုက်သဖြင့် အကြီးအကျယ်ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ 
အမည်စာရင်းတွင်ပါရှိခဲ့သော နာမည်ကြီးအနုပညာရှင်များဘက်မှ 
ငြင်းဆိုတုံ့ပြန်မှုများရှိခဲ့သည့်နည်းတူ 
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလည်း တရားဝင်စာထုတ် ကန့်ကွက်ခဲ့သည်။ 
ထို့အတွက် မိုးဇေညိမ်းက ပတ်သက်ရာပတ်သက်ကြောင်းအဖွဲ့အစည်း များ၏ 
မေတ္တာရပ်ခံချက်များနှင့် ကာယကံရှင်များ ၏ မေတ္တာ ရပ်ခံမှုများကိုထောက်ထားပြီး
 ဆက်လက် မဖော်ပြတော့ရန်ဆုံးဖြတ် ကြောင်း ၎င်း၏ဖေ့ဘွတ်စာမျက်နှာထက်တွင် 
ရေးသားခဲ့သည်။ သို့သော် မြန်မာပြည်ကို မတရားအုပ် စိုးခဲ့တဲ့စစ်အာဏာရှင် 
တွေက သူတို့ရဲ့ဥပဒေမဲ့လုပ်ရပ်တွေကို အများပြည်သူတွေမသိအောင် 
ထိန်ချန်လျှို့ဝှက်ထားတဲ့ကိစ္စတွေကို ဦးစားပေးဖော် ထုတ်ပါ တယ်။ နောက်ြ ပီး 
ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယူဆရတဲ့အခြေအနေတွေကို 
အပြုသဘောနဲ့ဖော်ထုတ်တာလည်း ဖြစ်ပါတယ်။ ကျွန်တော်ရှေ့ဆက်ပြီး ဖွင့်ချဖို့ 
စဉ်းစားထား တာတွေရှိပါသေးတယ်” ဟု ဧရာဝတီနှင့် အင်တာဗျူးတွင် မိုးဇေညိမ်းက 
ပြောခဲ့သလို ရန်ကုန်အနောက်ပိုင်းခရိုင်မူးယစ်အထူးအဖွဲ့မှ 
ဒု-ရဲမှူးခင်မောင်သိန်း ကလည်း ”အခုလျှို့ဝှက်စစ်ချက်တွေကို 
ရေးလိုက်တဲ့အတွက် တကယ်ဆက်ဖော်ထုတ် ရမယ့်အမှုတွေဆို 
ဆက်ဖော်ထုတ်ဖို့ခက်သွားနိုင်တယ်။
(အကောင့်ပိုင်ရှင်ကို) အထက်က 
ညွှန်ကြားချက်နဲ့ စုံစမ်းနေတဲ့အဖွဲ့ရှိတယ်။ ရေးတဲ့သူကိုစုံစမ်းနေတယ်။ 
နိုင်ငံတော်လျှို့ဝှက်ချက်များဥပဒေအရ အရေးယူသွားမယ်” ဟု 
မဇ္ဈိမသတင်းဌာနမှမေးမြန်းဖော်ပြ ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် 
မိုးဇေညိမ်းဟူသော အင်တာနက်ဖေ့ဘွတ်မှနာမည်တစ်ခုအား ပြည်သူအားလုံးသိရှိချင်မှ
 သိရှိမည်ဖြစ်ေ သ်ာလည်း ၎င်း၏လုပ်ရပ်နှင့်ဖော်ထုတ်မှုများ၏ သက်ရောက်မှုအရမူ 
ဆက်လက်စောင့် ကြည့်ရန်နှင့် ထူးခြားလာဦးမည့် အခြေအနေတွင်ရှိနေဆဲဖြစ်သည်။
၂၇ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ တတိယဆုရ မြန်မာအမျိုးသမီးဘောလုံးအသင်း
မြန်မာ့မြေပေါ်မှ ဆီးဂိမ်း၏ 
အဓိကအားထားကြသော မြန်မာအမျိုးသားဘောလုံးအသင်းအုပ်စုအဆင့်မှ ဆိုးဝါးစွာ 
ထွက်ခွာခဲ့ရပြီးနောက် ပြည်သူများ၏ ချစ်ခြင်းမေတ္တာနှင့် 
အားပေးမှုကိုအပြည့်အဝရခဲ့သော အားကစားအသင်းဖြစ်သည်။ နိုင်ငံတော်သမ္မတကိုယ်တိုင်
 ပေးပို့သော သဝဏ်လွှာတွင် အမျိုးသမီးအသင်းသည် ပြည်သူပေးသော 
ပထမဆုအားရခဲ့ပြီဟု ပြောဆိုခဲ့သည်။
မြန်မာအမျိုးသမီးအသင်း၏ ရလဒ်က 
လွယ်ကူသည်တော့မဟုတ်။ ပြည်သူတို့အားပေးခြင်းသည် ခြေစွမ်းအရဆိုသည်ထက် 
အားကစားသမားများ၏ အနိုင်မခံ အရှုံး မပေးသော 
စိတ်ဓာတ်နှင့် ဇွဲတို့ကြောင့်ဖြစ်ပြီး အစွမ်းကုန်အားထည့် ကြိုးစားမှုတို့ကို 
အတိုင်းသား မြင်တွေ့ရခြင်းနှင့်အတူ တရားမျှတမှုမရှိဘဲ ပြိုင်ပွဲတွင်ဆက် 
ဆံခံခဲ့ ရခြင်း အတွက်လည်း ကရုဏာသက်အားပေးခဲ့ ကြခြင်းဖြစ်သည်။ 
ထို့ထက်ဆိုရပါမူ မြန်မာအမျိုးသားဘောလုံးအသင်း၏ ဆိုးဝါးသောအရှုံးအတွက် 
တစ်ခုတည်းသော အား ကိုး ရာ ကောက်ရိုးမျှင်အဖြစ် ပြည်သူအားလုံးက 
ပုံ၍ချစ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ချစ်ခဲ့သလိုလည်း အများမျှော်လင့်နေသော 
ရွှေဆုမရခဲ့ သည့်တိုင် ပြိုလဲမသွားဘဲ နောက် ဆုံးအခြေအနေအထိ 
ယှဉ်ပြိုင်ခဲ့သည့်စိတ်ဓာတ်နှင့်အားမာန်တို့က အားပေးရ ကျိုးနပ်ရုံမျှမက 
တတိယဆိုသော ကြေးတံဆိပ်သည်ပင်ပြည်သူတို့သောင်းသောင်းဖျဖျ 
ဝမ်းသာပျော်ရွှင်စရာဖြစ်ခဲ့သည်။ ရိုးသားစွာယှဉ်ပြိုင်ခဲ့မှု၊ 
စည်းလုံးညီညွတ်မှု၊ မိမိတို့စွမ်းနိုင်သမျှ အကောင်းဆုံးမခိုမကပ်ဘဲ 
အားထုတ်ခဲ့မှု များကြောင့် မြန်မာအမျိုး သမီးဘောလုံးအသင်း၏ ပုံရိပ်သည် ဤ ၂၇ 
ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော 
မြန်မာနိုင်ငံအတွက် လှပသော ဂုဏ်သိက္ခာတစ်ခုဖြစ်ခဲ့သည်ကတော့ 
သမိုင်းမှတ်တမ်းဖြစ်သွားခဲ့ပြီဖြစ်သည်။
ပေါ်ပြူလာနယူးစ်အဖွဲ့
 






 
 
 
 
 
0 comments:
Post a Comment