Thursday, December 5, 2013

ရှေ့ တန်း တိုက်စစ်မှုးတစ်ယောက်ဖြစ်ရေး မျှော်မှန်းမိခဲ့ဖူးတယ် (ဘရာဇီးနောက်ခံလူ သီအာဂို ဆေးဗား )

ကမ္ဘာ့အကောင်းဆုံး အလယ်ဗဟိုခံစစ်မှုး တစ်ဦးဖြစ်တဲ့ သီအာဂို ဆေးဗား ဟာပြီးခဲ့တဲ့ အောက်တိုဘာလမှာ ၂၀၁၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုအတွက် ဇကာတင် (၂၃) ဦးစာရင်းတွင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ယခုနှစ် ဇကာတင် စာရင်းမှာ နေမား နှင့်အတူ ဘရာဇီးသားနှစ်ယောက်ပါဝင်လာနိုင်ခဲ့ပြီး၊ နိုင်ငံအသင်း နှင့် ကလပ်အသင်း အတွက် အောင်မြင်မှုရရှိရေး အဓိက အခန်းကနေ ထူးခြားတဲ့ စွမ်းဆောင်ရည်များဖြင့် ပေးဆပ်နေတဲ့ သီအာဂို ဆေးဗားကို ကမ္ဘာ့ဘောလုံးလောကမှာ မသိသူ မရှိသလောက်ပါဘဲ။ အသက် (၂၉) နှစ်အရွှယ်ရှိပြီဖြစ်တဲ့ သီအာဂို ဆေးဗားဟာ နိုင်ငံအသင်းတွက်လည်း ၂၀၀၈ ကတည်းက ကစားပေးခဲ့ပြီး၊ ပွဲပေါင်း (၄၄) ပွဲကစားပေးထားသူ တစ်ဦးဖြစ်ပါတယ်။
ဆေးဗားအတွက် အကောင်းဆုံး ကာလကတော့ ရုရှားကလပ် ဒီနာမို မော်စကိုကနေ မိခင်ဘရာဇီး ကလပ်ကို ၂၀၀၆ ခုနှစ်က ပြန်လာတဲ့အချိန်လို့ ပြောရမှာဖြစ်ပြီး၊ သူပြန်လာပြီးနှစ်မှာ Fluminense ကလပ်အသင်းက ချန်ပီယံ ဆုကို ရရှိခဲ့သလို၊ ထို Fluminense ကလပ်အသင်းမှာ  ကစားနေတဲ့ ကာလအတွင်းမှာ "နောက်ခံ ဘီလူးကြီး" ဆိုပြီး တင်စားခေါ်ဝေါ်ခံရလောက်အောင် စွမ်းဆောင်မှုတွေ ကောင်းခဲ့ပါတယ်။ ထို့နောက်မှာတော့ အေစီမီလန်အသင်းကို (၂၀၀၉ - ၂၀၁၂) ခုနှစ်တွေမှာ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ ဇူလိုင်လ ၁၄ ရက်မှာ အေစီမီလန်အသင်းကနေ  လက်ရှိကစားနေတဲ့ ပြင်သစ်ကလပ် PSG အသင်းကို (၅) နှစ် စာချုပ်နဲ့အတူ ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းဖြင့် လာရောက်ပူးပေါင်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိ PSG အသင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ ပွဲပေါင်း (၃၂) ပွဲ ကစားပေးထားပြီး၊ သွင်းဂိုး (၁) ရယူထားနိုင်တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။  ဘရာဇီးအသင်းခေါင်းဆောင် သီအာဂို ဆေးဗား က နောက်နှစ် ၂၀၁၄ ကမ္ဘာ့ဖလားကို အမိမြေတွင် အောင်မြင်နိုင်ဖို့ မျှော်လင့်ချက်ထားကြောင်းကိုလည်း သိရှိရပါတယ်။ သူ့အား ဖီဖာမှ အင်တာဗျူးထားတဲ့ အထဲမှာ စိတ်ဝင်စားဖွယ် အချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 
မေး။  ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုအတွက် ဇကာတင် (၂၃) ဦးစာရင်းတွင်ပါဝင်ခဲ့တဲ့အပေါ်ကော ဘယ်လိုမျိုးခံစားရလဲ ?
ဖြေ။ ။ မိမိမပါခဲ့ရင်တောင်မှ အဆိုပါ စာရင်းပါဝင်သူအားလုံးအတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ ထို (၂၃) ယောက်လူစာရင်းထဲပါနိုင်တာလည်း ဆုတစ်ခုပါ။ သူတို့ဟာ ယခုနှစ်အတွက် အကောင်းဆုံးခြေစွမ်းပိုင်ရှင်တွေ ဖြစ်တာမို့ (၂၃) ဦးထဲပါဝင်လာနိုင်ကြသူတွေပါ။ ဒီနှစ်အကောင်းဆုံးဆု ရဖို့အတွက် ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးတာ မရှိဘူး (nothing is impossible) လေ ။ 
မေး။     ။ရှေ့ တန်းကစားသမားတွေက အမြဲတမ်း ရုန်းကန်ထိတွေ့ကစားရတယ် ပိုပြီးလည်း ထင်ပေါ်ကြတယ်။ တကယ်လို့ သင်ဟာ နောက်ဆုံးဇကာတင် (၃) ဦးစာရင်းထဲကို နောက်ခံ ကစားသမား တစ်ဦးအဖြစ် ပါဝင်လာနိုင်ရင် ယခုလိုဘဲ ပိုပြီး ၀မ်းသာမိမယ်လို့ထင်တယ်? 
ဖြေ။   ။ပိုပြီးတော့ပေါ့။ တကယ်လို့ သင့်အနေနဲ့ နောက်ဆုံး (၃) ယောက်စာရင်းမှာ နောက်ခံလူတစ်ဦးပါတာကို မြင်ရခဲ့မယ်ဆိုရင်၊ အဲ့ဒါက ကျွန်တော့်အတွက် ဂုဏ်ယူရသလို၊ စတားတစ်ယောက်အဖြစ် ကြားထဲမှာ ပါဝင်လာနိုင်ပြီပေါ့။ ဒါပေမဲ့လည်း ရှေ့ တန်းကစားသမားတွေနဲ့ ပြိုင်ရခြင်းက ခက်ခဲလွန်းလှပါတယ်။ လူတော်တော်များများက ရှေ့ တန်းတိုက်စစ်မှုးတွေ အပေါ်ကိုဘဲ ရလိုဟန်ရှိကြတယ်။ ပြီးတော့လည်း ရှေ့ တန်းကစားရတာက ပိုခက်ခဲတယ်ဆိုပြီးလည်း ပြောနေကြပါတယ်။ 
မေး။   ။ဒီလိုမျိုး ဖြစ်နေမှု အပေါ်ကော စိတ်ညိုငြင်တာမျိုးဖြစ်လား ?
ဖြေ။    ။လူမှန် နေရာမှန်ပါဘဲ။ ကျွန်တော်ငယ်စဉ် ဘောလုံးကစားလုပ်မယ်လို့ စိတ်ကူးတဲ့အချိန်က၊ ရှေ့ တန်း တိုက်စစ်မှုးအဖြစ် ကစားမယ်လို့ ရည်မှန်းချက်ထားဖူးတယ်။ ဒါပေမည့်လည်း တိုက်စစ်ပိုင်းမှာ မိမိက စွမ်းဆောင်ရည်တွေ မပြည့်မှီခဲ့ဘူးဖြစ်ခဲ့တယ်။ ကျွန်တော်အစတုန်းက တောင်ပံတိုက်စစ်မှုးနေရာမှာ ဆော့ခဲ့တယ်။ ဒါပေမည့် နည်းပြက ကျွန်တော့်ကို နောက်ဘက် နေရာမှာ ကစားဖို့ တွန်းအားပေးတယ်။ ဆော့ရဖန်များလာတော့ နောက်ခံကစားသမားအဖြစ်ပဲ အဆုံးသတ်ကစားရတော့တယ်။ နောက်ဆုံးတော့ အားသန်ရာ နေရာကို ရှာတွေ့ခဲ့တယ်ပေါ့။ 
မေး။     ။ ယခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး (၁၁) အသင်းစာရင်းထဲမှာ ဘယ်နေရာက ကစားသမားတွေက ရွေးရခက်နိုင်လဲ ? 
ဖြေ။      ။တိုက်စစ်ပိုင်းပေါ့ဗျာ။ အဲ့ဒီမှာ ထူးချွန်ပါရမီရှင်တွေ အများကြီးရှိတယ်။ ဆွာရဇ် (သို့မဟုတ်) ကာဗာနီမှာ တစ်ယောက်ယောက်တော့ ကံဆိုးမယ်ထင်တယ်။ နေမားကတော့ ယခုနှစ်မှာ အကောင်းဆုံး စွမ်းဆောင်မှုများနဲ့ အံ့ချီးဖွယ် ကစားသမားတစ်ယောက်ပါ။ ပြီးတော့ မက်ဆီ၊ စီရော်နယ်ဒို၊ နှင့် အီဗရာ ဟီဗိုဗစ်၊ ကဲ သင်ဆိုရင်ကော ဘယ်လိုရွေးမလဲ ? 
မေး။        ။နောက်ဆုံး ဗဟိုနောက်ခံလူကနေ Ballon d’Or ရခဲ့တဲ့ သအဖြစ်  အီတလီနောက်ခံလူ ကနာဗားရို့ က အီတလီအသင်းကို ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးမှုတွေကြောင့် ရခဲ့တယ်နော်၊ တကယ်လို့ ၂၀၁၄ မှာ ဘရာဇီးချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် သင်အနေနဲ့ သူ့လိုဘဲ ဖြစ်လာနိုင်မယ်လို့ ထင်လား ? 
ဖြေ။    ။တကယ်လို့ ကမ္ဘာ့ဖလားချန်ပီယံကို မိမိတို့အသင်းရခဲ့မယ်ဆိုရင်တော့ ဒီဆုကို လက်လှမ်းနိုင်ဖို့ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အသေချာရမယ်လို့ ပြောဖို့ခက်တယ်။ ဘာကြောင့်လဲဆိုတော့ (၁၀) နှစ်နေမှ (၁) ယောက်သာ နောက်ခံလူတစ်ဦးတလေ ဒီဆုကို ရနိုင်ကြတာလေ။ မိမိအသင်းကို အောင်မြင်ဖို့အတွက် အကောင်းဆုံး ပေးဆပ်နိုင်ရေး ၊ ကမ္ဘာ့ဖလားကို အနိုင်ရရှိရေးဘဲ လောလောဆယ် အတွေးထဲရှိပါတယ်။ တကယ်လို့ အကောင်းဆုံးထဲကို ထပ်မံ ထည့်သွင်းခံရရင်တော့။ ကျွန်တော် ပိုပြီး ၀မ်းသာမိမယ်ထင်တယ်။ 
သီအာဂို ဆေးဗား၏ ဆုရရှိမှု မှတ်တမ်းကတော့ ဖလူမီနီးစ် ( Fluminense) အသင်းနဲ့အတူ ကိုပါ ဘရာဇီးဖလား၊ အေစီမီလန် အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံ (၂၀၁၀-၂၀၁၁)၊ ကိုပါအီတာလီယာဖလား (၂၀၁၁) ခုနှစ် နှင့် နိုင်ငံပွဲ ဆုတံဆိပ်တွေကတော့ (၂၀၀၈) နှင့် (၂၀၁၂) အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ ငွေတံဆိပ် နှင့် ကြေးတံဆိပ် တစ်ခု၊ ပြီးခဲ့တဲ့ ဖီဖာ ကွန်ဖရက်ဒရေးရှင်းမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဆုတွေ ရရှိထားပါတယ်။ တစ်ဦးချင်း အောင်မြင်မှုအနေဖြင့် UEFA ၏ ၂၀၁၁/၂၀၁၂ အကောင်းဆုံးအသင်းတွင် ပါဝင်နိုင်ခဲ့ပါတယ်။ သီအာဂို ဆေးဗားအကြောင်းကို ဖီဖာအင်တာဗျူးတစ်ချို့ နှင့်အတူ ဗဟုသုတ အလို့ဌာ ဖော်ပြပေးလိုက်ပါတယ်။ 
(ပထမဦးဆုံး အင်တာဗျူးရေးပေးခြင်းပါ အမှားအယွင်းများရှိရင် အကြံပေးနိုင်ပါတယ်။ ကျေးဇူးတင်လျှက်) 
Written by မိုးတိမ် (တမာမြေ)
 
 

0 comments:

Post a Comment