Thursday, December 26, 2013

ဆောင်းချင်း အတူ ဘာလို့ ပူနေရပါသလဲ


နေ့ တာတိုသော ဆောင်းတွင်း၏  သဘာဝအတိုင်း ညနေပိုင်းနေ ဝင်ချိန်သည် ခပ်စောစောရောက် လို့လာသည်။ ရန်ကုန်မြို့၏ ညနေခင်းရုံး ဆင်းချိန် မြင်ကွင်းသည် အမြင်တစ်မျိုးဖြင့် ဆန်းကြယ်လို့နေသည်။ ယခင်နှစ်များက ဆောင်းမပီခဲ့သော ရန်ကုန်ခေတ္တဆောင်း ရာသီကြောင့် အားလုံးလိုလိုက အနွေး ထည်ကိုယ်စီနှင့်။

ယခုနှစ် ဒီဇင်ဘာ ဒုတိယပတ်ခန့်မှ စ၍ သိသိသာသာပြောင်းလဲလာသော အအေးဓာတ်ကြောင့် ယခုနှစ်ရန်ကုန်၏ ဆောင်းရာသီဖက်ရှင်ကို ပီပြင်နေစေသည်။ သာမန် အားဖြင့် ဆောင်းရာသီဆိုလျှင် အနွေးထည်ဝတ်စရာမလိုသော ရန်ကုန် ဆောင်းသည် ယခုနှစ်တွင် မြောက်ပြန် လေအေးများကြောင့် အလုပ်သွားအလုပ် ပြန်၊ ရုံးတက်ရုံး ဆင်း၊ ကျား၊ မ မရွေး အနွေးထည်ကိုယ်စီဝတ်ဆင် သွားလာနေ ကြသည်။
ဆောင်း၏သဘာဝအတိုင်း ညနေ ခင်းနေဝင်ချိန်သည် စောစီးစွာရောက် လာ၍ ရန်ကုန်မြို့၏နေရာအနှံ့က ရုံး ဆင်း၊ ကျောင်းဆင်းအားလုံး အေး စက် သော မြောက်ပြ န်လေကြောင့် အနွေး ထည်လေးကိုယ်စီဝတ်ပြီး အိမ်ပြန်ကြ သည်။
 အိမ်ပြန်ရောက်လျှင် ရေချိုးဖို့ အ တော်စဉ်းစားယူကြရသည်။ ဆောင်းပီ သော ဆောင်းအအေးဒဏ် မခံခဲ့ရသည် မှာ ကြာပြီဖြစ်၍ ဆောင်းအငွေ့အသက် ကိုပင် မေ့ ချင်ယောင်ယောင်စိတ်တို့က ပြန်လည်နိုးကြားလာကြသည်။
ကာလရှည်ကြာ ချောင်ထိုးသိမ်းထား ရသော အနွေးထည်၊ စောင် ထုတ်သူက ထုတ်သည်။ မရှိသူကဝယ်ရသည်။ ဆောင်း ပီသခဲ့သော ရန်ကုန်ဆောင်းတွင် အခြေခံ   ဆောင်းတွင်းဖက်ရှင်ဖြစ်သော အနွေး ထည်သည် ယခုအချိန်တွင် လူအားလုံးလို လိုကို ဖမ်းစားထားပါသည်။
ထို့ပြင်တဝ ယခုအချိန်သည် ဘုရား ဖူးရာသီ၊ ချမ်းအေးသောဆောင်း အရသာ နှင့်အတူ မိသားစုအလိုက် အပန်းဖြေခရီး၊ ဘုရားဖူးခရီးထွက်သူကလည်း မရှား။ အချို့ ကကမ်းခြေ၊ အချို့က တောင်ပေါ် ဒေသ၊ အချို့က ပုဂံကဲ့သို့သောနေရာများ သို့။

ထို့ကြောင့်ပင် ခါတော်မီဆောင်း ရာသီဖက်ရှင် ဘေထုပ်အနွေးထည်များ ရောင်းအားတက်လာခဲ့သည်။ တစ်ထည် ၂ဝဝဝ ဟူသော လူတိုင်းလက်လှမ်း မီနိုင် သောဈေးနှု န်းကြောင့်လည်း အားလုံးလိုလို ဆောင်းဖက်ရှင်ပီပြင်ခွင့်ရနေကြသည်။
”မနှစ်က မအေးတော့ မရောင်းရ ဘူး။ ဒီနှစ်ကတော့ တော်တော်လေးအေး တော့ တော်တော်လေးကို ရောင်းရတယ်။ တစ်ရက်ကို ၆ သောင်းဖိုးလောက်ရောင်း ရ တယ်”ဟု အနော်ရထာလမ်းပေါ်မှလမ်း ဘေးဘေထုပ်ထည်ရောင်းချနေသူ ကိုမြင့် အောင်(၃၈ နှစ်)က ပြောသည်။
ရန်ကုန်မြို့၏ မြို့လယ်ဟုဆိုရမည် ဖြစ်သောဆူးလေအနီးတစ်ဝိုက်တွင် လမ်း ဘေးအနွေးထည်ရောင်းဆိုင်များ လမ်း တစ်လျှောက် အစီအရီရှိနေပြီး အဓိက ဝယ်ယူသူ များမှာ သာမန်လူတန်းစားများ သာ ဖြစ်သည်။
”ရန်ကုန်မြို့ထဲမှာသာ သိပ်မအေး တာလေ။သာကေတလို၊ လှိုင်သာယာလို နေရာတွေက အရမ်းအေးတော့ သူတို့ အတွက် အနွေးထည်တကယ်လိုတာ။ ဒါကြောင့် သူတို့ပဲ ဝယ်ကြတာများတယ်” ဟု ကိုမြင့်အောင်က ပြောသည်။
အအေးပိုသည့်ဆောင်းဖြစ်ပြီး ဘုရား ဖူးရာသီလည်းဖြစ်နေ၍ အနွေးထည် အပြင် ခြေအိတ်၊ လက်အိတ်၊ ခေါင်းစွပ် များပါ ရောင်းကောင်းနေသည်ဟုလည်း သိရသည်။
   နှစ်ကာလအတန်ကြာ ဝေးနေခဲ့ရ သောဆောင်းတွင်းခံစားမှုကို ယခုနှစ်တွင် ရန်ကုန်၌ ပြန်ခံစားနေရသည်။ လူငယ် များက ခါတော်မီ ဆောင်းရာသီဖက်ရှင် ခေါင်းစွပ်၊ အနွေးထည်၊ ရှူးဖိနပ်တို့နှင့် လန်းဆန်းနေကြသလို နိစ္စဓူဝ အလုပ်သွား အလုပ်ပြန် မြင်ကွင်းတို့ကလည်း တစ်မျိုး ဆန်းသစ်နေကြသည်။
ဆိုရလျှင် ရန်ကုန်သည် ဆောင်း ရာသီကို လှပလန်းဆန်းစွာ၊ တက်ကြွစွာ ဖြတ်သန်းရသည်။ အမှန်လည်း ရန်ကုန် ၏ယခုနှစ်ဆောင်းသည် ဆောင်းပီသ စွာ အေး စက်နေပါသည်။ ရန်ကုန်ဆောင်း ပင်လျှင် ဤမျှပီပြင်နေလျှင် ကျန်အခြား နေရာများတွင် မည်သို့ရှိမည်နည်း။ အမိုး အကာအောက်မှနေ၍ ဆောင်းဒဏ် အန်တုရလျှင် ခံသာသေးသည်။ ထိုသို့ မဟုတ်လျှင် ….
”ရန်ကုန်မှာတောင် ဒီလောက်အေး တာ သူတို့တွေဆီမှာဆို ဘယ်လောက် အေးနေမလဲ။ ဘယ်လို အင်အားမျိုးနဲ့ ဒီအအေးဒဏ်ကို ရင်ဆိုင်နေကြရလဲ။ မတွေးဝံ့စရာပဲ”ဟု ကချင်ပြည်နယ် မန်စီ ဒေသမှ လတ်တလောတိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေရသော ဒုက္ခ သည်များ၏ အခြေအနေကို ဒေါ်ခွန်ဂျာ က စိုးရိမ်စကားဆိုသည်။ ကချင်ဒုက္ခသည် များအရေးကို အစဉ်တစိုက် လုပ်ဆောင် လာသော ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက မန်စီတိုက်ပွဲများကြောင့် ရွာသား ၁၃ဝဝဝ ထက်မနည်း   နေအိမ်စွန့် ခွာထွက်ပြေးနေရပြီး ၄ဝဝဝ ခန့်မှာ အမိုး အကာမဲ့အောက်ရောက်နေသည်ဟု ဆို သည်။
”တချို့ဆို သစ်တော၊ သစ်ပင်တွေ အောက်မှာ အမိုးအကာအရံမရှိနဲ့ ဘယ် လောက်အေးနေကြမလဲ။ ခရစ္စမတ်ကာ လမှာ သူတို့ဘဝတွေ အေးအေးချမ်းချမ်း သာသာ ယာယာနဲ့ မိသားစုအပေါင်း အဖော်တွေနဲ့ ရှိနေရမှာ။ အခုတော့”ဟု ဒေါ်ခွန်ဂျာက မချိတင်ကဲ ဆိုသည်။
နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ် သော တစ်ကျော့ပြန် ကချင်စစ်ပွဲများ ကြောင့် ရွှေ့ပြောင်းရသူ များစွာရှိသော် လည်း ယခင်ကတည်းက ရွှေ့ပြောင်းနေ ခဲ့ရသော ဒုက္ခ သည်စခန်းအများစုမှာ အမိုးအကာအောက်ရောက်နေပြီဖြစ် သည်။ သို့ရာတွင် ယခုလတ်တလောတိုက် ပွဲကြောင့် နေရပ်စွန့်ခွာရသူများအတွက် မူကား နားခိုစရာနေရာ မရှိသေးပါ။
အောက်တိုဘာ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အစိုးရတပ်များနှင့် ကေအိုင်အေတို့၏ စစ်ပွဲများကြောင့် ဗန်း မော်ခရိုင်အတွင်း ဒုက္ခသည် ၅ဝဝဝ နီးပါးခန့် တိုးပွား လာနေကြောင်း ကချင် အရေးလှုပ်ရှားသူ ဗန်းမော်မြို့ခံ ကိုနော် ဒင်းက ပြောသည်။
   ”မြို့ပေါ်ကိုရောက်လာတဲ့သူလည်း ရှိတယ်။ တချို့လည်း အမျိုးအဆွေတွေ ရှိတဲ့နေရာကို ရွှေ့သွားရတဲ့သူရှိတယ်။  တချို့ကတော့ အခုအချိန်အထိ တောထဲ သစ်ပင်ေ အာက်ဝါးပင်အောက်မှာပဲ ရှိနေ ကြတုန်းပဲ”ဟု ကိုနော်ဒင်းက ဒုက္ခသည် များ၏အခြေအနေကို အကြမ်းဖျင်းပြော ပြသည်။
ဆောင်းရာသီပီသသော ကချင် ဆောင်းသည် ယခုနှစ်ပို၍အေးနေပြီး ယင်းက အကာအရံမဲ့ ဒုက္ခသည်များ၏ အခြေအနေအတွက် စိုးရိမ်စရာဖြစ်နေ သည်။ ခိုကိုးရာမဲ့ ဘဝများ၏ ရပ်တည်မှု များကို ဆောင်းက ပိုမိုခက်ခဲနေစေသည်။
” NGO လောကစကားအရဆို အခုက နှစ်ကုန်ပြီဆိုတော့ ဘတ်ဂျက် လည်းကုန်ပြီ။ ဇန်နဝါရီလကျမှသူတို့ကို စကူလို့ရမှာ။ အခုဒီနှစ်က အအေးလည်း ပိုတော့ စိတ်ပူ စရာတွေချည်းပါပဲ”ဟု ကိုနော်ဒင်းက ဆိုသည်။
မန်စီနှင့် ဗန်းမော်ဒုက္ခသည်များ အရေးသည် ကချင်အရေးလှုပ်ရှားသူ များအဖို့ ဘူးလေးရာဖရုံဆင့်သဖွယ် ဖြစ် စေသည်။ လိုအပ်ချက်နှင့်မ မျှသေးသော ထောက်ပံ့မှု အခြေအနေကို ထပ်မံချည့်နဲ့ စေသည်။
”ကျွန်တော်တို့ တိုက်ပွဲမဖြစ်စေချင် ဘူး။ သူတို့က လမ်းရှင်းပေးဆိုလို့ ရှင်းပေး တယ်။ အဲဒါကို ဝင်တိုက်တော့ ကျွန်တော် တို့ ပြန်တိုက်ရတာပေါ့ဗျာ”ဟု ကေအိုင် အို ပြော ခွင့်ရ ပုဂ္ဂိုလ်ဦးလနန်က ပြောသည်။
မန်စီမြို့နယ်တွင် အောက်တိုဘာ လလယ်ခန့်မှစ၍ဖြစ်ပွားနေခဲ့သော တိုက် ပွဲများသည် ကေအိုင်အေက ဌာနချုပ်၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ စတင်တိုက် ခိုက်ခြင်းဖြစ်ပြီး မြန်မာ့တပ်မ တော်က သစ်မှောင်ခိုလမ်းကြောင်းများ ကို နယ်မြေရှင်းလင်းခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ် ပြန်ကြေ ညာထားသည်။
သို့ရာတွင် ကေအိုင်အေပြောခွင့် ရပုဂ္ဂိုလ်ဦးလနန်ကမူ မြစ်ကြီးနား ဆွေး နွေးပွဲတွင် နှစ်ဖက်သဘောတူထားသော အရေးပါသည့် အများပြည်သူသုံး လမ်း ကြောင်းများ ဖွင့်လှစ်ရေးအတွက် ကေ အိုင်အေက တပ်များနောက်ဆုတ်ပေး သော်လည်း အစိုးရတပ်များက သတ် မှတ်လမ်းကြောင်းအတိုင်း ဝင်မလာ၍ ထိပ်တိုက်တွေ့ဆုံမှု များ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။
မည်သို့ပင်ဖြစ်စေ ကေအိုင်အို၏ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးတာဝန်ခံ ဦးဇောင်မ် ရော်က ခရစ္စမတ်နီးလာပြီဖြစ်၍စစ်ပွဲများ ရပ်ကာ ဒုက္ခသည်များ၏ သောကကို ခေတ္တငြိမ်းခွင့်ရစေလိုကြောင်း ပြောသည်။
ကချင်လူမျိုးအများစုမှာ ခရစ်ယာန် ဘာသာဝင်များဖြစ်၍ ဘာသာရေးအ ထွတ်အမြတ်ဖြစ်သော ခရစ္စမတ်နေ့တွင် အားလုံးငြိမ်းချမ်းစွာနေထိုင်ခွင့်ရစေလို ကြောင်း ဦးဇောင်မ်ရော်က ပြောသည်။
 ”ဖြစ်နိုင်ရင် အဲဒီတစ်ရက်လောက် ကလေးကို တိုက်ပွဲတွေရပ်ထားစေချင် တယ်။ ဒီခရစ္စမတ်တစ်ရက်ကလေးပါပဲ”
ကျော်ရဲလင်း
Popular Myanmar 

0 comments:

Post a Comment