Sunday, December 22, 2013

အိမ်ရှင်မြန်မာတို့ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုရရှိ၊ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအဖြစ် ရွှေတံဆိပ် ၈၆ ခုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့

K-23-12

၄၄ နှစ်အကြာတွင် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပနိုင်ခဲ့သည့် မြန်မာနိုင်ငံမှ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမြင်ကွင်း ပုံရိပ်များ

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံမှာ ပြိုင်ပွဲမတိုင်မီက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှု ရရှိခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းစ် (ယခင်ကျွန်းဆွယ်)ပြိုင်ပွဲကို တတိယအကြိမ်မြောက် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ယခင်က ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင်နှစ်ကြိမ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။

မြန်မာနိုင်ငံမှာ ကျွန်းဆွယ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၁၉၅၉ ခုနှစ် ပြိုင်ပွဲတွင် ဒုတိယ၊ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ် ပြိုင်ပွဲများတွင် ပထမ ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်း ပြိုင်ပွဲများ၌ ထိပ်ဆုံးသုံးသင်းနေရာ မရပ်တည်နိုင်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

L-23-12

ခမ်းနားစွာ ပြုလုပ်နိုင်ခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ဖွင့်ပွဲ မြင်ကွင်းများ

ထို့ပြင် မြန်မာအားကစားအဖွဲ့ အနေဖြင့် ၁၉၆၉ ခုနှစ်ပြိုင်ပွဲနောက်ပိုင်းတွင် ရွှေတံဆိပ် ၃၀ အထက် ရရှိခဲ့ခြင်းမရှိဘဲ ယခု ၂၀၁၃ ပြိုင်ပွဲမှသာ ရွှေတံဆိပ် ၈၆ ခုအထိ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအားကစားအဖွဲ့မှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခုရရှိခဲ့ပြီး ထိုင်းအသင်း၏နောက် နိုင်ငံအလိုက် ရပ်တည်မှုတွင် ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ရွှေတံဆိပ်ဆုများကို ရိုးရာလှေ အားကစားအဖွဲ့မှ အများဆုံး ရယူနိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့သလို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့သည့် ရိုးရာခြင်းလုံးပြိုင်ပွဲမှ ရွှေတံဆိပ်ခြောက်ခု ရယူနိုင်ခဲ့သည်။ မြန်မာအားကစား တာဝန်ရှိသူများက ယခုပြိုင်ပွဲ မတိုင်မီ ရွှေတံဆိပ် ၁၀၀ ရရှိရန်နှင့် နိုင်ငံအလိုက် ရပ်တည်မှုတွင် ထိပ်ဆုံးသုံးသင်းနေရာ ရပ်တည်နိုင်ရန် မျှော်မှန်းထားခဲ့ပြီး မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှု ရရှိခဲ့ပြီဖြစ်သည်။ ထို့ပြင် ယခုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရရှိခဲ့သော ရွှေတံဆိပ် အရေအတွက်မှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အရေအတွက် အများဆုံး ရရှိခဲ့ခြင်းဖြစ်ပြီး အအောင်မြင်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့သည်။

M-23-12
ခမ်းနားစွာ ပြုလုပ်နိုင်ခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ဖွင့်ပွဲ မြင်ကွင်းများ

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် မြန်မာအသင်း၏ ရပ်တည်မှုများ
ခုနှစ် အိမ်ရှင် ရွှေ ငွေ ကြေး ရပ်တည်မှု
၁၉၅၉ ထိုင်း ၁၁ ၁၅ ၁၄ ဒုတိယ
၁၉၆၁ မြန်မာ ၃၅ ၂၆ ၄၃ ပထမ
၁၉၆၅ မလေးရှား ၁၈ စတုတ္ထ
၁၉၆၇ ထိုင်း ၁၁ ၂၆ ၃၂ စတုတ္ထ
၁၉၆၉ မြန်မာ ၅၇ ၄၆ ၄၆ ပထမ
၁၉၇၁ မလေးရှား ၂၀ ၂၈ ၁၃ စတုတ္ထ
၁၉၇၃ စင်ကာပူ ၂၈ ၂၄ ၁၅ စတုတ္ထ
၁၉၇၅ ထိုင်း ၂၈ ၃၅ ၃၃ တတိယ
၁၉၇၇ မလေးရှား ၂၅ ၄၂ ၄၃ စတုတ္ထ
၁၉၇၉ အင်ဒိုနီးရှား ၂၆ ၂၆ ၂၄ တတိယ
၁၉၈၁ ဖိလစ်ပိုင် ၁၅ ၁၉ ၂၇ ပဉ္စမ
၁၉၈၃ စင်ကာပူ ၁၈ ၁၅ ၁၇ ပဉ္စမ
၁၉၈၅ ထိုင်း ၁၃ ၁၉ ၃၄ ဆဋ္ဌမ
၁၉၈၇ အင်ဒိုနီးရှား ၁၃ ၁၅ ၂၁ ဆဋ္ဌမ
၁၉၈၉ မလေးရှား ၁၀ ၁၄ ၂၀ ဆဋ္ဌမ
၁၉၉၁ ဖိလစ်ပိုင် ၁၂ ၁၆ ၂၈ ဆဋ္ဌမ
၁၉၉၃ စင်ကာပူ ၁၃ သတ္တမ
၁၉၉၅ ထိုင်း ၂၁ ၃၇ သတ္တမ
၁၉၉၇ အင်ဒိုနီးရှား ၃၄ ၄၄ သတ္တမ
၁၉၉၉ ဘရူနိုင်း ၁၀ ၁၀ သတ္တမ
၂၀၀၁ မလေးရှား ၁၉ ၁၄ ၅၃ သတ္တမ
၂၀၀၃ ဗီယက်နမ် ၁၆ ၄၃ ၅၀ သတ္တမ
၂၀၀၅ ဖိလစ်ပိုင် ၁၇ ၃၄ ၄၈ သတ္တမ
၂၀၀၇ ထိုင်း ၁၄ ၂၆ ၄၈ သတ္တမ
၂၀၀၉ လာအို ၁၂ ၂၂ ၃၇ သတ္တမ
၂၀၁၁ အင်ဒိုနီးရှား ၁၆ ၂၇ ၃၇ သတ္တမ
၂၀၁၃ မြန်မာ ၈၆ ၆၂ ၈၅ ဒုတိယ


မြန်မာအသင်း အအောင်မြင်ဆုံးဖြစ်ခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်ရပ်တည်မှု
အဆင့် အိမ်ရှင် ရွှေ ငွေ ကြေး
ထိုင်း ၁၀၇ ၉၄ ၈၁
မြန်မာ ၈၆ ၆၂ ၈၅
ဗီယက်နမ် ၇၃ ၈၆ ၈၆
အင်ဒိုနီးရှား ၆၅ ၈၄ ၁၁၀
မလေးရှား ၄၃ ၃၈ ၇၇
စင်ကာပူ ၃၄ ၂၉ ၄၅
ဖိလစ်ပိုင် ၂၉ ၃၄ ၃၇
လာအို ၁၃ ၁၇ ၄၉
ကမ္ဘောဒီးယား ၁၁ ၂၈
၁၀ တီမော
၁၁ ဘရူနိုင်း

Eleven Media Group

0 comments:

Post a Comment