Tuesday, December 10, 2013

အကြမ်းဖက်မှုတွေ မလုပ်ပါနဲ့တော့ သမ္မတကြီးရယ်


ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တခုမှာ"အကြမ်းဖက်မှုတွေ မလုပ်ပါနဲ့တော့ သမ္မတကြီးရယ်" လို့ ရေးထားပါတယ်။ 


 

ဒီသပိတ်စခန်းကို အကြမ်းဖက် ၀င်ရောက် ဖြိုခွင်းမယ့် အနေအထားတချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ခဲ့ရတဲ့အတွက် ဒီရေးသားချက်က အတော်လေး ထိရောက်တဲ့ ဆန္ဒဖော်ထုတ်ချက်ပါပဲလို့ ဆိုရပါမယ်။

ဒီသပိတ်စခန်းကို ဒီဇင်ဘာ (၉) တနင်္လာနေ့ညနေ  နောက်ဆုံး ထားပြီး ဖယ်ရှားပေးဖို့ အာဏာပိုင်တို့က အကြောင်းကြား သတိပေးခဲ့ပါသေးတယ်။
သို့သော်လည်း သပိတ်စခန်းတာဝန်ရှိသူတို့က လိုက်နာခြင်း မရှိခဲ့ပါ။ 
သပိတ်တိုက်ပွဲ ၀င်သူတို့က ပုံမှာ တွေ့ရတဲ့အတိုင်း တောင်းဆိုချက်များကို ဟစ်ကြွေးခဲ့ကြပြီး စခန်း အခြေအနေလာရောက် ကြည့်ရှုသူ ဦးရေမှာလည်း  လူဦးရေ ရာနှင့်ချီ ရှိခဲ့ပါတယ်။

သပိတ်စခန်းထဲ  ပိုစတာတွေ၊ ၀တ်ဆင်ထားတဲ့ တီရှပ်တွေမှာ ပုဒ်မ ၁၈ ချက်ချင်းရပ်၊ တပ်မြေဆိုသူ တို့ရန်သူ၊ ငါတို့ဘိုးဘွားမြေ တပ်ပိုင်မြေမဟုတ် အစရှိတဲ့ စာတန်းတွေကို စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။

  (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)   


 












 ဧရာဝတီ

0 comments:

Post a Comment