Wednesday, December 11, 2013

ထိပ်တိုက်ရင်ဆိုင်ရေး၊ ညှိနှိုင်းအဖြေရှာရေးနဲ့ အဘိဓာန်စာအုပ်


၁၉၉၅ ခုတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နဝတဥက္ကဋ္ဌနှင့်အဖွဲ့အားတွေ့ဆုံခဲ့စဉ်
“By the people for the people  ဘာညာ ဒီလို ပြောကြတာပေါ့ဗျာ။ ဒါ အနှစ်သာရအားဖြင့်တော့ ပြည်သူ့ထံမှ ပြည်သူ့ထံသို့…ကျင့်စဉ်ဆိုတာ  တ ကယ့်ကို လုပ် မှဖြစ်မယ်၊ ပါးစပ်နဲ့ ဒီမို ကရေစီ လုပ်လို့ မရဘူး။ ကျွန်တော့် ခံ ယူချက်၊ ကျွန်တော် ဒီအတိုင်းပဲ ပြော မယ်။ ပါးစပ်နဲ့ ဒီမိုကရေစီကို အော်ရုံနဲ့ ဒီမိုကရေစီကြီး မပေါ်နိုင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဒီမိုကရေစီပြောပြီးမှ (Confrontation)  လုပ်နေလို့ ဘယ်လို လုပ်တော့မလဲ၊ အန္တရာယ်သိပ်ကြီးတယ်”
(၅.၇.၁၉၈၉) ဗိုလ်ချုပ်ကြီးစောမောင် မိန့်ခွန်းမှ-
ယင်းမိန့်ခွန်းမပြောခင် ၂ ရက် အ လိုမှာ နိုင်ငံရေးပါတီတွေဟာ မဟာမိတ် ဖွဲ့ပြီး ကိုယ်စားလှယ်တော်အဖြစ် ဒေါ် အောင်ဆန်းစုကြည်ကို ရွေးခဲ့ကြပါ တယ်။ နိုင်ငံတော် နဲ့ ပြည်သူလူထု အ တွက် ထိုအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့နဲ့ ဒိုင်ယာ လော့ခ် Dialogue  တွေ့ဆုံညှိနှိုင်းရေး လုပ်ဖို့ပါ။ဒါကို နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်က ပြန်လည်တုံ့ပြန်တဲ့အခါ ဒီသမိုင်းဝင် မိန့်ခွန်းတစ်ရပ် ဖြစ်လာပါ တော့တယ်။
နဝတဥက္ကဋ္ဌဟာ Dialogue  တွေ့ ဆုံ ဆွေးနွေးခြင်းဆိုတာ သူတို့ကို Confrontation ထိပ်တိုက်ရင်ဆိုင်တာ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။ ဒီနေ့ထိ လည်း အခုလို လွဲမှားစွာ အဓိပ္ပာယ်ဖွင့် နေကြတာကို တွေ့နေရတာ တိုင်းပြည် ရဲ့ အနာဂတ်အတွက် အင်မတန်မှရင် လေးစရာ ကောင်းပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူလူထု၊ တိုင်းရင်းသား အဖွဲ့အစည်းတွေက ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြောနေကြပါတယ်။ ဒီ့အတွက်လည်း တွေ့ဆုံညှိနှိုင်းလိုတဲ့အကြောင်း သမ္မတ ကြီးတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့၊လွှတ် တော်ဥက္ကဋ္ဌကြီးများကို မေတ္တာရပ်ခံတဲ့ အခါ တစ်ဖက်ကတိကျတဲ့ အဖြေထွက် မလာပါဘူး။ သမ္မတကြီးကတော့ သူ့ရဲ့ နိုဝင်ဘာ ၃ဝ မိန့်ခွန်းမှာ ထိပ်တိုက်ရင် ဆိုင်ရေးနည်းလမ်းများကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများနှင့် အဖြေရှာလုပ်ဆောင်ရန် တိုက်တွန်း လိုက်ပါတယ်။ ဒီမှာ စကား လုံးဝေါဟာ ရတွေရဲ့ အဓိပ္ပာယ်တွေဟာ ”လည် ထွက်” သွားပါပြီ။
ဒါကြောင့် ဒီတိုင်းပြည်ကို ခေါင်း ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့၊ ဗိုလ်ချုပ်ကြီးစောမောင်တို့၊ ဗိုလ်ချုပ်ကြီး ဟောင်း သမ္မတကြီး ဦးသိန်းစိန်တို့ရဲ့ စကားလုံးများနဲ့ စဉ်းစားတွေးခေါ်ပုံကို ဋီကာဖွင့်ပေးမယ့် အဘိဓာန်တစ်အုပ် တော့ လိုအပ်လာတယ်လို့ ခံစားရပါ တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တော့ တိုင်းပြည်ကို ဘာမိန့်ခွန်းမှ ပြော မသွားခဲ့တာလည်း လေ့လာသူတွေ အ တွက် အတော့်ကိုဝမ်းနည်းစရာ ကောင်း ပါတယ်။
အခု (၁၉၈၉၊ ၇၊ ၅) ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ မိန့်ခွန်းထဲက သူ့ရဲ့သ ဘောထားတွေ၊ စကားလုံးတွေဟာ ဝေါ ဟာရဖွင့်ဆိုချက်လေ့လာနေသူတွေ အ တွက် တန်ဖိုးရှိ တာတွေ့ရမှာပါ။    ”၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် နေ့ တပ်မတော်ရဲ့အနေအထားဟာ လည်း ပြောင်းသွားပြီ ဖြစ်ပါတယ်။ ဒါ လေးဟာ မျက်စိလည်နိုင်တဲ့ အချက် ကလေးတစ်ချက်ကို ကျွန်တော်ပြောတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ တပ် မတော်ဟာ မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းကိုမှ ကိုယ်စားပြုတဲ့အဖွဲ့ အစည်း မဟုတ်တော့ဘူး။ ဒါလေးက နည်းနည်းအရေးကြီးပါတယ်။ ကျွန် တော်တို့ ဘယ်ပုဂ္ဂိုလ်ရဲ့ သြဇာခံမှလည်း မဟုတ်တော့ဘူး။ အဲဒီတော့ ပြည်သူ့ ဝန်ထမ်း၊ ဝန်ကိုထမ်း တဲ့ ပြည်သူတွေရဲ့ ဝန်ကိုထမ်းတဲ့ ပြည်သူ့တပ်မတော် အ ဖြစ် ဖြစ်နေပြီဆိုတာကို ကျွန်တော် ပြော ချင်တယ်။ ဘယ်နေ့က ဖြစ်သလဲလို့ မေး စရာရှိပါတယ်။ ဘယ်နေ့က ဖြစ် သလဲလို့ မေးရင် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ အဲဒီနေ့ အဲဒီအချိန်က သမ္မတဖြစ်တဲ့ ဒေါက်တာ မောင်မောင် ကပေါ့ စတုတ္ထအကြိမ်  ပြည်သူ့လွှတ် တော် အစည်းအဝေးမှာပါ”
နှစ်ပေါင်း ၂၅ နှစ်ခန့်အကြာက ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ မိန့်ခွန်းများပါ စကားလုံးဝေါဟာရများရဲ့ အဓိပ္ပာယ် တွေဟာ ပိုမိုလေးနက်လာခဲ့ပါ တယ်။ နောင်မျိုးဆက်တွေ အတွက်လည်း နား လည်ဖို့ အလွန်ခက်ခဲလာတာ တွေ့ရ ပါတယ်။ ခေတ်ကာလနဲ့ လျော်ညီ အောင် ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုပေးရမယ့် သဘော ရှိလာပါပြီ။ နမူနာအနေနဲ့ the people for the people   ပြည်သူ့ထံ မှ ပြည်သူ့ထံသို့ ဆိုတာကို လေ့လာ ကြည့်ရင် အဲဒီတုန်းက နဝတ ဟာ မြန် မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည် ထောင်ပေး မယ်ပေါ့ဗျာ။ ပြည်သူ့ထံမှ ပြည်သူ့ထံသို့ပေါ့လေ။ ဒီနေ့ မြန်မာနိုင် ငံရဲ့ ဒီမိုကရေစီစနစ်ဆိုတာကို ၂ဝဝ၈ အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းခဲ့တယ်။ ပြည် သူ့ထံမှ ပြည်သူ့ထံသို့ ဟုတ်မဟုတ် ဆို တာကိုတော့ အားလုံးသိကြပါတယ်။ ပြည်သူတွေဟာ ပိုဆင်းရဲလာတယ်။ လယ်ယာမြေတွေ အသိမ်းခံရတယ်။ ဒါ ကြောင့် တစ်ချိန်က ဗိုလ်ချုပ်ကြီး   စော  မောင် ပြောခဲ့တဲ့ By the people for the people  ဆိုတဲ့စကားလုံးကို By the people for the people  ပြည်သူ့ထံမှ သြဇာအာဏာရှိသူများထံသို့လို့ ဆိုမှ လူများနားလည်နိုင်မှာပါ။
နောက်တစ်ခါ ”ပါးစပ်နဲ့ ဒီမိုကရေ စီ လုပ်လို့မရဘူး” ဆိုတာမျိုးကိုလည်း မော်စီတုန်း ပြောသလို ”အာဏာဟာ သေနတ်ပြောင်းဝမှာပဲ ရှိတယ်” လို့ အဓိပ္ပာယ်ဖွင့်မှသာ မြန် မာ့နိုင်ငံရေး အခြေအနေကို နားလည်နိုင်မှာပါ။ ”၁၉၉ဝ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” ဆိုတာလည်း အခုတော့ အဓိပ္ပာယ်ဖွင့်လို့ ရပါပြီ။ တွေ့ဆုံဆွေး   နွေးခြင်း  Dialogue  ဆိုတာ ထိပ်တိုက် ရင်ဆိုင်ခြင်း Confrontation  နဲ့အဓိ ပ္ပာယ်တူတူပါ။ ”ဝန်ကိုထမ်းတဲ့ ပြည်သူ တွေရဲ့ ဝန်ကိုထမ်းတဲ့ ပြည်သူ့တပ် မတော် ဖြစ်ေ နပြီ” ဆိုတာကိုလည်း ယနေ့ ပစ္စက္ခအခြေအနေတွေက သက် သေပြနေပါတယ်။
ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးကို နား လည် ကျွမ်းကျင်ဖို့ဆိုတာ ဒီနေ့သုံးနှုန်း နေကြတဲ့ မြန်မာ့နိုင်ငံရေးစကားလုံးတွေ ကိုအဓိပ္ပာယ် ပြန်ဖွင့်ပေးနိုင်တဲ့ နိုင်ငံ ရေး ဝေါဟာရ အဘိဓာန်တစ်အုပ်ရှိဖို့ လိုအပ်နေတာ တွေ့ရပါတယ်။
ဒီလို အဘိဓာန်တစ်အုပ် စစ်အာ ဏာရှင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ လိုအပ်လာလိမ့်မယ်ဆိုတာကို ကိုလိုနီ ခေတ်က မြန်မာနိုင်ငံမှာ တာဝန်ထမ်း ဆောင်ခဲ့ဖူးတဲ့ ဗြိတိသျှစာရေးဆရာ ဂျော့အိုဝဲလ်က”၁၉၈၄” စာအုပ်မှာ ရေး ခဲ့ဖူးပါတယ်။ ”၁၉၈၄” ဝတ္ထုထဲက နိုင်ငံ တော်တစ်ခုမှာအမှန်တရားဝန်ကြီး ဌာန ဆိုတဲ့ ဝန်ကြီးဌာနတစ်ခု ရှိ တယ်။ အဲ့ဒီ ဝန်ကြီးဌာနက နိုင်ငံတော်ခေါင်းဆောင် ကြီးတွေ၊ ဝန်ကြီးတွေ၊ အစိုးရ အဖွဲ့ဝင် တွေပြောတဲ့ စကားလုံးတွေကို အသစ် ပြန် ရေးပေးရတဲ့ ဌာနပါ။ ဒီလိုသဘော မျိုး အခုဒီနိုင်ငံမှာ လိုအပ်လာပါပြီ။ ဒါ ဟာ အာဏာရှင်တွေ စစ်ဗိုလ်ချုပ်ကြီး တွေရဲ့ စရိုက်နဲ့ စဉ်းစားတွေး ခေါ်ပုံကို ဂျော့ဂ်ျအိုဝဲလ်က ခန့်မှန်းမိပုံရတယ်။ ၁၉၈၄ ဆိုတဲ့ စာအုပ်ဟာ သူ မသေခင် နောက်ဆံုး ရေးသွားတဲ့ စာအုပ်ဖြစ်ပြီး ၁၉၅ဝ ခုနှစ်က ဂျော့ဂ်ျအိုဝဲလ် ဆုံးပါး သွားခဲ့ပါတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးတွေ၊ အာ ဏာရှင်တွေရဲ့ သဘောထား၊ စကားလုံး တွေဟာ ဘယ်လောက်တောင်နားလည် ရခက်သလဲဆိုတာကို (၅၊ ၁ဝ၊ ၁၉၈၈) နေ့ထုတ် ဘန်ကောက်နေးရှင်း သတင်း စာထဲက သတင်းတစ်ခုထဲမှာလည်း အခုလို တွေ့နိုင်ပါသေးတယ်။
 ”ဗိုလ်ချုပ်ကြီး နေဝင်းက သူ၏ ထိပ်တန်းအရာရှိတစ်ဦးကို တွေ့ဆုံရန် ဆင့်ခေါ်လိုက်လျှင် ထိုအရာရှိကြီးသည် သစ်လွင်သေသပ်သော ယူနီဖောင်းကို ဝတ်လျက် တောက် ပပြောင်လက်သော စစ်ဖိနပ်များကို စီးကာ အနည်းဆုံး နှစ် နာရီခန့်စော၍ ရောက်လာရသည်။ ထို့ နောက်သူယူလာသော မှတ်တမ်းစာရွက် များကို တုန်ယင်နေသော လက်များဖြင့် ဟိုလှန်သည်လှန် လုပ်နေပြီး ချွေးတဒီး ဒီးကျကာ ဂနာမငြိမ်ဖြစ်နေသည်ကို တွေ့ရသည်။ ဘာဖြစ်မည်ကို မသိရဘဲ အချိန်ကျ၍ နာရီသံချောင်း ခေါက် သည် နှင့် ဗိုလ်ချုပ်ကြီး၏ ရုံးခန်းသို့ တန်းတန်း မတ်မတ်ဝင်လာကာ သတိအနေအထား ဖြင့် ရပ်နေရသည်။ ဦးနေဝင်း ခေါ်ယူ တွေ့ဆုံသည့်ကိစ္စကို သူပြောဆိုသုံးနှုန်း   သော စကားလေသံပေါ် မူတည်၍ သိ နိုင်သည်။ ¤င်းအား ညစ်ညမ်းစွာ ဆဲဆို အော်ဟစ်ပြီး ပြန်လွှတ်လိုက်ပါမူ ၄င်း ပုဂ္ဂိုလ်သည် ရာထူးနှင့် ကိုယ်မြဲနေသေး ပြီး နာ မည်ကောင်းစာရင်းတွင် ပါရှိနေ သေးကြောင်း သိနိုင်သည်။ သို့မဟုတ် ဗိုလ်ချုပ်ကြီးက မင်္ဂလာစကားများ ပြော ကြားပြီး ၄င်း၏ကျန်းမာရေး အခြေအ နေကို မေးမြန်းခဲ့လျှင်
ထိုပုဂ္ဂိုလ်သည် ထွက်စာတင်၍ မလွဲမသွေ ကျလာမည့် ထွက်ခွင့်ကို စောင့်ဆိုင်းပြီး အငြိမ်းစား ယူရန်သာ ရှိတော့သည်”
(ဒေါမာန်ဟုန်စာအုပ်မှ)
နိဂုံးအနေနဲ့ ပြောရရင် နိုင်ငံရေး ဆိုတာ ပြည်သူလူထု တစ်ဦးချင်းစီရော၊ နိုင်ငံရေးအဖွဲ့အစည်းတွေရော၊ ပါတီ တွေရော၊ အစိုးရအဖွဲ့ဝင်တွေရော နောက်ဆုံးမှာ စီးပွားရေးသမား မနေ့ တစ်နေ့ကမှ ဘင်္ဂလားဒေ့ရှ်ကနေ ရောက်လာတဲ့ သူဌေးတွေရော၊ ယူနန်ကနေ မြန်မာနိုင်ငံသား မှတ်ပုံတင် မရှိ ပေမယ့် ရင်းနှီးမြှုပ်နှံမှု အကြီး အကျယ် လုပ်နေတဲ့ သူတွေကအစ လမ်းဘေးမှာ တောင်းစားနေရတဲ့ မိသားစုတွေ အဆုံး၊ အားလုံးရဲ့ ဘဝတွေ ရင်းနှီးမြှုပ်နှံထား ရတာပါ။ ဒါ့ကြောင့် ဒီနေ့ သမ္မတကြီး   ရော၊ ဝန်ကြီးတွေရော၊ နိုင်ငံရေးခေါင်း ဆောင်တွေရော၊ သုခမိန်တွေရော သူ တို့ ပြောဆိုနေကြတဲ့ စကားလုံးဝေါဟာ ရတွေကို အားလုံးနားလည်အောင် ပြန် လည်ဖွင့် ဆိုပေးမယ့်ဋီကာဖြစ်ဖြစ်၊ အဘိ ဓာန်ဖြစ်ဖြစ် ရေးသားဖို့ မြန်မာ့နိုင်ငံ ရေး ဝေါဟာရသုတေသနလုပ်ငန်း တစ် ခု လိုအပ်နေပါပြီ။
အာကြီး (လမ်းမတော်)                  

0 comments:

Post a Comment