Tuesday, December 10, 2013

အသက်၂၀ ကျော်လာ သတိထား ဒါတွေရှောင်ကာရှား


အသက် ၂၀ကျော်လာတဲ့ ကျွန်တော်တို့မှာ ကျောင်းသားတစ်ယောက် အနေနဲ့ ရင်သပ်ရှုမောဖွယ်ရာ နေ့ရက်တွေ ကုန်ဆုံးလို့သွားပါပြီ။ ရွေးချယ်စရာ တခြားမရှိပေမဲ့ ကြီးပြင်းလာရဦးမှာပဲလေ။ ပတ်ဝန်းကျင်က ကိုယ့်အပေါ်မြင်လာတဲ့ အမြင်တွေလဲ ပြောင်းကုန်ပြီ။ လူ့အသိုင်းအ၀ိုင်းက လက်ခံနိုင်ဖို့အတွက် တက္ကသိုလ်မှာ လုပ်ခဲ့တဲ့ ပျော်စရာတွေကိုလည်း ရပ်ဆိုင်လိုက်ရတော့မယ်။ ကျွန်တော်တို့က စိတ်သွားတိုင်းကိုယ်ပါ၊ မိဘကလည်း ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဂုဏ်ယူနေမှာပဲ။ အသက်ရလာလို့ ရင့်ကျက်လာ၊ အသိတရားရှိလာတာနဲ့ အမျှ လူကြီးဘ၀ အကြောင်း သင်ခန်းစာနည်းနည်း ဝေမျှချင်ပါတယ်။ အသက်၂၀ ကျော်လာတဲ့ သင်ဟာလည်း လူကြီးဘ၀ကို များမကြာမီ ကူးပြောင်းရောက်ရှိတော့မယ်လေ။ အသက်၂၀ကျော် အမျိုးသားတိုင်း မလုပ်သင့်တဲ့ ကိစ္စ ၅မျိုးကို တင်ပြလိုက်ပါတယ်။
၁။ အရန်သင့် အစားအစာတွေကို အားမကိုးပါနဲ့။
အစားအစာနဲ့ ပတ်သက်လို့ တိုင်းတိုင်းချင့်ချင့် စားဖို့အတွက် အမေက ချက်ပေးနေတုန်း။ အချိန်တွေက ပြောင်းလဲလာပြီ။ ကျွန်တော်တို့ ဇီဝဖြစ်စဉ်တွေကလည်း ကျွန်တော်တို့နဲ့အတူ အရွယ်ရလာပြီ။ ကိုယ့်အတွက် သင့်တော်မယ့် အာဟာရပမာဏ ရမယ့် ထမင်းတစ်နပ်အတွက် ချက်ဖို့ဆိုတာ ပျင်းစရာကြီးပေမဲ့ ချက်စားသင့်ပြီ။ ပီဇာလိုမျိုး အရံသင့် အစားအစာ စားမယ်ဆိုရင် အာဟာရက အကန့်အသတ်ရှိတယ်။ နေ့တိုင်း ပုံမှန်လည်ပတ်နိုင်ဖို့ မှန်ကန်တဲ့အစားအစာကို ချက်စားတတ်ရပါလိမ့်မယ်။
၂။ ပါတီဆိုတိုင်း မသွားနှင့်။
သင့်ကိုဖိတ်ထားလို့၊ သင်က အဲ့ဒီ့မှာ အရေးကြီးဆုံး ဘော်ဒါကြီးမို့လို့ ဆိုတိုင်း ပါတီသွားစရာမလိုပါဘူး။ စာအုပ်ကောင်းတစ်အုပ်၊ ရုပ်ရှင်ကားကောင်းတစ်ကား နဲ့ နောက်ဆုတ်နေဖို့သင့်တဲ့ အချိန်တွေလဲရှိပါတယ်။ အပတ်စဉ် ရုံးပိတ်ရက်တွေမှာ ကလပ်တက်ဖို့လည်း မမျှော်လင့်နေပါနဲ့။ ပြန်ထိုင်၊ စိတ်လျှော့ ပြီးတော့ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်း။ ပွဲမရှိတဲ့ အားလပ်ရက်လေးလဲ ထားဦးမှပေါ့။
၃။ နောက်ဆုံးအချိန်ထိ ရုံးမဆင်းနဲ့ဦး။
မနက် ၄နာရီထိ မအိပ်တာ၊ ကော်ဖီတွေအများ ကြီးသောက်တာ၊ တက္ကသိုလ် အဆိုင်းမန့် ရေးပြီးဖို့ ရုန်းရတာမျိုးတွေ ကျွန်တော်တို့ ကြုံဖူးပါတယ်။ ဘ၀ဆိုတာ နောက်နောင် ခက်ခဲဦးမှာပဲ။ အကြင်နာမဲ့တဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ပြဿနာမတက်ဖူးဆိုတာလဲ မရှိဘူး။ အလုပ်မှာလဲ အကောင်းဆုံးဖြစ်အောင် ကြိုးစား နေရမယ်။ အလုပ်ကြိုးစားဖို့ အချိန်ကျပြီ။
၎။ စနေနေ့ဆို နေ့လည်တစ်နာရီထိ မအိပ်ပါနဲ့။
ကျွန်တော်တို့ဟာ အသက်၂၀ ကျော်လာတာနဲ့အမျှ  အချိန်ကို အကျိုးရှိရှိအသုံးချမယ်လို့ ပတ်ဝန်းကျင်က မျှော်လင့်ကြတယ်။ ကျောခင်းနေလို့ တစ်နေ့တာ ဘာမှဖြစ်မလာပါဘူး။ သွားစရာနေရာ၊ တောက်တိုမယ်ရ ကိစ္စ၊ တွေ့စရာ သူငယ်ချင်း၊ စီစဉ်စရာရှိတာ တွေရှိပါလိမ့်မယ်။ ရုံးပိတ်ရက်ဆို အလုပ်ကသိပ်များ၊ သိပ်လည်း တန်ဖိုးရှိတာ။ နေ့ခင်း တစ်နာရီထိ အိပ်မနေပါနဲ့။
၅။ လူပျိုကြီးဖြစ်ရမှာ မကြောက်ပါနဲ့။
လူပျိုကြီးဖြစ်ရတာနဲ့တော့ သင့်ဘ၀ကြီး ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ အထင်ကြီးစရာတောင် ကောင်းသေးတယ်။ လူပျိုကြီးဘ၀ကို ဘယ်လို လက်ခံယုံကြည်ထားတယ် ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ ထိန်းနိုင်သေးသမျှ လူပျိုဆိုတဲ့ ဂုဏ်ပုဒ်ကို နှစ်သက်ပါ။ ၀ါသနာသစ် တစ်ခု၊ အားကစားနည်းသစ် တစ်မျိုး လိုက်စားပြီး လူသစ်တွေနဲ့ နေ့တိုင်းဆုံပေါ့။ လူပျိုဖြစ်နေသမျှ ကိုယ့်အတွက် ကိုယ့်အတာချည်းပဲ။ ဒါကြောင့် သင်လုပ်ချင်တာလုပ်။ လူပျိုဘ၀ကို ချစ်ခင်မြတ်နိုး။
Ref:mensxp
Trend Myanmar

0 comments:

Post a Comment