ကမ္ဘာကျော် ညှို့အားရှင်တွေဟာ တစ်ခါတစ်ရံ ဆွဲဆောင်မှုဆိုတာထက်ပိုတဲ့
 လိင်အသားပေး ၀တ်စုံတွေကို ပွဲတက်ဝတ်စုံတွေအဖြစ် ၀တ်ပြလာကြပါတယ်။ 
ခပ်ဟော့ဟော့ ၀တ်တော့မယ်ဆိုရင် အများတကာ သတ်မှတ်ထားတဲ့ မျဉ်းတစ်ခုရှိပါတယ်။ 
အဲဒီမျဉ်းကို ကျော်လွန်ပြီးဝတ်ဆင်လာကြတဲ့ အကျော်အမော်တစ်ချို့ကတော့ 
တမ္ဘာလုံးကို မြင်စေချင်တဲ့ ဆန္ဒနဲ့ပါ လို့ပဲ ပြောရမလိုဖြစ်နေပါပြီ။
          ဒါကြောင့် သူတို့ဆန္ဒပြည့်ဝစေရေး ပရိသတ်ကြီးကို ၂၀၁၃ ခုနှစ်ရဲ့ ၀တ်ဆင်မှု အဟော့ရမ်းဆုံး (၁၀)ယောက်စာရင်းကို ထုတ်ပြချင်ပါတယ်။
(၁)     Eliza Doolittle
           အသက် (၂၅)နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဟာ Julien McDonald ရဲ့ ၀တ်စုံကို 
ဝတ်ဆင်ပြီး ပွဲတက်လာတဲ့အခါမှာ အားလုံးရဲ့ အသက်ရှူသံတွေ ရပ်တန့်သွားပါတယ်။ 
ရှည်လျားလွန်းလှတဲ့ လည်ပင်းအဟိုက်နဲ့ ပေါင်တံအခွဲတို့ကြားမှာ 
ဆက်ထားတဲ့အ၀တ်ကတော့ လက်မနည်းငယ်ပဲ ရှိမယ်ထင်ပါတယ်။
(၂)     Lady Gaga
         
 ဒါသာ ဖက်ရှင်ဖြစ်လာမယ်ဆိုရင်။ လေဒီဂါဂါဟာ ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ 
စာရင်းလုပ်နေပုံ ရပါတယ်။ ဘယ်လို သာမာန်လူမျိုးကမှ ဒီလိုအ၀တ်အစားမျိုးနဲ့ 
အပြင်ထွက်လည်မှာ မဟုတ်ပါဘူး။ သိုးမွှေး အတွင်းခံတစ်ထည်နဲက ထွက်မလာတာပဲ 
ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ။
(၃)     Ellie Gouldin
         
 ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သူ One Direction ရဲ့ Niall Horans 
နဲ့ အသံထွက်နေသူပါ။ ပ၀ါပါးလေးပေါ်မှာ အနက်ရောင်ဇာကွက်လေးတွေသာ ထပ်ထားတဲ့ 
အင်္ကျံနဲ့ သူမရဲ့ အဓိက အလှအပ အစိတ်အပိုင်းတွေကို ပြသသွားပါတယ်။ အပြင်ထွက်ဖို့
 အနည်းငယ်စွန့်စားရကျတဲ့ ၀တ်စုံမျိုးဖြစ်ပေမယ့် သူမကတော့ ဒီဝတ်စုံနဲ့ 
အိနြေ္ဒရအောင် နေထိုင်သွားနိုင်ခဲ့ပါတယ်။
(၄)     Jamie Alexander
         
 “Thor” ဇာတ်ကားရဲ့ မင်းသမီးတလက်ဖြစ်မှန်း အနည်းငယ်သာ သိကြတဲ့ သူမကို 
ဇာတ်ကားရဲ့ မိတ်ဆက်ပွဲညမှာ အားလုံး ရှော့ခ်ရိုက်သွားတဲ့ ပုံစံနဲ့ 
အခုလိုမြင်တွေ့ခဲ့ရပါတယ်။ ဘယ်ဘက်တခြမ်းလုံး ဘာမှဝတ်မထားသလိုပါပဲလားလို့ 
တွေးထင်စရာပါပဲ။
(၅)     Adriana Lima
         
 Viectoria Secret ရဲ့ နတ်သမီးကတော့ ပုရိသတွေရဲ့ မျက်လုံးတွေကို 
သိမ်းပိုက်ဖို့ အမြဲတမ်းကြိုးစားနေတော့တာပါပဲ။ အခုလည်း ထပ်လုပ်လာပြန်ပါပြီ။
 သူမရဲ့ နေရောင်အနမ်းခံထား ရတဲ့ အသားအရည်အလှကို ဘေးတစ်ခြမ်းလုံး 
ဗလာကျင်းပြီး ပြသထားပါတယ်။ 
Ref:mensxp
 






 
 
 
 
 
0 comments:
Post a Comment