Monday, December 2, 2013

အမွှေးမရှိတဲ့ နို့တိုက်သတ္တ၀ါအချို့

နို့တိုက်သတ္တ၀ါတွေအားလုံး အမွှေးရှိကြပါတယ်။ ဒါဟာ သူတို့ရဲ့ သတ်မှတ်ထားတဲ့ ဇီဝဖြစ်စဉ် စရိုက်လက္ခဏာပါ။ ဒါပေမယ့် တချို့သော မျိုးစိတ်အနည်းငယ်ဟာ အမွှေးအလွန်နည်းပါးလွန်း တဲ့အတွက် ကိုယ်လုံးတီးပုံစံပေါက်နေပြီး အလွန်ကို့ရို့ကားယားနိုင်ပါတယ်။ ဒီတော့ နို့တိုက်သတ္တ၀ါ သစ္စာဖောက်ကလေးတွေကို နည်းနည်းလေ့လာကြည့်ရအောင်။
(၁)     Sphynx Cat
အမွှေးမရှိတဲ့ကြောင်ပါ။ သူတို့ကိုကြည့်ရတာ အသဲယားစရာကောင်းပေမယ့် သူတို့ကတော့ သက်တောင့်သက်သာ နေနိုင်ပုံပါပဲ။
(၂)     Cetaceans
          ဝေလငါး ၊ လင်းပိုင်တို့ကို ခေါ်တာဖြစ်ပြီး သူတို့တွေဟာ နို့တိုက်သတ္တ၀ါထဲမှာ အကြီးမားဆုံးသော အမွှေးမဲ့အုပ်စုပဲ ဖြစ်ပါတယ်။
(၃)     African Elephant
ကမ္ဘာ့အကြီးဆုံး ကုန်းနေနို့တိုက်သတ္တ၀ါအုပ်စုဖြစ်တဲ့ အာဖရိကဆင်တွေဟာ အမွှေးမရှိပါဘူး။ သူတို့တွေဟာ အကောင်အရွယ်အစား ကြီးလာလေလေ အမွှေးတွေပိုကျွတ်ပြီး ပိုဆုံးရှုံးလာလေလေ ပါပဲ။
(၄)     Walrus
အမွှေးတွေက နို့တိုက်သတ္တ၀ါအတော်မျာများအတွက် လျှပ်ကာပစ္စည်းပါပဲ။ ပင်လယ်ဖျံတွေဟာ အရေပြားအလွန်ထူကြပါတယ်။ ဒီတော့ အမွှေးတွေဟာ သူတို့အတွက် လုံးဝကို အသုံးမ၀င်တဲ့ အရာပါပဲ။ ဒီအချက်ကြောင့်ပဲ သူတို့ခန္ဓာကိုယ်တွေဟာ ကိုယ်လုံးတီး ထွက်ပေါ်လာရပါတော့တယ်။
(၅)     Hairless dogs
          လက်ရှိမှာ အမွှေးမဲ့ခွေး မျိုးကောင်းမျိုးသန့် သုံးမျိုးလောက်ရှိပါတယ်။ တရုတ် အမွှေးမဲ့ခွေး ၊ မက်ဆီကန် အမွှေးမဲ့ခွေး နဲ့ ပီရူးဘီယန် အမွှေးမဲ့ခွေး တို့ဖြစ်ပါတယ်။ သူတို့တွေဟာ အိမ်မွေး တိရိစ္ဆာန်ချစ်သူတွေ အတွက်လည်း အလက်ဂျစ်ဖြစ်ခြင်းက ကင်းဝေးစေနိုင်တယ်လေ။
Ref:mnn
Trend Myanmar

0 comments:

Post a Comment