ထိုလှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၁ဝ ရက်နေ့အထိသတ်မှတ် ပြီးယင်းရက်ပေါင်း ၁၆ ရက်တာအတွင်း နိုင်ငံအရပ်ရပ်မှ အကြမ်းဖက်ခံခဲ့ရသည့် အမျိုးသမီး များ၏ ဖြစ်စဉ်နှင့် ယင်းကဲ့သို့ ဖြစ်ရပ်များ ထပ်ကာထပ်ကာ မဖြစ်ပွား စေရန် ပညာပေးဆွေးနွေးပွဲများ၊ ဟော ပြောလှုံ့ဆော်မှုများ ပြုလုပ်ကြရန်လည်း ဖြစ်သည်။ တစ်နည်း ဆိုလျှင် အမျိုးသမီး ထုအားလုံးအပေါ်ကိုယ်စားပြုသက်ရောက် သည့်လှုပ်ရှားမှုလည်း ဖြစ်သည်။ယင်းသို့ဆိုခြင်းဖြင့် အမျိုးသားများ ပူးပေါင်းပါဝင်ရန်မလိုအပ်ဟု အဓိပ္ပာယ် မသက်ရောက်စေလို။ အမျိုးသားများနှင့် ဆိုလျှင်သာ၍ပင် သက်ဆိုင်သည်လည်း ဖြစ်ရာ အမျိုးသားထုတစ်ရပ်လုံးလည်း မျက်ကွယ်မပြုထားသင့်သည့် ၁၆ ရက် တာ လှုပ်ရှားမှုပင် ဖြစ်၏။
၁၆ ရက်တာ လှုပ်ရှားမှုအစနေ့ နိုဝင်ဘာ ၂၅ ရက်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ ဖြစ်ပြီး ဒိုမီနီကန်သမ္မတနိုင်ငံ၏ သမ္မတ Rafael Leonidas Trujillo Molina မှ ၎င်းကို ဆန့်ကျင်သည့် ညီအစ်မများ အပေါ် လုပ်ကြံသတ်ဖြတ်ရာမှ ၁၉၉၉ ခုနှစ်၌ ပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ ၅၄ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် တရားဝင်နေ့တစ်ရက်အဖြစ် ထားရှိရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုနေ့ကို ”ဖဲကြိုးဖြူနေ့”ဟုလည်း ခေါ်သည်။ရင်ဘတ်၌ ဖဲကြိုးဖြူတပ်ဆင် ပါကမိမိ သည်အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုများအား တတ်နိုင်သမျှကာ ကွယ် ထားဆီးပေးပါမည်ဟူသည့် သဘော သ ဘာဝကိုလည်း ဆောင်ကြဉ်းသည်။
သို့သော် ယင်းနေ့က ”ဖဲကြိုးဖြူ”တပ်ထားသည့် အမျိုးသမီး၊အမျိုးသားဦး ရေများစွာကို ကောင်းစွာ မမြင်တွေ့ခဲ့ရ ပေ။ ယင်းအတွက် ၁၆ ရက်တာလှုပ်ရှား မှု၌အဓိကပါ ဝင်ဆောင်ရွက်သည့် ကျား၊ မရေးရာတန်းတူညီမျှမှု ကွန်ရက်မှ အကြီး တန်း ညှိနှိုင်းဆောင်ရွက်သူ မမေစံပယ် ဖြူက”ကျယ်ကျယ်ပြန့်ပြန့်မသိသေးတာ ပါ”ဟု ဆိုသည်။ ၁၆ ရက်တာလှုပ်ရှားမှုတွင် အမျိုး သမီးများနှင့် သက်ဆိုင်သည့်နေ့တစ်နေ့ ဖြစ်သည့် နိုဝင်ဘာ ၃ဝ အရှေ့တောင် အာရှအမျိုးသမီးများနေ့ အပြင်အမျိုးသမီး အခွင့်အရေး အတွက် မွန်ထရီမြို့တွင် တိုက်ပွဲဝင်တောင်းဆိုခဲ့သည့် အင်ဂျင်နီ ယာကျောင်းသူ ၁၄ ဦးသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဒီဇင်ဘာ ၆ ရက် မွန် ထရီမြို့လူသတ် ပွဲနှစ် ပတ်လည်နေ့လည်း ပါဝင်နေပြန်သည်။ ထို့အပြင် ဒီဇင်ဘာ ၁ ရက်ကမ္ဘာ့ AIDS နေ့၊ ဒီဇင်ဘာ ၃ ရက်ကမ္ဘာ့မသန်မစွမ်းသူများနေ့နှင့်ဒီဇင် ဘာ ၁ဝ ရက် ကမ္ဘာ့လူ့အခွင့်အရေး နေ့ တို့ကိုပါတစ်ပေါင်းတစ်စည်းတည်း ထည့် သွင်းကာ ၁၆ ရက်တာလှုပ်ရှားမှုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခုနှစ် ထို ၁၆ ရက်တာ လှုပ် ရှားမှုအတွက် ပြည်တွင်းမှ အဖွဲ့အစည်း ပေါင်း ၂၈ ဖွဲ့ပါဝင်သည်။ ၂ဝ၁၂ ခုနှစ် ၌ အဖွဲ့ပေါင်း ၂၆ ဖွဲ့ ပါဝင်ခဲ့ပြီး ယခု တွင် မသန်စွမ်းအမျိုးသမီး အသင်းနှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)တို့ပူးပေါင်းလာခြင်းဖြစ် သည်။ ၁၆ ရက်တာလှုပ်ရှားမှုတွင် အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေးအတွက်ပြည်သူလူထုအတွင်း အသိ ပညာမြှင့်တင်ရန်ရည်ရွယ်သည်။ ပြီးလျှင် မျှော်လင့်ထားသည်က အမျိုးသားများ ပိုမိုပူးပေါင်းပါဝင် လာရန် ဖြစ်သည်။ ထိုမျှော်လင့်ချက် အကောင် အထည်ပေါ်ခြင်းမပေါ်ခြင်းထက် သက် ဆိုင်သည့် အမျိုးသမီးထုအားလုံးပင် ပူး ပေါင်းပါဝင်နိုင်မှု အားနည်းနေသည်ကို မြင်နိုင်သည်။
ယခင်နှစ်က ၎င်း ၁၆ ရက်တာ အ တွင်းအမျိုးသား၊ အမျိုးသမီးဦးရေ ၄၅ဝ ခန့်ပါဝင်သည့် လူထုလမ်းလျှောက်ပွဲ ပြုလုပ်နိုင်ခဲ့သော်လည်း ယခုနှစ် အတွက်မူ ထိုသို့သော လှုပ်ရှားမှု ကြီးကြီး မားမားကို လှုပ်ရှားမှုပြုလုပ်ရန် စီစဉ်သူ များကပင် မပြုလုပ်နိုင်ခဲ့ဟု မမေစံပယ် ဖြူက ဝန်ခံသည်။ အမျိုးသမီးများနှင့် သက်ဆိုင်သည့် ပွဲများက ၂ဝ၁၃ ခုနှစ် အတွင်းများပြားလာခြင်းကြောင့် ပွဲပန်း ခြင်းဖြစ်သည်ဟု ဆိုသည်။
”အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုရပ်တန့်ဖို့ အမျိုးသားများလည်း ပါဝင်စို့”ဟူသည့်စာသားကို ခရမ်းရောင် တီရှပ်ပေါ်တွင် ရိုက်နှိပ်၍ဆင်တူများ ဝတ်ဆင်ကာ လမ်းလျှောက်ခဲ့ကြသည်။ ယမန်နှစ် လှုပ်ရှားမှုမျိုး ယခုနှစ်တွင် မပြုလုပ်ဖြစ်တော့ပေ။မပြုလုပ်ရ သည့် အကြောင်းအရင်းအချက်များလည်း ရှိ သေးသည်။”ပစ္စည်းတွေ လုပ် ရင် ပစ္စည်းရတဲ့ သူမှ ဝတ်ဖြစ်မယ်။ လူတိုင်းမပါဝင်နိုင် ဘူး”ဟု မမေစံပယ်ဖြူက ဆက်ပြော သည်။
ထို့ကြောင့် စပို့ရှပ်များ မရိုက်နှိပ် တော့ဘဲ အင်္ကျီအဖြူရောင်ကိုသာ ၁၆ ရက်တာအတွင်း ဝတ်ဆင်ရန် သတ်မှတ် ခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် အထိမ်းအမှတ်အဖြစ် ရိုက်နှိပ် ဖြန့်ချိ မည့်အင်္ကျီ၊ ပစ္စည်းများမှာ ဝေငှရာ၌ မလောက်ငပါက လူအားလုံးမပါဝင်နိုင်။ အင်္ကျီအဖြူတစ်ထည်ကတော့ လူတိုင်း တွင်ရှိကြမည်သာဖြစ်၍ ၎င်းလှုပ်ရှားမှု ကို မမေစံပယ်ဖြူက လူတိုင်းပါဝင်လှုပ် ရှားနိုင်စေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်းပါဝင်စေရန် ရည်ရွယ် သည့်အထက်ပါ လှုပ်ရှားမှုက လူတိုင်း ပါဝင်လာစေရန် လုပ်ေ ဆာင်ရာတွင် အခက်အခဲရှိနေသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ပတ်သက်သည့် ထို လုပ်ဆောင်မှုကြီးသည် အမှန်တကယ် သွက်လက်စွာလည်ပတ်ရန် လူသိရှင် ကြားဖြစ်ရန် လူထုကြားသို့ ထိုးဖောက် နိုင်ရန် အခက်အခဲများစွာရှိနေသည်။
ပထမဆုံးအနေနှင့်လည်းဖြစ်ကာ အရေးကြီးဆုံးဖြစ်သည့်အချက်မှာ ‘ကြော် ငြာ’အင်အားဖြစ်သည်ဟု သိရသည်။ အမျိုးသမီးများအကြမ်းဖက်ခံရမှု လျော့ ပါးစေရန်ဆိုပါက အကြမ်းဖက်မည့်သူ များအကြမ်းမဖက်သော်လည်း တာဝန်ရှိ သည့်အမျိုးသားများနှင့် တစ်နိုင်ငံလုံး သိစေရန် ကြော်ငြာအား ကောင်းရန် လို အပ်မည်။ သတင်းစာ၊ နံရံကပ်စာစောင် မှအစ ရေဒီယို၊ ရုပ်မြင်သံကြားအလယ် မြေစိုက်ဆိုင်းဘုတ်ကြီးများအဆုံး တ အုံးအုံးတကျွက်ကျွက်ဖြစ် ရန် ကြော်ငြာ ပေးရ မည်။ ကြော်ငြာရန် လည်းလို သည်။ ထိုသို့သော ကြော်ငြာအားကို ကောင်း မွန်စွာ အသုံးချနိုင်ပါက လူထုကြားတွင် လျင်မြန်စွာ ထိုးဖောက်သိမြင်စေမည် ဆိုသော်လည်း အဆိုပါကြော်ငြာများက ”အခမဲ့” ရသည်ဟူ၍ မရှိဟု မမေစံပယ် ဖြူက ဆိုသည်။ ဆောင်ရွက်သည့် အဖွဲ့ အစည်းများမှာ အန်ဂျီအိုများ ဖြစ်နေပြီး ဘတ်ဂျက်အနေအထားနှင့် လိုက်ပါချင့် ချိန်ရသည့်အခါမျိုးတွင် နေရာတိုင်း၌ ကြော်ငြာရန် မဖြစ်နိုင်ဟုလည်း ဆို သည်။ ထို့ကြောင့်ပင် အမျိုးသမီးများ အကြမ်းဖက်ခံနေရမှုများကို ရပ်တန့် ရန် အသိပညာပေး ထားသည့် စာတမ်း များ၊ သတင်းများ၊ ကြော်ငြာဆိုင်းဘုတ် များ ကျယ်ပြန့်စွာ မတွေ့ရတော့။
”တကယ်တမ်းကျတော့ ဒီကိစ္စမျိုး က အစိုးရကိုယ်တိုင်က ထဲထဲဝင်ဝင် ဆောင်ရွက်ရမှာ” ဟု အမျိုးသမီးအဖွဲ့ အစည်းများ ကွန်ရက်မှ ဒေါ်ရွှေရွှေစိန် လတ်က ဆိုသည် ။နိုင်ငံတကာနှင့် မခိုင်းနှိုင်းဘဲ အိမ် နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ တွင်ပင် အမျိုးသမီးများ အကြမ်းဖက် စော်ကားခံရမှုများအပေါ် တစ်ထိုင် တည်း ဖြေရှင်းပေးမည့် အစိုးရမှ ထား ရှိပေးထားသည့် ဆေးခန်း၊ တရားရုံး၊ လူမှုအဖွဲ့အစည်း၊ NGO ၊ ရဲနှင့် ရပ် ကွက်အလိုက် တာဝန်ရှိသူများ အသင့် ရှိသည်ဟု သူက နှိုင်းယှဉ်ပြသည်။ အမျိုးသမီးများအရေးနှင့် ပတ်သက် သည့် လှုပ်ရှားမှုများသည် ယခုထက် တိုင် အားနည်းမှုများ ရှိနေသေးပြီး ယင်း အားနည်းမှုများက ပြည်တွင်း၌ရှိ နေသည့် အစိုးရနှင့် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရန်လည်း လိုအပ်သည်ဟု ဆိုသည်။
လက်ရှိတွင် တိုက်ရိုက်သက်ဆိုင် သည့် အမျိုးသမီးများ ကိုယ်တိုင်ပင် ပါဝင်ရန် အမြင်နည်းပါးနေသေးသည်။ ၎င်းမှာ အုပ်ချုပ်မှုအပိုင်းနှင့် စီရင်ဆုံး ဖြတ်သူများတွင် အမျိုးသားဦးရေများပြီး အမျိုးသမီးဦးရေ နည်းပါးနေခြင်းနှင့် အမျိုးသမီးရေးကိစ္စမှာ အခြားသောကိစ္စ ရပ်များနှင့် ယှဉ်လျှင် အရေးမကြီးဟူ သည့် ခေါင်းစဉ်အောက်သို့ တွန်းပို့ခံ နေရခြင်းတို့က အထက်ပါဖြစ်စဉ်များ ကို အမြစ်တွယ်လာစေသည့် အချက် တို့လည်းဖြစ်သည်ဟု ၎င်းက ကောက် ချက်ချသည်။ မည်သို့ပင်ဆိုစေ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ၊ ကိုယ်၊ စိတ်နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ သည် မြန်မာ၌သာမက ကမ္ဘာတွင်ပါ ဖြစ်ပွားနေဆဲ ဆေးမရှိ
ရောဂါတစ်ခုဖြစ် သည်။ အမျိုးသမီးအဖွဲ့များ၊ လူ့အခွင့် အရေးအဖွဲ့များ၊ NGO များမှစတင်လှုံ့ ဆော်ဆောင်ရွက်ကြသော်လည်း ယင်းလုပ်ဆောင်မှုများ သိသာ စွာ ရွေ့ လိုလျှင် ၎င်းလုပ်ဆောင်မှုများအပေါ် သက်ဆိုင် ရာ အစိုးရ၏ ပူးပေါင်းပါဝင်မှုက အဓိ က ဖြစ်သည်။ ထို့အတွက် အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရ က်မှ ဒေါ်ေ ရွှ ရွှေစိန်လတ်က ပြည်တွင်း၌ စစ်မှန် သည့် ပြည်သူ့အစိုးရပေါ်ပေါက်လာ လျှင် ယခုထက် ပိုမိုကျယ်လောင်သည့် လှုံ့ဆော်သံများ ထွက်လာမည်ဟု ယုံ ကြည် သည်။ သို့သော်လည်း ယုံကြည် သည်က မျှော်လင့်ရရုံ အခြေအနေ သာ ရှိနေပြီး လက်ရှိ နိုင်ငံအတွင်း၌ ဖြစ်ပျက် နေသည်က တခြားစီဖြစ်နေပုံကို ”ဒီမှာက ဦးစားပေးရ တာတွေ များလို့ အမျိုးသမီး တွေကိစ္စကို ဦးစားမပေးနိုင်တာ ထင်ပါ တယ်” ဟု ဆိုသည်။
အကြမ်းဖက်မှုဟု ဆိုရာတွင် ပြင်း ထန်သည့် ညှဉ်းပန်းနှိပ်စက်စော်ကားမှု များကိုသာ မြင်ယောင်မိကြပြီး အမှတ် တမဲ့ လုပ်ဆောင်မိတတ်ကြသည်ကိုမူ သတိမထား မိကြ သည့် အမျိုးသားများ ရှိနေကြောင်း ”အခရာ အမျိုးသမီး အဖွဲ့” မှ မထားထားက ပြောသည်။ ထို့ပြင် အထက်ပါ အမျိုးသားများကဲ့သို့ ပင် မိမိကိုယ်တိုင် အကြမ်း ဖက်ခံ ရသည် ဟုမသိသည့် အမျိုးသမီးများလည်းရှိနေ သေးကြောင်း ၎င်းကထောက်ပြသည်။
”အကြမ်းဖက်မှု ရပ်တန့်လို့ ပြော မှာထက် အဲဒီအဓိပ္ပာယ်ကို သိကို မသိ နေတာ။ အဲ့ဒါအဓိကပဲ” ဟု ဆိုသည်။ ”အကြမ်းဖက်ခြင်း” ဟူသည့် စကားရပ် အပေါ် များစွာ နားမလည်ခြင်းကပင် အမျိုးသမီးများနှင့် အမျိုးသားများ ကြား အသိပညာ ကောင်းစွာဖလှယ်၍ မရနိုင် သေးခြင်း ဖြစ်သည်။ အမျိုးသမီးများ လိုင်းကားပေါ် တွင် မဖွယ်မ ရာ ပြုလုပ်ခံရမှုများမှ ကာ ကွယ်ရန် ၂ဝ၁၂ ခုနှစ်က ဝီစီကမ်ပိန်း တစ်ခု ပြုလုပ်ခဲ့သည်ကို လက်လှမ်းမီ သူများမှတ်မိကြမည် ဖြစ်သည်။ ၎င်းက အမျိုးသမီးများ စကားပြော ရာမှ ပေါ် ပေါက်လာသည့် ကာကွယ်ရေးအစီ အစဉ်တစ်ခုဖြစ်ခဲ့ပြီး လိုင်းကားမှတ်တိုင် များ၊ ယာဉ်ပေါ်တို့တွင် ဝီစီများ ဝေငှခဲ့ ကြသည်။ ရည်ရွယ်ချက်မှာ မဖွယ် မရာ ပြု လုပ် ခံရပါက အမျိုးသမီးက ဝီစီမှုတ် ရန်နှင့် အနီးပတ်ဝန်းကျင်မှ လူများက လည်း ဝီစီမှုတ်သည့် အမျိုးသမီးအပေါ် တွင် ကူညီပေးရန် ဖြစ်သည်။ ယင်း အစီအစဉ်သည် လွန် စွာရိုးရှင်းပြီး ပြု လုပ်ရန် လွယ်ကူသည့် ကိစ္စဖြစ်သော် လည်း ယနေ့အချိန်ထိ ကြာရှည်စွာ မရပ်တည်နိုင်ခဲ့။ ”ကမ်ပိန်း” ဟု အမည် နာမစတင်တပ်မိခြင်းကြောင့်ပင် အစိုး ရ၏ ခွင့်ပြုချက်၊ ပံ့ပိုးမှုများ လွယ်ကူစွာ မရခဲ့ကြောင်း မထားထားက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင်သို့ ပူးပေါင်း ပါ ဝင်ပေးရန် အကူအညီ တောင်းခဲ့သော် လည်း ထင်ထားသည့်တွေ့ဆုံကူညီမှု များ မရခဲ့ပေ။ ယင်းက စတင် ပြုလုပ် ခဲ့သည့် အမျိုးသမီးများအတွက် အား မလိုအားမရ ဖြစ်စေ သည့် အရာများ ဖြစ် သည်ဟု သူက ဖွင့်ဟသည်။
ယာဉ်လိုင်းများနှင့် ပတ်သက် သည့်အတွက် မထသ အဖွဲ့များနှင့် ညှိ နှိုင်းသော်လည်း အဆိုပါ အဖွဲ့အစည်း များက အထက်သို့ ခွင့်တောင်းယူပါ ဟု ပြောဆိုခဲ့ကြပြီး လိုအပ် သည်ထက် ပိုမို အချိန်ယူခဲ့ကြရသည်ဟု သိရသည်။ ”ဒီ့ထက် အများကြီးလုပ်လို့ ရနိုင် ပေမယ့် ဒါမျိုးတွေကြောင့် လုပ်လို့ မရခဲ့ ဘူး” ဟု ဆိုသည်။အမျိုး သမီးတို့ သည် နိုင် ငံတကာ တွင် အိမ်တွင်းအကြမ်းဖက်မှုမှစ၍ လူ ကုန်ကူးခံရမှုများအထိပါ ပြုလုပ်ခံနေကြ ရသည်။အသက်ကြီးငယ်မရွေး၊ ဘာသာ လူမျိုးမရွေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာများ စော်ကား ခံနေကြရသည်။ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ ရပ်တန့်စေရန်သည် ဥပဒေနှင့်သာမက လူမှုရေးပုံစံများဖြင့် ပါ ဝိုင်း ဝန်းဖြေရှင်းသင့်သည့် ခေါင်းစဉ် တစ်ခု ဖြစ်လာသည်။ အမျိုးသားများ ကိုယ်တိုင်ကပင် အမျိုးသမီးများအပေါ် ပိုမိုနားလည်လာရန်နှင့် အကြမ်းဖက် စော်ကားမှုများကို ကိုယ် တိုင်မှစ မကျူးလွန်မိစေရန်ဆင်ခြင်ကြရမည်။ ထို့အတူ အမျိုးသမီးများသည်ပင် မိမိတို့၏ အခွင့်အရေးနှင့် ကာကွယ်ပိုင်ခွင့်များကို ပိုင်နိုင်စွာ နားလည်ထားရန် လိုအပ် သည်။
အမျိုးသမီးများ အရေးသည် တစ်မျိုးသားလုံး ပူးပေါင်းဆောင်ရွက်ရမည့် National Issue တစ်ခုလည်း ဖြစ်သည်။ သို့သော်သတ်မှတ်ကာလ ပြီးဆုံး သည်နှင့် ငြိမ်သက် သွားတတ်သည်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကို လှုပ်ရှားမှုများဖြင့် ကုသသည့်အပြင် ဆွေးနွေးပညာပေးခြင်းတို့ဖြင့် ကာကွယ် ထားနိုင် လျှင် နိုင်ငံတစ်နိုင် ငံသည် ယခု ထက်ပို၍ပင် ကောင်းမွန်စွာ ပြောင်းလဲ လာနိုင်မည် ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ခြင်းသည် ”အိမ်တွင်း ငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့” ဟူ၍ ဖြစ်လျှင် ၎င်းသည် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းတစ်ခုဟူ၍သာ…
သုတလင်း
Popular Myanmar
0 comments:
Post a Comment