Friday, December 13, 2013

စိမ်းလန်း၊ သန့်ရှင်း၊ ချစ်ကြည်ခြင်းဖြင့် ရွှေမြန်မာတို့၏ နိုင်ငံ့ဂုဏ်ကို မြှင်တင်လိုက်သည့်ပွဲ

စိမ်းလန်း၊ သန့်ရှင်း၊ ချစ်ကြည်ခြင်းဖြင့် ရွှေမြန်မာတို့၏ နိုင်ငံ့ဂုဏ်ကို  မြှင်တင်လိုက်သည့်ပွဲ

ရွှေမြန်မာတို့၏ အားကစားလောက သမိုင်းအစဉ်အလာကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပေးနိုင်မည့် အခွင့်ထူးတစ်ရပ် ကို ၁၁.၁၂.၂ဝ၁၃ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ တစ်နည်း အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်က (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးအား အိမ်ရှင်နိုင်ငံအဖြစ် တတိယအကြိမ်မြောက် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရခြင်းမှာ အာဆီယံဒေသတွင်း နိုင်ငံများ အချင်းချင်း ချစ်ကြည်ရင်းနှီး မှု ပိုမိုရရှိစေရန်နှင့် နိုင်ငံတစ်နိုင်ငံ ချင်းစီ၏ ယဉ်ကျေးမှုကို အခြားသော နိုင်ငံများက သိရှိစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ် သလို အာဆီယံဒေသတွင်း နိုင်ငံများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒကို အကောင်အထည် ဖော်ဆောင် ရွက်ခြင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ အားကစားစိတ်ဓာတ်၊ အားကစား အရည်အသွေးနှင့် ဂုဏ်သိက္ခာများ ကို ဖော်ထုတ်ပြသခွင့် ရသည့်ပွဲလည်း ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့အချိန်အခါသည် ရွှေမြန်မာတို့ လိုလားတောင့်တသည့် အောင်မြင်ခြင်း အသီးအပွင့်များကို စားသုံး နိုင်ရန်၊ ရွှေမြန်မာရှိ အားကစားသမားတို့၏ စိတ်ဓာတ်နှင့် ခံယူချက်ကို အရင်းတည်ကာ ဝါသနာနှင့် ကျွမ်းကျင်မှုကို ပေါင်းစပ်၍ အားကစားကဏ္ဍ တိုးတက်ပွင့်လန်းခြင်း သစ်ပင်ကို စတင်ပျိုးထောင်ရန် အချိန်အခါကောင်းပင် ဖြစ်ပါ သည်။ အချိန်အခါကောင်းနှင့်အညီ ဖွင့်ပွဲအခမ်းအနားကြီးအား တရားဝင် မဖွင့်မီကပင် ရွှေမြန်မာ အားကစားသမား များက အမိမြန်မာနိုင်ငံအတွက် ရွှေဆု(၁၈)ဆု ရရှိထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။
အိမ်ရှင်မြန်မာတို့၏ တာဝန်ဝတ္တရားနှင့်အညီ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအား စည်ကားခမ်းနားစွာ ကျင်းပနိုင်ခဲ့ပုံကလည်း အမိမြန်မာနိုင်ငံတော်အား အရှေ့တောင်အာရှ ဒေသမှသည် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်ခဲ့ရပါသည်။ ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် ဇနီး၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဒုတိယ ဝန်ကြီးချုပ်များ၊ ဘရူနိုင်းနိုင် ငံ အိမ်ရှေ့မင်းသား၊ တရုတ်နှင့် အာဆီယံနိုင်ငံများမှ အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ နှင့် မြန်မာအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများအပြင် တာဝန်ရှိသူများ စသည်ဖြင့် စုံစုံညီညီ တက်ရောက်ခဲ့ကြသလို အားကစားသမားများ စုစုပေါင်း ၃ဝဝဝဝ ခန့်က တက်ရောက်အားပေး ကြသည်ကလည်း အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သတင်းကို မွှေးပျံ့စေခဲ့ရပါသည်။
ထို့အပြင် ဖွင့်ပွဲအခမ်းအနားကို အစီအစဉ်(၁၄) ခုဖြင့် စနစ်တကျ တင်ဆက်ပြသ နိုင်မှုကလည်း ပါဝင်ကူညီခဲ့ကြ သည့် စေတနာ့ဝန်ထမ်းတို့၏ ညီညွတ်သောစွမ်းအား၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ရာဇဝင်၊ မြန်မာ့တူရိယာ လက်ရာ များဖြင့် ဖျော်ဖြေပြသ နိုင်ခြင်းကလည်း အာဆီယံဒေသမှသည် ကမ္ဘာ့အသိုင်းအဝိုင်းသို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေ အနှစ်များ ထပ်မံဖော်ထုတ် ပြသနိုင်ခဲ့မှုက ရွှေမြန်မာတို့အတွက် ဂုဏ်ယူရမည့် အခမ်းအနားကြီးပင် ဖြစ်ပါသည်။ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ စေတနာရှင်များ၊ အနုပညာရှင်များ အားလုံး ကိုလည်း ကျေးဇူးမော်ကွန်း တင်အပ်ပါသည်။
အလားတူ ကျောင်းသား၊ ကျောင်းသူ ၁၄၉၉ ဦးတို့၏ ကွင်းအတွင်း သရုပ်ပြသမှုကလည်း နိုင်ငံတကာ အားကစား ဖွင့်ပွဲကြီးများအတိုင်း အမှားအယွင်းမရှိ အံ့သြမှင်တက်ဖွယ် ဖြစ်ခဲ့ရမှုက ကမ္ဘာမှာ မြန်မာဟေ့ဟူ၍ ဂုဏ်မာန်ဝင့်ခဲ့ရ ပြန်ပါ သည်။ ထို့ပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ပြသသည့် သရုပ်ပြသမှုများ၊ အနောက် တိုင်းတေးဂီ တဖြင့် ဖျော်ဖြေတင်ဆက် နိုင်ခဲ့မှုများက မြန်မာနိုင်ငံ၏ လုံခြုံစိတ်ချမှုကို ထပ်မံထုတ်ဖော် ပြသနိုင်ခဲ့ ခြင်းတို့ က ရွှေမြန်မာတို့အတွက် များစွာဂုဏ်တက် စေခဲ့ရပါသည်။ ရွှေမြန်မာတို့အတွက် အမိမြန်မာနိုင်ငံတော်၏ ဂုဏ်ကျက် သရေကို ဆတက်ထမ်းပိုး မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည့် အားကစားကွင်း၊ အားကစားရုံများကို တည်ဆောက် မွမ်းမံခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြု အားကစားပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်း၊ အားကစား သမားများ စိတ်ချမ်းမြေ့စွာ တည်းခိုစားသောက်နိုင်ရေးနှင့် သက်သောင့်သက်သာဖြင့် ပြိုင်ပွဲသို့ အချိန်မီရောက်ရှိ အောင် ပို့ဆောင်နိုင်ရေး၊ ပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေး၊ ဆက်သွယ်ရေးဆိုင်ရာနှင့် အခြား သော ဝန်ဆောင် မှုများကို အဘက်ဘက်မှ လိုလေသေးမရှိအောင် စီစဉ်ဆောင်ရွက်ခဲ့သလို ယခုကဲ့သို့ စည်ကားစွာ ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ''ပွဲမဝင်ခင် အပြင်ကကျင်းပ'' ဆိုသကဲ့သို့ အချိန်ကာလများစွာ၊ လူအင် အားများစွာအပြင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများအတွက် ပြည်ပနိုင်ငံများ၏ ပံ့ပိုးကူညီမှုများကလည်း ရွှေမြန်မာတို့အတွက် အထူးဂုဏ်တက် စေခဲ့ရပါသည်။ ထို့နည်းတူ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ကြသည့် ပြည်ပနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစား ဝါသနာရှင်များ၏ ရှေ့မှောက်တွင် ရွှေမြန်မာတို့၏ နိုင်ငံကြီးသားပီသမှု၊ မျိုးချစ်စိတ် အပြည့်ရှိမှုတို့ကိုလည်း အာဆီယံမှတစ်ဆင့် ကမ္ဘာ့အလယ်သို့ ထည်ထည်ဝါဝါဖြင့် ဂုဏ်ယူစွာ ထုတ်ဖော်ပြသခွင့်လည်း ရရှိခဲ့ပါသည်။ ထိုသို့ဂုဏ်ယူစွာ ထုတ်ဖော်ပြသခွင့် ရရှိခဲ့သည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေ၊ ဗီယက်နမ်နှင့် အိမ်ရှင်မြန်မာနိုင်ငံတို့မှ အားကစားသမား စုစုပေါင်း ၉ဝ၆၃ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံ များ၏ ရွှေမြန်မာတို့အပေါ် ယုံကြည်စိတ်ချ အားကိုးမှု ကလည်း အမိနိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာလည်း ဖြစ်ခဲ့ ရပြန်ပါသည်။ ထို့ကြောင့်လည်း ပြိုင်ပွဲတွင် အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပပြီး ရွှေတံဆိပ်စုစုပေါင်း ၄၆ဝ ဆု ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပါသည်။ ဒေသတွင်း ချစ်ကြည်ရင်းနှီးမှု၊ ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ အားကစားကို ချစ်မြတ်နိုးမှု၊ အားကစားစိတ်ဓာတ် ရှိမှုတို့ ကို ရည်ရွယ်ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ပြိုင်ပွဲဝင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားမှုကို ပီပြင်စွာ ဖော်ထုတ်ပြသနိုင်သည့် နည်းလမ်းကောင်း တစ်ရပ်ဖြစ် သလို အားကစားကဏ္ဍသည် ယနေ ကမ္ဘာတွင် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်း တစ်ခုဖြစ်သည်နှင့် အညီ ရွှေမြန်မာတို့၏ ယဉ်ကျေး ပျူငှာမှု၊ ရင်းနှီးဖော်ရွေမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများအပြင် အေးချမ်းသာယာပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင် သည့် မြန်မာအစိုးရ အဖွဲ့၏ မျက်ဝါးထင်ထင် ကြိုးပမ်းဆောင်ရွက်မှုများကို အရှေ့တောင်အာရှ နိုင်ငံများမှတစ်ဆင့် ကမ္ဘာ့နိုင်ငံများ ဆီသို့ ရွှေမြန်မာတို့၏ ဂုဏ်သတင်းက မွှေးပျံ့လျက်ရှိနေမည်မှာ အသေအချာပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့အတွက် သမိုင်းစဉ်တစ်လျှောက် ဂုဏ်ယူဝင့်ကြွားဖွယ် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲကြီးအား အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် မြန်မာတို့၏ ပူးပေါင်းဆောင်ရွက် နိုင်မှု၊ ဇွဲရှိမှု၊ အချိန်ယူ၍ လေ့ကျင့်ခဲ့မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတို့၏ ရလဒ်ပင်ဖြစ်ပါသည်။ အားကစားပြိုင်ပွဲကြီး ဖြစ်မြောက်ရေး အတွက် အစိုးရ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးမှ တက်ကြွစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ လုံခြုံရေး၊ သတင်း ထုတ်ပြန်ရေး စသော ကဏ္ဍများအလိုက် ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ရုပ်လုံးပေါ်လာသော အောင်မြင်မှု တစ်ခုလည်းဖြစ် ပါသည်။ အထူးသဖြင့် ရွာတော်တည်းခိုရေး စခန်း၌ ငါးလတာခန့် ဇွဲကောင်းကောင်း ဖြင့် စခန်းသွင်းလေ့ကျင့်စဉ် အသက်ငယ်ရွယ်သော်လည်း အားတက်သရော အပင်ပန်းခံ၍ လေ့ကျင့်ခဲ့ပြီး ဖွင့်ပွဲ၌ ပေးအပ်ထားသော တာဝန်ကို ကျေ ပွန်စွာ ဆောင်ရွက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို အထူးပင် လေးစားမိပါသည်။
တပ်မတော်အနေဖြင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ အလှူငွေကျပ် သိန်း ၁၃ဝဝ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ငွေကျပ် သိန်း ၃ဝဝ၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းမှ ငွေကျပ် ၉၂၅ သိန်းနှင့် အမေရိကန်ဒေါ်လာ ၄ဝဝဝဝ၊ အားကစားသမားများ အင်အားဖြည့် စားသုံးရန်အတွက် နေ့စဉ်ကြက်ဥ အလုံး ၁ဝဝဝ တို့အား လှူဒါန်းခဲ့ပါသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ၌ အလံကိုင် စစ်သည်များ၊ စစ်ရေးပြ စစ်သည်များ၊ စစ်တီးဝိုင်း စစ်သည်များနှင့် ပံ့ပိုးပါဝင် ဆောင်ရွက်ခဲ့သည့်အပြင် နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ တပ်နယ်များမှ စစ်သည် မိသားစုဝင် ၁ဝ၄ဦးတို့မှ ပါဝင်ဆောင်ရွက် နိုင်ခဲ့ပါသည်။ အားကစား ပြိုင်ပွဲကြီး၏ လုံခြုံရေးအတွက်လည်း လုံခြုံရေးစစ်သည်များ၊ စစ်မြေပြင် အင်ဂျင်နီယာ စစ်သည်များ၊ သံချပ်ကာယာဉ် များဖြင့် ဟာကွက်မရှိ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပေသည်။ တိုင်းပြည်အတွက် အားထားရသည့် အင်အားစု များဖြစ်သော အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့၏ ပေါင်းစည်းမှု အင်အားကို ပြသနိုင်ခဲ့သော၊ အစိုးရအဖွဲ့ ၏ ကောင်းမွန်သော စီမံခန့်ခွဲမှုကို နိုင်ငံတကာ၌ ပြသနိုင်ခဲ့သော သမိုင်း မှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ၁၉၆၁၊ ၁၉၆၉ခုနှစ်တို့၌ ပြိုင်ပွဲများတွင် ရွှေမြန်မာတို့က ရွှေဆု များဖြင့် ရွှေရောင်လွှမ်းခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံများအလိုက် စာရင်းတွင် အမိမြန်မာနိုင်ငံတော်က ပထမဆုများ ရရှိခဲ့သည်ကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှတ်တမ်းအထောက် အထားများအရ တွေ့ရှိရပေသည်။ ထို့ကြောင့် တတိယ အကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ပြန်လည်ကျင်းပခွင့် ရရှိချိန်တွင် ရွှေမြန်မာတို့၏ အစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်း နိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း စိမ်းလန်း၊ သန့်ရှင်း၊ ချစ်ကြည်ခြင်းဖြင့် ရွှေမြန်မာ တို့၏ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲကြီးအား ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သလို ပိတ်ပွဲအခမ်းအနားကြီးကိုလည်း ခမ်းခမ်း နားနားဖြင့် ကျင်းပနိုင်ရေး အတွက် နိုင်ငံသားများအားလုံး အမျိုးသားရေးအသိ စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက် ရန် လိုအပ်သလို အမိမြန်မာနိုင် ငံတော်အတွက် ဂုဏ်ယူဝင့်ကြွားဖွယ်အဖြစ် ဂုဏ်ယူရမည် ဖြစ်ပါကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်လိုက်ရပါတော့သတည်း။

မြ၀တီ

0 comments:

Post a Comment