Thursday, December 26, 2013

၂၀၁၃အတွင်း ကမ္ဘာ့ဘောလုံးလောကဖြစ်ရပ်အချို့ကို ဖော်ကျူးထားသည့် အိုမာမိုမန်နီ၏ ကာတွန်းများ



(၁) အကြင်နာတရားကင်းသော ဘရာဇီးလ် စပိန်တို့ကို နှစ်မြှပ်စေခဲ့ပြီ
၂၀၁၃ကွန်ဖက်ဒရေးရှင်းဖလားဗိုလ်လုပွဲမှာ လက်ရှိကမ္ဘာ့ချန်ပီယံစပိန်အသင်းကို ဘရာဇီးလ် ဂိုးပြတ်အနိုင်ယူခဲ့ပုံ အား သရုပ်ဖော်ထားခဲ့ခြင်းဖြစ်သည်။
(၂) ရီယိုဒီဂျနေရိုးသို့ သွားခွင့်ရခဲ့သည့် ဆင်နှင့် ခြင်္သေ့
တောင်အာဖရိကဇုန်ခြေစစ်ပွဲအောင်မြင်သွားကြသော အိုင်ဗရီကို့စ်(နာမည်ပြောင်-ဆင်များ)နှင့် ကင်မရွန်း(နာမည် ပြောင်ခြင်္သေ့)တို့မှ အဓိက ကစားသမားများဖြစ်သော ဒရော့ဂ်ဘာ၊ အီတူးတို့နှင့် သရုပ်ဖော်ထားပုံ။
(၃) ဂျာကင်ကလော့ပ်၏ရော့ခ်စတားများက ၀င်းဂါးဦးဆောင်သည့် သံစုံတီးဝိုင်းကိုကြိုဆို
ဒေါ့မွန်နည်းပြ ဂျာကင်ကလော့ပ်က ၀င်းဂါး၏အသင်းမှာ သာမန်သံစုံတီးဝိုင်းသာဖြစ်ကာ မိမိ၏အသင်းမှာမူ အပြင်း စား ရော့ခ်ကာများဟု ပြောခဲ့ခြင်းကို ဟာသဆန်ဆန်သရုပ်ဖော်ထားပုံ။
(၄) အိုးလ်ထရက်ဖို့ဒ်တွင် ပွဲချိန်စေ့သွားခဲ့ပြီ ဖာဂီ
မန်ယူအသင်းကို (၂၅)နှစ်ကြာတာဝန်ယူခဲ့ပြီးနောက် အနားယူသွားခဲ့သည့် ဖာဂူဆန်အား သရုပ် ဖော်ခဲ့ခြင်းမှာ ဟာသရှုထောင့်မှ မဟုတ်ခဲ့ဘဲ ပရိသတ်များအဖို့ ၀မ်းနည်းစရာ အထိမ်းအမှတ်အဖြစ်ဟု အိုမာမိုမန်နီက ၀န်ခံခဲ့။
(၅) မက်ဆီကို ၀မ်းသာမှုပန်းစည်းများပေးချင်ကြသူများ
၂၀၁၃ ဖီဖာရွှေဘောလုံးဆုအတွက် ဆန်ကာတင်(၂၃)ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီးနောက် (၄)နှစ်ဆက်တိုက်ဆု ကို သိမ်းပိုက်ထားခဲ့သည့် မက်ဆီဒဏ်ရာရပါစေဟု အဓိကပြိုင်ဘက်များဖြစ်သည့် စီရော်နယ်လ်ဒို၊ ရစ်ဘာရီနှင့် အီဗရာဟီမိုဗစ်ခ်ျတို့ ဆုတောင်းနေကြခြင်းကို သရုပ်ဖော်ထားပုံ

Trend Myanmar

0 comments:

Post a Comment