Sunday, December 22, 2013

မြန်မာနဲ့ထိုင်း ဘယ်သူက ကျွံခဲ့လဲ? (လူကျွံဘော နည်းဥပဒေသ)


မိမိတို့နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှ အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဆီမီးပွဲစဉ်တွင် လူကျွံနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စများ ဖြစ်ပွားသွားခဲ့ပါသည်။ မိမိတို့ အိမ်ရှင်နှင့် ထိုင်းအသင်းတို့ ကစားခဲ့သည့် ပွဲစဉ် ဖြစ်ပါသည်။ ထို့အပြင် ဒီဇင်ဘာလ (၂၁)ရက်နေ့ညတွင် ကစားသွားခဲ့သော စီးရီးအေ ကာဂလီယာလီနှင့် နာပိုလီတို့ပွဲစဉ်တွင်လည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပါသည်။ စည်းကြပ်ဒိုင်မှလည်း လူကျွံဘော စည်းမျဉ်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့် စာရေးသူ အနေဖြင့် ရှုပ်ထွေးလှသော လူကျွံဘော စည်းမျဉ်း ဥပဒေအား အနည်းငယ် ရှင်းလင်း တင်ပြပေးလိုက်ပါသည်။

၁၈၆၃ခုနှစ်တွင် FA က ဘောလုံးပြိုင်ပွဲအတွက် စည်းမျဉ်းဥပဒေသများအား စတင်ရေးဆွဲ သတ်မှတ်ခဲ့ကြသည်။ ပြိုင်ပွဲအတွက် ရိုးရှင်းလွယ်ကူသော (ယနေ့အထိ ကျင့်သုံးလျက်ရှိနေသော) ဥပဒေသ (၁၇)ချက်ကို သတ်မှတ်ရေးဆွဲ ခဲ့ကြသည်။ ထိုဥပဒေသများထဲမှ လူကျွံဘော စည်းမျဉ်းအား သတ်မှတ်ရန်အတွက် အခက်ခဲများစွာ ကြုံတွေ့ခဲ့ရပြီး၊ စီမံသူများအတွက် ခေါင်းအရှုပ်ရဆုံး စည်းမျည်း တစ်ခုဖြစ်ခဲ့သည်။ သတ်မှတ်ထားသော ဘောလုံးဥပဒေ စည်းမျဉ်းများတွင် လူကျွံဘော နည်းဥပေဒသသည် အရှုပ်ထွေးဆုံးနှင့် အငြင်းပွားမှု အများဆုံး ဖြစ်ခဲ့ရသော စည်းမျဉ်း တစ်ခုဖြစ်သည်။ ပွဲစဉ်တွင်း ဖြစ်ရပ်များကြောင့် မကြာခဏ ပြုပြင်ရေးဆွဲ နေရသော စည်းမျဉ်းဥပဒေသ တစ်ခုလည်းဖြစ်သည်။ ထိုလူကျွံဘောစည်းမျည်းကြောင့် ဘောလုံး ဥပဒေသစာအုပ်အား သမိုင်းတစ်လျှောက် သုံးကြိမ်တိုင်တိုင် ပြုပြင်ပြောင်းလဲမှုများ ပြလုပ်ခဲ့ရသည်။

အကြမ်းအားဖြင့် ပြိုင်ဘက်အသင်း၏ ကွင်းဘက်ခြမ်းသို့ ဘောလုံးမထွက်ခင် မိမိတို့အနေဖြင့် တစ်ဘက်နောက်တန်းများကို ကျော်လွန်နေခြင်း၊ တစ်ဘက်ဂိုးစည်းနားသို့ ပြိုင်ဘက်အသင်း၏ နောက်တန်း ကစားသမား တစ်ဦးမျှ မရှိပဲ ဘောလုံးထက် ကြိုတင် ရောက်ရှိနေလျှင် လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။ ထိုသို့ လူကျွံဘော သတ်မှတ်ခြင်း ခံရပါက ပြိုင်ဘက်အသင်းမှ တည်ကန်ဘော ကန်ခွင့်ရမည် ဖြစ်သည်။  

လူကျွံဘော နည်းဥပဒေသဆိုတာ ဘာလဲ ?
လူကျွံဘောမိသော ကစားသမား ဆိုသည်မှာ ကစားသမား တစ်ဦးဦးက ဘောလုံးကို ရှေ့သို့ကန်တင်လိုက်ချိန် ၎င်း၏ အသင်းဖော်က တစ်ဘက်အသင်း၏ ကွင်းဘက်ခြမ်းသို့ ရောက်နှင့်နေပြီး ထိုကစားသမားနှင့် ဂိုးစည်းကြားတွင် တစ်ဘက်အသင်း၏ ဂိုးသမားသာ ရှိနေခြင်းကို ခေါ်သည်။ တစ်ဘက်နောက်တန်း ကစားသမားများအား လက်တစ်ဘက် (၀ါ) ခေါင်းတစ်လုံး (၀ါ) ကိုယ်တစ်ခြမ်း ကျော်လွန်စေကာမူ လူကျွံဘော အဖြစ်သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။ တစ်ဘက်နောက်တန်း ကစားသမားများဖြင့် တစ်ပြေးညီတည်း ရှိနေမည်ဆိုလျှင် လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံရမည် မဟုတ်ပေ။ သို့သော် လက်မြောက်ဘော၊ ထောင့်ကန်ဘော၊ ဂိုးလွန်ဘောတို့၌ မည်ကဲ့သို့ ကျော်လွန်စေကာမူ လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံရမည် မဟုတ်ပေ။
 photo 1.jpg
လူကျွံဘော
ဤကဲ့သို့သော အခြေအနေမျိုးတွင် (A) ကစားသမားသည် လူကျွံဘော အနေထားတွင် ရှိနေသည်။ (A) ကစားသမား အနေဖြင့် (B) ကစားသမားက ဘောလုံးထိုးပေး လိုက်ချိန်တွင် ၎င်းနှင့် ဂိုးစည်းအကြား၌ တစ်ဘက် (1) ဂိုးသမား သာရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ပြစ်မှုမျိုးဆိုလျှင် နှစ်ဆင့်တည်ကန်ဘော ပေးရမည် ဖြစ်သည်။ (အထက်ဖော်ပြပါ ပုံကို ကြည့်ပါ)
 photo 2.jpg
နေရာမှန်
ဤသို့သော အခြေအနေမျိုးတွင် (A) ကစားသမားသည် လူမကျွံပေ။ အဘယ့်ကြောင့်ဆိုသော် (B) ကစားသမား ဘောလုံးထိုးပေး လိုက်ချိန်တွင် (A) ကစားသမားနှင့် တစ်ဘက် ဂိုးစည်းအကြား၌ တစ်ဘက်အသင်း၏ (2) နောက်ခံလူ တစ်ဦး ရှိနေ သေးသောကြောင့် ဖြစ်သည်။ (အထက်ဖော်ပြပါ ပုံကို ကြည့်ပါ)

လူကျွံလား? မကျွံလား?
နားလည်မှုဖြင့် မကြာခဏ သတ်မှတ်ပေးရသော လူကျွံဘောစည်းမျဉ်း အခြေအနေများစွာ ရှိသည်။ လူကျွံသော အနေထားတွင် ရှိနေသော်လည်း လူကျွံဘော စည်းမျဉ်းချိုးဖောက်သည်ဟု သတ်မှတ်ပြီး လူကျွံဘော သတ်မှတ်ပေး၍ မရသော အခြေအနေမျိုး များစွာလည်းရှိနေသည်။ ထင်ရှားမြင်သာသော ၀ိသေသ လက္ခဏာ အချို့ကို အောက်တွင် ပုံဖြင့် ဖော်ပြလိုက်ပါသည်။ 

ထင်ရှားမြင်သာသော ၀ိသေသ လက္ခဏ အမှတ်(၁)
 photo 3.jpg
နေရာမှန် (လူမကျွံ)
(A) ကစားသမားသည် ဘောလုံးကို ရသောအချိန်တွင် လူကျွံဘော အနေအထား ဖြစ်သွားမည် ဖြစ်သည်။ သို့သော်လည်း အသင်းဖော် ဘောလုံး စထုတ်ပေးသော အချိန်နှင့် အချိက်ကိုက် ထွက်နိုင်လျှင် လူမကျွံပေ။ အောက်ဖော်ပြပါ အခြေအနေ မျိုးတွင် လူကျွံဘောသတ်မှတ်၍ မရပေ။(အထက်ဖော်ပြပါ ပုံကို ကြည့်ပါ)

ထင်ရှားမြင်သာသော ၀ိသေသ လက္ခဏ အမှတ်(၂)
 photo 4.jpg
လူကျွံဘော
(A) ကစားသမားသည် ဘောလုံးရလျှင် လူကျွံဘော ဖြစ်သွားမည်။ အဘယ်ကြောင့်ဆိုသော် အသင်းဖော် (B) ကစားသမား ဘောလုံး မပေးခင်ကတည်းက တစ်ဘက်နောက်တန်း လူများအား ကျော်လွန်သော အနေထား မျိုးတွင် ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် (A) ကစားသမားသည် လူကျွံနေပါသည်။ (အထက်ဖော်ပြပါ ပုံကို ကြည့်ပါ)

ထင်ရှားမြင်သာသော ၀ိသေသ လက္ခဏ အမှတ်(၃)
 photo 5.jpg
နေရာမှန်(လူမကျွံ)
(C) ကစားသမားသည် တစ်ဘက် အသင်း၏ နောက်တန်းများကို ကျော်လွန်ပြီး ရှိနေသော အနေထားဖြစ်သည်။ သို့သော်လည်း (C) ကစားသမားသည် (A) ကစားသမားနှင့် (B) ကစားသမား တို့ကြားတွင် ပါဝင် ချိတ်ဆက် ကစားနေသော ကစားသမား မဟုတ်သောကြောင့် လူကျွံဘောဟု သတ်မှတ်၍ မရပေ။ (အထက်ဖော်ပြပါ ပုံကို ကြည့်ပါ)

ထင်ရှားမြင်သာသော ၀ိသေသ လက္ခဏ အမှတ်(၄)
 photo 6.jpg
လူကျွံဘော
(A) ကစားသမား ဘောလုံးကို လက်ခံရယူထားချိန်တွင် လူကျွံသော အနေထား ဖြစ်သော်လည်း၊ ထိုအချိန်တွင် (B) ကစားသမားက ဘောလုံးအား ရှေ့သို့ ပြန်ထိုးပေးလိုက်ပါက (A) ကစားသမားသည် လူကျွံသော အနေထားတွင် ရှိသွားမည်။ ထိုအခြေအနေတွင် (A) ကစားသမား လူကျွံသွားပြီဖြစ်သည်။ (အထက်ဖော်ပြပါ ပုံကို ကြည့်ပါ)

ထင်ရှားမြင်သာသော ၀ိသေသ လက္ခဏ အမှတ်(၅)
 photo 7.jpg
နေရာမှန် (လူမကျွံ)
(A) ကစားသမားသည် ဘောလုံး ရသောအချိန်တွင် လူကျွံဘော အနေထား၌ ရှိနေသော်ငြားလည်း၊ (A) ကစားသမားသည် လူမကျွံပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှေ့သို့ရောက်နှင့် နေပြီးသော ဘောလုံးအား နောက်မှ လိုက်ကစားသော ကြောင့် ဖြစ်သည်။  (အထက်ဖော်ပြပါ ပုံကို ကြည့်ပါ)

သို့သော်လည်း မြန်မာအမျိုးသမီးနှင့် ထိုင်းအမျိုးသမီး ပွဲစဉ်၊ နာပိုလီနှင့် ကာဂလီယာလီ ပွဲစဉ်တို့တွင် ဖြစ်ပွားသွားခဲ့သော ဖြစ်စဉ်မှာ ထင်ရှားမြင်သာသော ၀ိသေသ လက္ခဏ အမှတ်(၃) ဖြစ်စဉ်မျိုး ဖြစ်ပါသည်။ သို့သော်လည်း ဥပေဒသ သတ်မှတ်ချက်တွင် ပါဝင်နေသော အနေအထားမှာ ကျွံထွက်နေသော ကစားသမား၊ သီးခြား/သီးသန့်(၀ါ) လဲကျနေသော ကစားသမား၊ အကြောင်း အမျိုးမျိုးကြောင့် ဘေးထွက်နေသော အနေအထား အတွက် ဖြစ်နေသည်။ ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ဥပဒေသ အတွင်း ပါဝင်နေသော အချက်အလက် တစ်ခု မဟုတ်ခဲ့ပေ။ ထို့ကြောင့် အဆိုပါ ဖြစ်စဉ်မျိုးကို အချို့သော ဒိုင်များက လူကျွံဘော အဖြစ် သတ်မှတ်သော်လည်း၊ အချို့က သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ FIFA အနေဖြင့် အဆိုပါ ဖြစ်စဉ်မျိုးအတွက် ဥပဒေသကို မဖြစ်မနေ ထည့်သွင်း ရေးဆွဲသင့်နေပြီဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ပါသည်။

မြန်မာအမျိုးသမီးနှင့် ပွဲစဉ်တွင် ထိုင်းဘက်မှ ရရှိသွားသော ဂိုးမှာ အဆိုပါ ဖြစ်စဉ်ဖြင့် ထပ်တူ ကျခဲ့သော်လည်း ဂိုးကို ခွင့်ပြုခဲ့ပါသည်။ မြန်မာအမျိုးသမီးဂိုးအား ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပေ။
Written by အောင်ဇော်လတ်(မိုးနဲ)


http://www.football-cafe.com


0 comments:

Post a Comment