Saturday, December 28, 2013

ယခုနှစ်အကယ်ဒမီဆုခန့်မှန်းခြင်းနှင့်လွတ်လပ်စွာသတင်းယူခွင့်အပေါ် စာနယ်ဇင်းဆရာတို့ ၏အမြင်


မြန်မာနိုင်ငံတွင် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲ(သို့မဟုတ်)အကယ်ဒမီပေးပွဲ ကျင်းပလာခဲ့သည်မှာ အခုဆိုရင် ၅၇ကြိမ်မြောက် ရှိပြီဖြစ်သည်။  အကယ်ဒမီဆုပေး ပွဲ အခမ်းအနား စီစဉ်တင်ဆက်မှုမြင်ကွင်းပုံရိပ်များနဲ့အတူ အနုပညာရှင်တို့၏အကယ်ဒမီရင်ခုန်သံများကို ပရိသတ်များအတွက် ပြည့်စုံစွာ တင်ဆက်ဖော်ပြပေးနိုင် ရန်စွမ်းေ ဆာင်ကြိုးပမ်းကြသည့် သတင်းမီဒီယာများ အနေဖြင့် ယခုနှစ်အကယ်ဒမီ ဆုပေးပွဲမှာ လွတ်လပ်စွာသတင်းယူနိုင်ခြင်းရှိမရှိအပေါ်  စာနယ်ဇင်းမီဒီယာလော ကမှစာနယ် ဇင်းဆရာများဖြစ် ကြသည့်  ဆရာဦးဝင်းငြိမ်း၊ ဆရာဦးမြတ်ခိုင်၊ ဆရာ ဦးအောင်စိုးသူ၊ ဆရာကျော်သီဟ(ဟင်္သာတ)၊ ဆရာ လွမ်းဝေနိုင်တို့အားမေးမြန်းပြီးအ ကယ်ဒမီ ဆုပေး ပွဲနှင့် အကယ်ဒမီဆန်ခါ တင် ခုနစ်ကားအပေါ်အမြင်များကို တင်ဆက်လိုက်ပါသည်။

မင်းသား၊ မင်းသမီးတွေကို ဓာတ်ပုံရိုက်ဖို့နေရာထားမယ်…
ဆရာဦးဝင်းငြိမ်း
” မီဒီယာအတွက် မင်းသား၊ မင်းသမီးတွေကို ဓာတ်ပုံ ရိုက်ဖို့နေရာထားမယ်။ ပြီးလို့ ရှိရင် မင်းသား၊မင်းသမီးတွေ စားဖို့နေရာလုပ် ထားပေးမယ်။ ပြီးတော့မှ သူတို့ က အောက်ကို ဆင်းကြမယ်။ မီဒီယာကအောက်ကို မဆင်းရဘူး။ ပြောရင် အော်စကာဆုပေးပွဲမှာ ကင်မရာမင်းန်တွေကို မမြင်ရဘူး။ ဒါပေမဲ့ အဲဒီ Actor, Actress တွေရဲ့ ရုပ်တွေကို ပရိသတ်အကုန်လုံးမြင်ရ အောင်ပြနိုင်တယ်။ မြန်မာနိုင်ငံမှာကျတော့ လူတွေက တရုန်းရုန်း၊ တဝုန်းဝုန်းနဲ့ ဝိုင်းအုံ တော့ အဲဒီဆုရမင်းသား၊ မင်းသမီးတွေကို မမြင်ရတော့ဘူး။ အော်စကာဆုပေးပွဲက ဒီမှာလို တရုန်းရုန်း၊ တဝုန်းဝုန်းမဖြစ်ဘူး။ ဘေးက ဖြတ်သွားတဲ့အချိန် မှာ ထပြီးနှုတ်ဆက်တာလောက် ပဲရှိတယ်။ မရှိတဲ့အ တွက် မြင်ကွင်းအားလုံးက ရှင်းတယ်။ တို့ဆီမှာကျတော့ ဟိုဘက်၊ဒီ ဘက်ပြေးရင်း နှုတ်ဆက်၊ ပွေ့ ဖက်ကြတာပေါ့။ တကယ်တော့ အော်စကာဆုပေးပွဲနဲ့ ဒီဘက်ကို ယှဉ်လို့တော့ မရဘူးပေါ့။ အကယ်ဒမီဆုရွေးတာကလည်း ဇာတ်ကားအတွက်ဆိုရင် ဇာတ် အိမ်၊ ဇာတ်လမ်းကောင်းရမယ်။ သရုပ်ဆောင်ဆိုလည်း သရုပ်ဆောင် မှုပြောင်မြောက်တဲ့ လူတွေကို ရွေးတာပေါ့။
အဲဒီအထဲမှာ သတိထားမိတဲ့တစ် ကားရှိတယ်။ အဲဒီကားက မော်ကင်းဥဒါန်းကားနဲ့နောက် ရန်ကုန် ပရိသတ် လုံးဝမကြည့် ရသေးတဲ့ အမွေခံထိုက်သူဖြစ် ပါစေပေါ့ေ နာ်။ မော်ကင်း ဥဒါန်းမှာဆိုရင် ဦးကျော်ဟိန်းနဲ့ ဦး ညွန့်ဝင်း တို့က အပြိုင်သရုပ် ဆောင်ကြတယ်။ ဦးစိတ်ထဲ မှာတော့ မော်ကင်းဥဒါန်းထဲက အမျိုးသားတ စ်ယောက် ယောက် တော့ အကယ်ဒမီ ချိတ်လိမ့်မယ် လို့ထင်တယ်။နောက်တစ်ကား အတွက်တော့ လက်ပံဇာတ်ကားမှာ သရုပ် ဆောင်တဲ့  ပြေတီဦးပေါ့။ ပြေတီဦးက အငယ်ခန်းမှာလည်း ပါသလို၊ အကြီးခန်းမှာ လည်း ပါတယ်။ အဲဒီအပိုင်းနှစ်ခု စလုံးမှာ ပြေတီဦးရဲ့ သရုပ် ဆောင်မှုက ငြိမ်တယ်။ အလှုပ် နဲ့အငြိမ်ဘယ် သူအားသာသွား မလဲဆိုတာ ကတော့များသော အားဖြင့်လူကြီးတွေရဲ့ မျက်စိမှာ အလှုပ် က ပိုအားသာသွားတတ် တယ်။ အမျိုးသမီးဆုအတွက်က တော့ နဝရတ်က တိမ်မင်းသမီး နဲ့ အမွေခံထိုက်သူဇာတ်ကား နှစ် ကားရှိမယ်။ အမွေခံထိုက်သူ ဖြစ်ပါစေမှာ သူတော်တော် လုပ်ရတယ်။ တိမ်မင်းသမီးက အဓိကပေါ့။ အမွေခံထိုက်သူ ဇာတ်ကားမှာ ကလေးသရုပ် ဆောင် အားသစ်လေးက အဓိကပေါ့။ နဝရတ်က အလားအလာတော် တော်ကောင်းပါတယ်။
ဟိုဘက်က လက်ပံဇာတ်ကားမှာလည်း ဖွေးဖွေးက တော်တော်လေး ကြိုးစားထားတယ်။ မင်းသမီးဆု ကတော့ နဝရတ်နဲ့ ဖွေးဖွေးကတော့ အပြိုင်ပဲ။ အဲဒီနှစ် ယောက်ထဲက တစ်ယောက်ကတော့ ချိတ်သွားမှာပဲ။ ” ဥ” ဇာတ်ကားမှာ ချောရတနာက အရူးခန်းနဲ့ သရုပ်ဆောင်တာ တော်တယ်။ အရူးခန်းဆိုတာက တော့ အလှုပ်ပေါ့။ ဒီဘက်က စိုးမြတ် သူဇာလုပ်ရတဲ့အရာက အငြိမ်ပေါ့။ ဒီမှာလည်း အလှုပ် နဲ့အငြိမ် ဘယ်ဟာဖြစ်မလဲ ဆို တာ စဉ်းစားစရာတစ်ခု ဖြစ် မယ်။ ဇာတ်ပို့အမျိုးသမီးမှာ ဆိုရင် စိုးမြတ်သူဇာ ဒါမှမဟုတ် ချောရတနာပဲ။ ဓာတ်ပုံကို ပြောရရင် ကယန်းအလှက အာဆီယံဓာတ်ပုံပြိုင်ပွဲမှာ ဆုရထားတယ်။ ဒီဘက် မော်ကင်းမှာလည်း Photography တော်ေ တာ်ေ ကာင်း တယ်။ လက်ပံဇာတ်ကားမှာ ဒါရိုက်တာဝိုင်းရိုက်ပေးသွားတာ ဓာတ်ပုံဆရာက အထူးသဖြင့် ဦးအကြိုက်ဆုံး အခန်းတစ်ခန်း ကတော့ ဖွေးဖွေးက သူ့ အကြောင်း ပြေတီဦးကို ပြန်ပြောပြတဲ့အချိန်မှာ ၃၆ဝ ဒီဂရီပတ်လည် လှည့်ပြီးတော့ ရိုက်သွားတယ်။ ကင်မရာနဲ့ ပတ်သက်ရင် လက်ပံ၊ ကယန်းအလှ၊မော်ကင်း ဥဒါန်းဇာတ် ကားတွေကို ပြောလို့ရတယ်။ သဘောကျတာပေါ့။ ကို အောင်ကိုလတ်ရဲ့ ကယန်းအလှ ဇာတ်ကားကိုတော့ အာဆီယံဆု တော့ ပေးလိုက်ပြီးပြီ။ ဒီမှာ တော့ပေး၊ မပေး စောင့်ကြည့် ရမှာပေါ့၊”
ပြန်ကြားရေးက လူတွေကိုလည်း Media Box  မှာထားသင့်တယ် …
ဆရာဦးမြတ်ခိုင်
” ဒီခုနစ်ကားနဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေ ရှိတယ်။ ခုနစ်ကားကို ကြည့်တဲ့အခါမှာ တစ်နေ့ကို နှစ်ကားနှုန်းကြည့်ရတဲ့ ရက်ရှိသလို တစ် ကားတည်းကြည့် ရတဲ့ ရက်လည်းရှိတယ်။ စကြည့်တဲ့နေ့မှာပဲ ကြည့်တဲ့ကားကို ပြန်ကြည့်ဖို့ အစီအစဉ်ရှိမရှိ မှတ်ချက်တောင်းတယ်။ ပြန်ကြည့်မယ်ဆိုပြီး မှတ်ချက်ပေးကြ တယ်။ ပြန်ကြည့် စရာ မလိုဘူးဆိုပြီး မှတ်ချက်ပေးကြတာရှိတယ်။ တစ်နေ့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ အကယ်ဒမီနဲ့ ပတ်သက်လို့ သတင်းယူဖို့ ကိစ္စစာ နယ်ဇင်းတွေ ကို ခေါ်တွေ့ပြီး ရှင်းလင်းပွဲလုပ်ကြတာပေါ့ နော်။ အဲဒီအခါမှာ ညွှန်ကြားရေးမှူးဦးသိန်းထွန်းအောင် Power Point  နဲ့ ရှင်းပြတဲ့အထဲမှာ ၁၂ဆုလို့ ပြောသွားတယ်။ ဒီတော့ ဒီနှစ်ကတော့ ၁၂ ဆုပေးမယ်လို့ သဘောရတယ်။ တကယ်ရှိတာက ၁၁ဆုပဲ ရှိတာလေ။ သူတို့ကလည်း ကျွန်တော်တို့ရဲ့ သဘောထား (ဂိုက်လိုင်းပေါ့နော်)ပေး ပါလို့ ပြော တယ်။ ဒီ၁၁ဆုထဲ မပါဘဲနဲ့ သီးခြား ပေးချင်တာရှိရင်လည်း စဉ်းစားလို့ရပါတယ်။ အထူးတလည် မစဉ်းစားပါနဲ့လို့ စကားခံ ထားတာရှိတယ်။ ၁၂ဆုလို့ ထည့်ပြောသွားတော့ ၁၂ဆု ပေးမယ်သဘောရှိတယ်။ ၁၁x ၁ လာနိုင်တာပေါ့နော်။
သုဝဏ္ဏ ရဲ့ အင်မတန်တန်ဖိုးရှိတဲ့ ကြမ်းခင်းကြီးထဲမှာ စတိတ်ခုံကြီးကို ပုံစံပြောင်းလိုက်တဲ့အတွက် နေရာကျဉ်းသွား တယ်။ ဒီအတွက် ရှုပ်ရှုပ်ယှက်ယှက်တွေလည်း မဖြစ်ရအောင်၊ မြင်ကွင်းလည်းကောင်းအောင် live လွှင့်ပေး မှာဖြစ်တဲ့အတွက် အိမ်မှာထိုင်ကြည့် ကြတဲ့လူတွေ လည်း စိတ်အနှောင့် အယှက် မဖြစ်ရအောင် မြင်ကွင်းရှင်း တဲ့ ပုံစံမျိုးနဲ့ ပြန်ကြားရေးက လူတွေပဲအဓိကပေါ့ နော်။ Box  ထဲဆင်းမယ်၊ ရုပ်ရှင်လုပ်ငန်းနဲ့ သတင်းထုတ်ပြန်မယ်ဆိုတဲ့အစီအစဉ်တွေကို ကျွန်တော် တို့ကို ရှင်းပြတယ်။ ကျွန်တော်က ကန့်ကွက်တယ်။ သဘောမတူဘူး။ Equal Chance  ဖြစ်သင့်တယ်။ ကျွန်တော်တို့ကိုအပေါ်မှာ Media Box ထားမယ်ဆိုလို့ရှိရင် ပြန်ကြားရေးက လူတွေကို လည်း Media Box မှာထားသင့်တယ်။ ဒါမှသာလျှင် fair ဖြစ်မယ်။ မဟုတ်ရင် ဒီသတင်းယူမယ့် ကိစ္စလက်ဝါး ကြီးအုပ်ထားသလိုဖြစ်လိမ့်မယ်လို့ အကြံပြုထား တယ်။ကို လူမင်းကလည်း ဒါကို သဘောတူတယ် လို့ အစည်းအဝေးမှာ ပြောသွားတယ်။
ရုပ်ရှင်သမားမဟုတ်တဲ့ လူတွေ ရုပ်ရှင်အစည်းအရုံးမှာ လက်မှတ်အရောင်းအဝယ်လုပ်ပြီးတော့ အထဲရောက်လာတဲ့ ဗရုတ်ဗရက်တွေတော့ မရှိသင့်ဘူး။ တကယ်ရုပ်ရှင် သမားတွေကို ဂုဏ်ပြုတဲ့ပွဲဖြစ်တဲ့အတွက် ရုပ်ရှင်သမား စစ်စစ်တွေကိုပဲ ရှိစေချင်တယ်။ နှစ်စဉ်ကြုံတွေ့ရတဲ့ အခက်အခဲ တွေဆိုရင် အများကြီးပဲ။ ပေးသင့် တဲ့ဟာ ကိုပဲ ပေးမယ်ဆိုတဲ့ မူလေးတော့ ရှိတယ်။ ဝတ်ကျေတန်းကျေဆယ့် တစ်ဆုလုံးပေးမယ်ဆိုတဲ့ စိတ်မျိုးတော့ မရှိဘူး။ ကျွန်တော်တို့ဆိုရင် မပေးတဲ့ဆုတွေတောင် ရှိတယ်။ အကယ်ဒမီဆိုတာ ပြိုင်ရတာတော့ မဟုတ်ဘူး။ ပြပြီးတဲ့ကား အပေါ်မှာ အကဲဖြတ်ရတာ။ သို့သော် အဲဒီမှာ ဇာတ်ညွှန်းဆု ဆိုတာ လေးက ပြဿနာတစ်ခုရှိတယ်။ သူ့ကို မတင်ရင် မပေးဘူးဆိုတဲ့မူ အရင်ကလည်းရှိတယ်။ အခု လည်းရှိတယ်။ ကျွန်တော်တို့ လက်ထက် ကြည့်ရတဲ့အပေါ်မှာ ဇာတ်ညွှန်းမ တင်တဲ့လူတွေ အများကြီးပဲ။ အဲဒီ တော့ ဇာတ်ညွှန်းနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ဥပမာ ဇာတ်ညွှန်းဆုရလို့ စာအုပ်ထုတ်တယ်။ အဲဒါ တွေအားလုံးက ဇာတ်ကားကို ကြည့်ပြီးမှ ပြန်ရေးထားတဲ့ ဇာတ်ညွှန်းတွေ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက် တွေရှိတယ်။
စည်းကမ်းတကျ၊  စည်းစနစ်ကျကျနဲ့ သတင်းယူရမယ်…
ဆရာအောင်စိုးသူ
” အကယ်ဒမီဆုဆိုတာ ကိုယ့်နိုင်ငံရဲ့ အနုပညာလောကမှာ အမြင့်ဆုံးဆုကြီးတစ်ခုဖြစ်တဲ့အတွက် သတင်းကို ရှောရှော ရှူရှူနဲ့၊ လွယ်လွယ်ကူကူနဲ့ တက်ရောက် ယူခွင့်ေ တာ့ လိုချင်တာပေါ့။ ဒီနှစ်မှာလည်း အစည်းအရုံးရော၊ တာဝန်ရှိ သူတွေရော လွယ်လွယ်ကူကူနဲ့ သတင်းတက် ရောက်ယူခွင့် လုပ်ပေးစေချင်တယ်။ ကျွန်တော် တို့ မီဒီ ယာတွေ အနေနဲ့ကလည်း စည်းကမ်းတကျလေးနဲ့ပေါ့။ မီဒီယာဆိုတာက ကိုယ့်စိတ်ထဲ မှာ ဘယ်လိုပဲရှိနေ၊ ရှိနေ မီဒီယာသမားဆိုတာ ကြားထဲ မှာရှိရမယ်။ ကျွန်တော်တို့ မီဒီယာသမား တွေကလည်း စည်းကမ်းတကျ၊ စည်းစနစ်ကျ ကျနဲ့သတင်းယူရမယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အနုပညာလောကမှာ အမြင့် ဆုံးဆု တစ်ဆုဖြစ်တဲ့ အတွက် ဒီဆုအပေါ်မှာ မီဒီယာတွေ ခမ်းခမ်းနားနား ဂုဏ်ပြုတင်ဆက်လို့ရအောင်၊ သတင်းကို လွယ်လွယ်ကူကူ တက်ရောက် ယူခွင့်တွေ ဆောင် ရွက်ပေး စေချင်တယ်”
ယုံယုံကြည်ကြည် နဲ့ လုပ်ကြမယ်ဆိုရင် ဘာပြဿနာ မှ မရှိပါဘူး …
ဆရာလွမ်းဝေနိုင်
” အာဏာရှင်အစိုးရလက် အောက်တွေမှာတော့ သတင်းသမားအားလုံးဟာ လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းယူရတာ တော်တော်ခက်ခဲတယ်။ တိုင်းပြည် ကနှစ် ၅ဝလောက် ဝရုန်းသုန်းကား ဖြစ်လာခဲ့တော့ မီဒီယာသမားအနေနဲ့ စဉ်းစားဖို့က အနုပညာရှင်တွေ ပျော်တဲ့ပွဲမှာ ကိုယ်က အလုပ်သွားလုပ်တာ။ အဲဒါလေး တစ်ချက် စဉ်းစားဖို့ပါ။ ဒီဘက်ကလည်း ပွဲကျင်းပတဲ့ လူတွေကလည်း မီဒီယာသမားတွေကို သူတို့အလုပ်လာ လုပ်ကြတယ်လို့ မြင်ဖို့ အရေး ကြီးတယ်။ တစ်ယောက် အပေါ် တစ်ယောက် ယုံယုံကြည်ကြည် နဲ့ လုပ်ကြမယ်ဆိုရင် ဘာပြဿနာ မှမရှိပါဘူး”
ခေတ်အဆက်ဆက်မှာ သိပ် တော့မထူးခြားပါဘူး…
ဆရာကျော်သီဟ(ဟင်္သာတ)
” အမှန်ကတော့ ရုပ်ရှင်လုပ်ငန်းကလုပ်တာနဲ့ ရုပ်ရှင်အစည်းအရုံးက လုပ်တာနှစ် ပိုင်းတွေ့ရတာပေါ့။ ရုပ်ရှင်လုပ်ငန်းက လုပ်တာကတော့ ပြီးသွားပြီပေါ့။ အခု ရုပ်ရှင် အစည်းအရုံးကလုပ်တော့မယ်ဆိုတဲ့ အပိုင်းမှာ ဘာထူးခြားလာမလဲ၊ဘာပြောင်းလဲလာမလဲဆိုတဲ့ဟာကို စောင့်ကြည့်ရမှာ ပေါ့။ သတင်းယူရတာက ခေတ်အဆက်ဆက်မှာ သိပ်တော့မထူးခြားပါဘူး။ ပြောင်းလဲသွားတာက နေပြည်တော်ရယ်၊ အခုသုဝဏ္ဏမှာ မီဒီယာဘောက်စ်တွေကနေ ဓာတ်ပုံ တွေရိုက်ကြတယ်။ အရင်တုန်း ကတော့ အတွင်းထဲအထိ ဝင်ရိုက်ကြတယ်။ အဲဒီဟာလေးပဲ ပြောင်းလဲသွားတယ်။ အဲဒီအပေါ်မှာ ကင်မရာကြီးတာ၊ သေးတာအဓိက အရေးမကြီး တော့ဘူး။ ပုံက ဒီပုံတွေ ပဲထွက် ကြမှာပဲလေ။ အရင်တုန်းက လောက် သိပ်ရင်မခုန်တော့ဘူး။ အရင်တုန်းက မင်းသား၊ မင်းသမီးဓာတ်ပုံရဖို့ကို ကြိုးစားပမ်းစား ရိုက်ရတဲ့ ဓာတ်ပုံကဏ္ဍတွေရှိတာကိုး။ အခုက မီဒီယာ ဘောက်စ်ထဲမှာ သူတို့ရဲ့ အိုက်တင်နဲ့ Position  ကို ရိုက်ရတာကိုး”
မျိုးမောင်၊ M ဘွယ်
Popular Myanmar

0 comments:

Post a Comment