Wednesday, December 25, 2013

၂၀၁၃ ခုနှစ်အတွင်း လူတွေရဲ့ စိတ်နှလုံးသားကို လှုပ်ကိုင်ဖမ်းစားခဲ့တဲ့ အကောင်းဆုံး ဖြစ်ရပ် ၅ ခု


ဗြိတိသျှ သတင်းဌာန Metro က ပြုစုတဲ့ ၂၀၁၃ ခုနှစ်အတွင်း လူတွေစိတ်နှလုံးကို ဖမ်းစားနိုင်ဆုံး ဖြစ်ရပ် ၁၀ ခု ထဲက အကောင်းဆုံး ငါးခုကို ပြန်လည်ရွေးထုတ် ဖော်ပြလိုက်ပါတယ်။
၁။  သွေးကင်ဆာရောဂါခံစားခဲ့ရတဲ့ကလေးငယ်လေးအတွက် ဆန်ဖရန်စစ္စကို မြို့ သားတွေရဲ့ အစီအစဉ်
အသက်တစ်နှစ်အရွယ်ကတည်းကတည်းက သွေးကင်ဆာရောဂါခံစားခဲ့ရပြီး အသက်ငါးနှစ်အရွယ်မှာ ကင်ဆာရောဂါကို တွန်းလှန်နိုင်ခဲ့တဲ့ မိုင်းလ်စ် အတွက် ဆန်ဖရန်စစ္စကို မြို့ တစ်ခုလုံးကို နာမည်ကျော်ရုပ်ပြဇာတ်လမ်း လင်းနို့ လူသားရဲ့  Gotham City အသွင်ပြောင်းပြီး ဂုဏ်ပြုပွဲတစ်ပွဲကို ဖောင်ဒေးရှင်းတစ်ခုက နိုဝင်ဘာလက ပြုလုပ်ပေးခဲ့ပါတယ်။ ပထမလူအနည်းငယ်သာ ပါဝင်မယ်လို့ ခန့် မှန်းထားပေးမယ့် ဆန်ဖရန်စစ္စကိုမြို့ သားတွေအကုန်လုံးနီးပါး ပါဝင်ဆင်နွှဲပေးခဲ့ကြတာပါ။ အသက်ငါးနှစ်အရွယ် မိုင်းလ်စ် ဟာ လင်းနို့ လူသားဇာတ်ကောင် နဲ့ အတူ ကလေးလင်းနို့ လူသားအသွင် ၀တ်ဆင်ပြီး ဆန်ဖရန်စစ္စကို မြို့ အနှံ့ လူဆိုးတွေကို လိုက်နှိမ်နှင်းပုံကို ဇာတ်လမ်းဆင်ပေးခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားပါ မထင်မှတ်ဘဲ ပါဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ အားပေးချီးမွမ်းမှုကို မိုင်းလ်စ် တစ်ယောက် လင်းနို့ လူသားအသွင်နဲ တည်တည် ခန့် ခန့် ကြီး နဲ့ ရယူခဲ့ပါတယ်။
၂။ အသက်ငါးနှစ်အရွယ် ကလေးမလေးရဲ့ တောင်းပန်စာ
သူ့ ကိုယ်သူ “Faith” လို့ အမည်တပ်ထားတဲ့ ကလေးမလေးဟာ ကင်းဘရစ်ခ်ျ မြို့ က ဂျွန်လူး၀၀်စ် ဆိုင်ဆီကို တောင်းပန်စာလေးတစ်စောင်ပို့ ခဲ့ပါတယ်။ ဆိုင်ရဲ့ ခရစ်စမတ်အလှဆင်မီးလုံးလေးကို မတော်တဆခွဲမိတဲ့ အတွက် တောင်းပန်စာနဲ့ အတူ မီးလုံးဖိုး လျော်ကြေး နှစ်ပေါင်ကိုပါ စာထဲမှာ ထည့်သွင်းပေးခဲ့တာပါ။  စာရဲ့ အောက်ခြေမှာ သူမ အလှဆင်မီးလုံးကို ခွဲမိတဲ့ ပုံလေးကို ရေးဆွဲထားပြီး “Faith” အသက် ငါးနှစ်လို့  ရေးသားထားခဲ့ပါတယ်။ ဂျွန်လူးဝစ် ဆိုင်တာဝန်ခံ ဒိုမီနစ် ဟာ ဒီစာလေးကို တွစ်တာ မှာ တင်ခဲ့ပြီး “Faith” ဆိုတဲ့ ကလေးမလေးကို ကျေးဇူးတင်ကြောင်းပြောဖို့ ရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။
၃။ သူရဲ့ သခင်အတွက် အခွံမာစေ့တွေကို ဖယ်ရှားပေးတဲ့ခွေး
အသက် ခုနှစ်နှစ်အရွယ်ကလေးမလေးဟာ မြေပဲလို အခွံမာစေ့ပါတဲ့ အစားအစာတွေ စားမိရင် ဓာတ်မတည့်မှု ဖြစ်ပြီး ရှော့ခ် ရတတ်ပါတယ်။ ကလေးမလေးဟာ Seizure ရောဂါလက္ခဏာတွေပါ ခံစားနေရပြီး သူမကို စောင့်ရှောက်ဖို့ သူမအမေက ခွေးလေးတစ်ကောင်လက်ဆောင်ပေးခဲ့ပါတယ်။  လီလီဘယ်လီဆိုတဲ့ သူမရဲ့ ခွေးလေးဟာ သူမစားမယ့်အစားအစာထဲက အခွံမာစေ့တွေကို ဖယ်ရှားပေးပြီး အနားမှာ အမြဲနေကာ စောင့်ရှောက်နေပေးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အလွန်ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က ပျောက်မခံဘဲ အမြဲပူးတွဲနေကြပါတယ်။
၎။ စွန့် ပစ်ခံခွေးလေး Shrek ရဲ့ နားခိုရာ
Shrek ဆိုတဲ့ ခွေးလေးဟာ သူရဲ့ ရှည်လျားသန်စွမ်းလွန်တဲ့ အမွှေးကြမ်းကြီးတွေနဲ့ ကြောင့် ရုပ်ဆိုးအကျည်းတန်လှပြီး ကြောက်မယ်ဖွယ်ကောင်းခဲ့ပါတယ်။ သူ့ ရဲ့ ထူထဲလှတဲ့ သားမွေးအရေပြားကလည်း သူ့ ကို လမ်းတောင်မလျှောက်နိုင်အောင် ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ Shrek ဟာ တိရစ္ဆာန်ဆရာဝန်တွေရဲ့ ကြိုးပမ်းမှုနဲ့ ပုံမှန်ခွေးတစ်ကောင်ဘ၀ ကို ပြန်ရရှိခဲ့ပြီး သူ့ ကိုမွေးစားမယ့် လူတွေကို ရရှိခဲ့ပါတယ်။
၅။ လမ်းဘေးအနုပညာရှင် တစ်ယောက်နဲ့ မူရင်းအဆိုတော်တို့ ရဲ့ ဖျော်ဖြေမှု
ဒီအဖြစ်အပျက်ဟာ ဂျာမနီနိုင်ငံ၊ဘာလင်မြို့ မှာ ဖြစ်ပျက်ခဲ့တာပါ။ အနုပညာနဲ့ ငွေကြေးတောင်းခံသူတစ်ယောက် ဟာ Bronski Beat တီးဝိုင်းရဲ့ နာမည်အကြီးဆုံးသီချင်း Smalltown Boy ကို သူ့ ဗားရှင်းနဲ့ တင်ဆက်နေတုန်း မှာ ဖြတ်သွားတဲ့လူတစ်ယောက်ဟာ ရုတ်တရက်ရပ်တန့် သွားပြီး သူ့ အနားလာကာ အတူတူ သီဆိုဖျော်ဖြေ ပါတော့တယ်။ အဲဒီလူဟာ Bronski Beat တီးဝိုင်းခေါင်းဆောင် Jimmy Somerville ဖြစ်နေပြီး သူ့ ရဲ့ သီချင်းကို နောက်ဗားရှင်းတစ်မျိုးနဲ့ ကြားလိုက်ရလို့ လက်တန်းဝင်ရောက်သီဆိုသွားခဲ့တာပါ။
Ref: metro.co.uk
Trend Myanmar 

0 comments:

Post a Comment