Monday, December 9, 2013

ဖြစ်ရပ်မှန်နောက်ခံ ဇာတ်လမ်းရုပ်ရှင် Captain Phillips



၂၀၁၃ခုနှစ်ထုတ်  Captain Phillips ရုပ်ရှင်ဇာတ်လမ်းဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အက်ရှင် ဇာတ်လမ်းရုပ်ရှင် တစ်ကားပါ။ ဒါရိုက်တာ Paul Greengrass စီစဉ်ညွှန်ကြားထားပြီး မင်းသားကြီး Tom Hanks နဲ့အတူ Barkhad Abdi ကပါဝင် သရုပ်ဆောင်ထားပါတယ်။ အင်ဒီးယန်း သမုဒ္ဒရာမှာရှိတဲ့ Abduwali ခေါင်းဆောင်တဲ့ ဆိုမာလီ ဓါးပြတွေက ၂၀၀၉ခုနှစ်မှာ ကုန်တင်သင်္ဘော ရေယာဉ်မှူး Captain Richard Phillips ဦးဆောင်လာတဲ့ Maersk Alabama သဘောင်္ကို အပိုင်စီးခဲ့ပါတယ်။ အဲ့ဒီ့အဖြစ်အပျက်တွေကို ဒီရုပ်ရှင်မှာ ရိုက်ကူးပုံဖော် ထားပါတယ်။
ရေယာဉ်မှူး Richad Phillips နဲ့ Stephan Talty တို့နှစ်ယောက်ဟာ ၂၀၁၀ ခုနှစ်မှာ A Captain’s Duty အမည်ရှိတဲ့စာအုပ်ကို ရေးသားခဲ့ပါတယ်။
အဲ့ဒီ့စာအုပ်ကို အခြေခံပြီး ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Billy Ray က Captain Phillips ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးခဲ့ပါတယ်။ ထုတ်လုပ်သူတွေကတော့ Scott Rudin, Dana Brunetti နဲ့ Michael De Luca တို့ပါ။ ဒီဇာတ်ကားကို နယူးယောက် ရုပ်ရှင်ပွဲတော်မှာ ဦးဆုံးပြသခဲ့ပါတယ်။ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၁ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။
ဇာတ်ကြောင်း
Richard Phillips (Tom Hanks) ဟာ MV Maersk Alabama အမည်ရှိသင်္ဘောကို ရေယာဉ်မှူးအဖြစ် ဦးဆောင်ပြီး အိုမန်၊ ဆလာလာ ဆိပ်ကမ်းကနေတဆင့် ကင်ညာနိုင်ငံ၊ မွန်ဘာဆာဆိပ်ကမ်းဆီ ဦးတည်ပြီး ဧဒင် ပင်လယ်ကွေ့ကိုဖြတ်လာ ခဲ့ပါတယ်။ ဆိုမာလီကမ်းခြေတစ်ဝိုက်က ဓါးပြတွေရဲ့ လှုပ်ရှားမှုတွေကို သတိရှိဖို့အတွက် Richard Phillipsဟာ လုံခြုံရေး ကြိုတင်သတိပေးချက်တွေ အမိန့်ပေးခဲ့ပါတယ်။  တစ်နေ့တော့ ဆိုမာလီ ဓါးပြလှေငယ် ၂စင်းက သင်္ဘောနောက်ကနေ လိုက်လာခဲ့ပါတယ်။ ဒါကို Phillips က ဓါးပြတွေလက်ကလွတ်အောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ Abduwali Muse (Barkhad Abdi) ခေါင်းဆောင်တဲ့ ဓါးပြ ၄ယောက်ဟာ ပိုမြန်တဲ့လှေငယ်နဲ့ ရောက်လာပြန်ပါတယ်။ အလျှင်စလိုနဲ့ ဂဟေဆော်လာတဲ့ လှေကားတောင် သယ်လာကြပါတယ်။ ရေယာဉ်မှူး Phillips နဲ့ သင်္ဘောသားတွေဟာ အစွမ်းကုန်ကြိုးစား ကာကွယ်ကြပေမယ့် ဓါးပြတွေဟာ Maersk Alabama သင်္ဘောကြီးကို အပိုင်စီးနိုင်ခဲ့ပါတယ်။ သင်္ဘောသားတချို့ဟာ အင်ဂျင်ခန်းမှာ ပုန်းနေတုန်း ရေယာဉ်မှူး Phillips ကိုဖမ်းဆီးခဲ့ပါတယ်။ ဒေသခံ ဓါးပြအုပ်စုခေါင်းဆောင်ရဲ့ အမိန့်ပေးမှုတွေနဲ့အတူ ဓါးပြ Muse ဟာ ပြန်ပေးဆွဲထားတဲ့ သင်္ဘောနဲ့ ရေယာဉ်မှူးအပါအ၀င် သင်္ဘောသားတွေအတွက် သင်္ဘောကုမ္ပဏီက ရွေးမယ့် အာမခံ ငွေကို ရဖို့ မျှော်ကိုးနေခဲ့ပါတယ်။
သင်္ဘောသားတွေကလည်း ဓါးပြ Muse ရဲ့လက်က လွတ်မြောက်ဖို့၊ အင်ဂျင်ပါဝါနဲ့ အရေးပေါ်ပါဝါကို ဖြတ်တောက်ပစ်ဖို့ နဲ့ ဓါးပြခေါင်းဆောင်ကို ဖမ်းဖို့ ကြိုးစားစီစဉ်ခဲ့ပါတယ်။ တခြားဓါးပြတွေနဲ့ ညှိုနှိုင်းပြီး သင်္ဘောသားတွေဟာ Muse ကိုဖမ်းထားပြီး Phillips ကိုလွှတ်ပေးရင် Museကိုလည်း အသက်ကယ်လှေနဲ့ ပြန်လွှတ်ပေးမယ်လို့ ညှိုနှိုင်းခဲ့ ကြတယ်။ ဓါးပြတွေကလည်း Phillipsကို လှေငယ်နဲ့ခေါ်ဆောင်သွားပြီး ရေယာဉ်မှူးကို ရွေးလာမယ့် ပြန်ပေးငွေကိုသာ မျှော်ကိုးခဲ့ကြတယ်။ အသက်ကယ်လှေဟာ ကမ်းခြေနဲ့နီးသွား တာနဲ့အမျှ ဓါးပြတွေအကြားမှာ တင်းမာမှုတွေဖြစ်လာပါပြီး မိခင်သင်္ဘောနဲ့လည်း အဆက်အသွယ်ပြတ်သွားပါတယ်။ နောက်တော့ အမေရိကန် ရေတပ် Destroyer သင်္ဘော USS Bainbridge က ကြားဖြတ်တိုက်နိုင်ခဲ့တယ်။ အမေရိကန်ရေတပ် သင်္ဘောနောက်တစ်စင်း ရောက်လာတဲ့အခါမှာတော့ ပင်ပင်ပန်းပန်းကြိုးစားလာခဲ့ရတာ၊ လက်မလျှော့နိုင်ဘူး၊ လက်နက်မချနိုင်ဘူး ဖြစ်နေတဲ့ Muse နဲ့ ညှိုနှိုင်းဖို့ Phillips ကကြိုးစားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရေတပ်သင်္ဘောမှူး Frank Castellano (Yul Vazquez)ဟာ ဓါးပြတွေ ဘယ်နည်းနဲ့မှ ကမ်းမကပ်နိုင်အောင် တားဖို့ အမိန့်ပေးခဲ့ပါတယ်။
အဲ့ဒီ့ညမှာ Phillips ဟာ ထွက်ပြေးလွတ်မြောက်လာပြီး ရေတပ်သင်္ဘောဆီကို ကူးခပ်လာခဲ့ပါတယ်။ ရေတပ်ဟာ ကူးခပ်လာတဲ့သူ Phillips ပါလို့ ခွဲခြားမသိနိုင်တဲ့အတွက် ဘာမှမလုပ်ခဲ့ပါဘူး။ ဓါးပြတွေက Phillips နောက်က မြန်မြန်လိုက်ပြီး လက်လျှော့စေဖို့အတွက် သေနတ်နဲ့ခြောက်လှန့်ပစ်ခတ်ပါတယ်။ အခြေအနေ ထိန်းသိမ်းဖို့အတွက် အမေရိကန် SEAL အဖွဲ့ဟာ အနားမှာရောက်နေတာကို စိတ်လှုပ်ရှားနေတဲ့ ဓါးပြတွေက မသိမထားမိပါဘူး။ SEAL လက်ဖြောင့်တပ်သား သုံးဦးဟာ ဓါးပြတစ်ယောက်ချင်းကို ပစ်ချနိုင်ဖို့ နေရာယူပြီးတဲ့အခါမှာတော့ ဓါးပြတွေနဲ့ ညှိုနှိုင်းဖို့ ဆက်လုပ်ခဲ့ပါတယ်။ Muse ဟာ ပြန်ပေးငွေရမယ်လို့ ယုံပြီး လှေငယ်ကို Bainbridge သင်္ဘောဆီသွားဖို့ သဘောတူခဲ့ပါတယ်။ စိတ်လှုပ်ရှားနေတဲ့ ဓါးပြတွေထဲက Najee ဆိုသူဟာ Phillipsရဲ့ မိန်းမထံ ရေးထားတဲ့ နှုတ်ဆက်စာကို တွေ့သွားပါတယ်။ Najee က အဲ့ဒီ့စာတိုကို လွှင့်ပစ်ဖို့ လုပ်တော့ Phillips က တိုက်ခိုက်ပါတော့တယ်။ အခြေအနေက မကြာခင်မှာပဲ ပြန်တည်ငြိမ်သွားပါတယ်။ နောက်ဆုံးမှာတော့ SEAL အဖွဲ့ဝင် လက်ဖြောင့်တပ်သား သုံးယောက်ဟာ ရှင်းရှင်းလင်းလင်း သုံးချက်ပစ်ချလိုက်နိုင်ပြီး တစ်ဆက်တည်းမှာပဲ ကျန်ဓါးပြတွေကိုပါ ပစ်သတ်လိုက်ပါတယ်။  Bainbridge သင်္ဘောပေါ်မှာရှိတဲ့ Museကိုတော့ ပင်လယ်ဓါးပြမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ Phillips ကတော့ သူ့အသက်ကို ကယ်လိုက်တဲ့အတွက်ဆိုပြီး ကယ်ဆယ်ရေးအသင်းကို ဆက်တိုက် ကျေးဇူးတွေတင်နေပါတော့တယ်။
Tom Hanks and Richard Phillips 
Ref:wikipedia
Trend Myanmar

0 comments:

Post a Comment