Tuesday, December 24, 2013

၂၀၁၃ ခုနှစ်အတွင်း အနည်းငယ်မတော်လျော်သော လိင်အသားပေး ၀တ်စုံများ - (၂)



 (၆)    Stacey Keible




          ပွဲပေါင်းများစွာကို ပြိုးပြိုးပြက်ပြက် တက်ရောက်ခဲ့တဲ့ သူမဟာ ဒီပွဲမှာတော့ သမရိုးကျ အဖြူရောင် ဗြောင်ကာလာလေးနဲ့ပါ။ အပေါ်ပိုင်းလေး နည်းနည်း ဖုံးထားဖို့ လိုတာတစ်ခုပါပဲ။ ဒါပေမယ့်လည်း အပြစ်အနာအဆာ မရှိ တင်းရင်းလှပနေတာကိုပဲ ကျေးဇူးတင်ရဦးမှာပါ။
(၇)     Gwyneth Paltrow

          သူမဟာ ဟောလီးဝုဒ်ရဲ့ ငွေကြယ်တစ်ပွင့်ပါ။ အရင်တုန်းကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ ၀တ်စုံပေါင်းများစွာ ၀တ်ပြနိုင်ခဲ့သူပါ။ သူမပါဝင်ထားတဲ့ Iron Man 3 ရဲ့ ဇာတ်ကားမိတ်ဆက်ပွဲ မှာတော့ Antonio Berardi ရဲ့လက်ရာနဲ့ ပွဲတက်လာတဲ့အတွက် အားလုံးပါစပ်ဖျားမှာ ပြောစရာ တွင်ကျန်ရစ်ခဲ့ပါတယ်။
(၈)     Miley Cyrus

          “လှန်လှောပြရဲရမယ်” ဆိုတာ သူမရဲ့ တရားဝင် မကြေငြာထားတဲ့ ဆောင်ပုဒ်လားတော့ မပြောတတ်ပါဘူး။ တစ်ခါတည်းမဟုတ် ခဏခဏပါပဲ။ အသားနဲ့ တစ်ထပ်တည်းနီးပါးကျတဲ့ အရောင်နဲ့ two-pieces ကြောင့် အတော်လေး ကြည့်ရခက်တာတော့ အမှန်ပါ။ ဒီနှစ်ရဲ့ MTV music award ကိုတော့ ဒီအတိုင်းပဲ တက်ရောက်အသုံးတော်ခံသွားပါတယ်။
(၉)     Miranda Kerr

          Victoria Secret ရဲ့ မော်ဒယ်တစ်လက်ဖြစ်ပြီး သူမရဲ့ အဆုံးမရှိတဲ့ ပေါင်တံအလှကို လှစ်ဟပြထားပါတယ်။ Golden Globe Awards ပါတီအတွက်တော့ အတော်လေး ချပြရဲတဲ့ ၀င်ဆင်မှုပါပဲ။
(၁၀)   Beyonce

          သူမရဲ့ Mrs Carter ရှိုး ဖွင့်ပွဲညမှာ တင်ဆက်သွားတဲ့ ၀တ်စားဆင်ယင်မှုပါ။ အားလုံးရဲ့ အကြည့်တွေကို ဖမ်းစားသွားနိုင်တာတော့ အမှန်ပါပဲ။ သေချာတာတစ်ခုကတော့ သင့်အနေနဲ့ မချင့်မရဲဖြစ်မိမှာ အမှန်ပါပဲ။

Ref:mensxp
Trend Myanmar

0 comments:

Post a Comment