ထန်း တပင်တီဘီရောဂါကုဆေးရုံကို အထွေထွေရောဂါကုဆေးရုံ အ ဖြစ် တိုးချဲ့ဖွင့်လှစ်ရန်စီစဉ်နေပြီး ဆေးရုံ၏ ပိုသောမြေနေရာများ တွင် အမေရိကန်နိုင်ငံမှ ပုဂ္ဂလိ ကဆေးရုံကိုပါ ပူးတွဲတည်ဆောက် ရန် စီစဉ်နေကြောင်း လူမှုဖူလုံ ရေးအဖွဲ့ဆေးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာလွင်လွင် ဦးလှိုင်က ပြောကြားလိုက်သည်။
ယင်းကဲ့သို့ ဆေးရုံကြီးများ ကို တိုးချဲ့နိုင်ရန်အတွက် လူမှုဖူ လုံရေးအဖွဲ့မှ ကြော်ငြာများခေါ် ယူခဲ့ရာ ကမ်းလှမ်းသူများမှ အ ဆိုပြုလွှာများ တင်ပြခဲ့ကြပြီး ယင်း ကမ်းလှမ်းသူများတွင် ပြည်တွင်း ပြည်ပမှ ကျန်းမာရေးဝန်ဆောင်မှု အဖွဲ့အစည်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
''လူမှုဖူလုံရေးဆေးရုံတွေ ကိုတိုးချဲ့နိုင်ဖို့အတွက် ကြော်ငြာ ခေါ်ယူခဲ့တယ်။ လူမှုဖူလုံရေးဆေး ရုံက ရန်ကုန်၊ မန္တလေးနဲ့ ထန်း တပင်ဆေးရုံသုံးရုံရှိတဲ့အထဲက ကမ်းလှမ်းသူတွေမှာ တချို့အဖွဲ့ တွေက ရန်ကုန်အလုပ်သမားဆေး ရုံကြီးကို တိုးချဲ့မြှင့်တင်ချင်သူများ တယ်။ မန္တလေးကိုလဲ သွားရောက် ကြည့်ရှုကြတယ်။ ဒါပေမဲ့ ဆေးရုံ တွေကို ပြန်ဖျက်ပြီးဆောက်မယ် ဆို တက်နေတဲ့လူနာတွေ ဘယ် သွားထားမလဲ။
ဒါမျိုးတွေရှိတော့ အခု ထန်းတပင်ကနေရာလဲ ကျယ် ကျယ်ရှိတဲ့အတွက် အမေရိကန် ကအဖွဲ့က ဆေးရုံကို အထွေထွေ အဖြစ်တိုးချဲ့ပြီး ပိုတဲ့နေရာမှာ သူ တို့ ပုဂ္ဂလိကဆေးရုံကိုဆောက် လုပ်မယ်။ လူမှုဝန်ထမ်းကတော့ မြေနေရာငှားတဲ့သဘောပါပဲ''ဟု ဒေါက်တာ လွင်လွင်ဦးလှိုင် က ရှင်းပြခဲ့သည်။
ထန်းတပင် တီဘီရောဂါကု ဆေးရုံကြီးမှာ မြေနေရာအကျယ် အဝန်းအနေဖြင့် ဧက၅၀ ခန့်ရှိ ပြီး ဆေးရုံမှာ ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်သည့်အတွက် ယင်းသို့ အထွေထွေရောဂါကုဆေးရုံအ ဖြစ်ဆောင်ရွက်ရန် အဆိုပြုလွှာ အဆင့်ဆင့်တင်ထားခဲ့ပြီး ခွင့်ပြု ချက်လည်းရပြီဖြစ်ကာ လာမည့် နှစ်တွင် အကောင်အထည်ဖော် နိုင်မည်ဖြစ်ကြောင်း သိရသည်။
''ထန်းတပင် တီဘီဆေးရုံ ကြီးက ခုတင် ၁၀ဝဆံ့တော့ ခု တင် ၁၀၀ ဆံ့ပဲ။ ဒါပေမဲ့ တီဘီ ရောဂါတစ်မျိုးတည်းကိုပဲ ကုသ ပေးတယ်။ ဒါကြောင့် အထွေထွေ ရောဂါကုဆေးရုံကြီးအဖြစ် ပြောင်း လဲဖို့ စီစဉ်ခဲ့တာ။ အမေရိကန်က ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ ရဲ့ရည်ရွယ်ချက်ကတော့ နေရာ ကျယ်ကျယ်ဝန်းဝန်းပေးနိုင်တဲ့ ထန်းတပင်ဆေးရုံကြီးမှာ တီဘီ ဆေးရုံကြီးကို အထွေထွေရောဂါ ကုဆေးရုံကြီးအဖြစ်ပြောင်းလဲပြီး ကျန်တဲ့မြေကွက်လပ်တွေမှာ သူ တို့ပိုင်တဲ့ ပုဂ္ဂလိကဆေးရုံတည် ဆောက်မယ့်သဘောပါ''ဟု ယင်း က ဆက်လက်ပြောသည်။
ယင်းကဲ့သို့ ထန်းတပင်ဆေး ရုံကို အထွေထွေရောဂါကုဆေး ရုံကြီးအဖြစ် တိုးချဲ့လိုက်ပါက ထန်းတပင်သည် လှိုင်သာယာ စက်မှုဇုန်များနှင့် နီးသောကြောင့် လှိုင်သာယာစက်မှုဇုန်မှ လူနာ များသည် အဝေးသို့သွားရောက် ကုသရန် မလိုအပ်တော့ဘဲ နီးနီး နားနားမှာပင် ကုသ၍ရသွားမည် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းအ တွင်းမှ လူနာများသည်လည်း လာ ရောက်ကုသမှုခံယူနိုင်မည်ဖြစ် ကြောင်း သိရသည်။ လူမှုဖူလုံရေး ဆေးခန်းများမှာ မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာနှင့် ချင်းပြည် နယ်မှလွဲ၍ တိုင်းဒေသကြီးနှင့်ပြည် နယ် ၁၃ ခုတွင် ဆေးခန်းပေါင်း ၉၂ ခန်းရှိကြောင်း သိရသည်။
Yangon Media Group
0 comments:
Post a Comment