Sunday, January 11, 2015

သင်မသိသေးတဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ မှတ်သားဖွယ် အချက်အလက်များ



သင်မသိရှိတဲ့ ကိုယ်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ မှတ်သားဖွယ်ရာ အချက်လေးတွေ ပြောပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့
နှာခေါင်းက အနံ့အသက် (၅၀,၀၀၀) မျိုး ခွဲခြားမှတ်သားနိုင်တယ်။
တစ်နာရီအတွင်း လူ့ခန္ဓာကိုယ်က အရေပြားအမုန်အမျှင် (၆၀၀,၀၀၀) ခန့် စွန့်ထုတ်တယ်။
မွေးကင်းစနို့စို့ကလေးတစ်ယောက်မှာ အရွယ်ရောက်ပြီးသူများထက် အရိုး ၆၀ ထက်မက ပိုမိုများပြား။
အရွယ်ရောက်ပြီးသူတစ်ဦး၏ သွေးကြောများအားလုံး ဆက်လိုက်မယ်ဆိုရင် (၁၀၀,၀၀၀) မိုင်ရှည်လျား။
သာမန်လူတစ်ယောက်ဟာ သူ့ဘဝတစ်သက်တွင် ရေကူးကန် နှစ်ကန် အပြည့်ဖြည့်ပေးနိုင်တဲ့ ၂၅,၀၀၀ quarts နဲ့ညီမျှသော တံတွေးပမာဏကို ထုတ်လုပ်တယ်။ခန္ဓာကိုယ်တွင် လက်သည်းမာ (၃) လက်မထိ ရှည်လာစေမယ့် သတ္တုဓာတ်အလုံအလောက်ပါရှိတယ်။
ကျွန်ုပ်တို့ရဲ့ မျက်တောင်မွေးမှာ ပင့်ကူငယ်ထောင်နဲ့ချီ ရှင်သန်နေထိုင်နိုင်တယ်။
လူ့ခန္ဓာကိုယ်ရှိ အတောင့်တင်းဆုံးကြွက်သားက (messeter) ခေါ် မေးရိုးကြွက်သားပဲဖြစ်တယ်။
ချွေးမှာ သူ့ပင်ကိုယ်အနံ့အသက်ဆိုတာ မရှိ။ ယင်းနဲ့ ရောယှက်မိတဲ့ ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားကြောင့် ခန္ဓာကိုယ် အနံ့ဆိုးထွက်တာ ဖြစ်တယ်။
ခန္ဓာကိုယ်အမွေးအမျှင် အဆမတန်ထူထဲခြင်းဟာ ဦးနှောက်ဥာဏ်ရည်ပိုမိုမြင့်မားခြင်းနဲ့ ဆက်နွယ်တယ်။
နားရွက်နဲ့ နာခေါင်းမှာ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားသည်မရှိပါ။
လက်ဗွေနည်းတူ လူတိုင်းတွင် လျာအရစ်အကြောင်း တစ်ယောက်တစ်မျိုးရှိကြတယ်။
နိုးကြားနေသည့်အချိန်မှာ လူ့ဦးနှောက်က မီးလုံးငယ်လေးတစ်လုံးလင်းစေမယ့် လျှပ်စစ်ဓာတ် အလုံအလောက်ထုတ်လုပ်တယ်။
လူ့အရိုးတွေဟာ သံမဏိထက် ပို၍ခိုင်မာ။
ခန္ဓာကိုယ်ရှိ ဘက်တီးရီးယား အားလုံးပေါင်းလိုက်လျှင် အလေးချိန် (၄) ပေါင်ခန့်ရှိနေ။
ခန္ဓာကိုယ်မှ တစ်နေ့တစ်နေ့ အကျိအချွဲ (၁) လီတာ (၀.၂၆ ဂါလံ) ထုတ်လုပ်။
ကင်ဆာအမျိုးအစားပေါင်း (၁၀၀) ထက်မကရှိပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်း ဘယ်နေရာမဆို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်။
နှလုံးခုန်နှုန်းက ပြောင်းလဲပါတယ်။ သင်နားထောင်သည့် ဂီတသံစဉ်နဲ့ အတူလိုက်ခုန်ပါတယ်။
သင့်ခန္ဓာကိုယ်ရှိ အောက်ဆီဂျင်နဲ့ သွေးအားလုံးပေါင်း၏ ၂၀% ကို ဦးနှောက်မှ အသုံးပြုတယ်။
လူ့အရိုးများကို ရေပမာဏ ၃၀% ဖြင့် ဖွဲ့စည်းထားပါတယ်။
ကမ္ဘာ့လူဦးရေထက် သင့်ပါးစပ်ထဲ ဘက်တီးရီးယားဦးအရေအတွက်က ပိုများတယ်။
ထရပ်ခ်ကား မိုင် ၂၀ (၃၂ ကီလိုမီတာ) အမောင်းနှင်ဖို့ လုံလောက်သည့် စွမ်းအင်ပမာဏကို သင့်နှလုံးက နေ့စဉ်ထုတ်ပေးတယ်။
တစ်နေ့ကို အိပ်ချိန် ၇ နာရီထက်လျော့နည်းပါက အသက်တိုစေ။
အသက် ၄၀ မရောက်မချင်း ဦးနှောက်က ဆက်လက်ဖွံ့ဖြိုး။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကြွက်သား၂၀၀ ထက်မက သင်အသုံးပြုပါတယ်။

Source: Bodyfacts

Trend Myanmar

0 comments:

Post a Comment