Friday, January 16, 2015

ရုပ်ရှင်ကားကြီးရိုက်ဖို့ ဆံပင်ရှည်ထားနေရတယ်လို့ ဆိုလာတဲ့ ပိုင်ဖြိုးသု



ပျိုးခင်းရဲ့ပွင့်သစ်မယ်လေး တစ်ဦးလဲဖြစ်သလို အနုပညာနဲ့ပညာရေး နှစ်ခုစလုံးဘက်ညီအောင် ကြိုးစား လျှောက်လှမ်းနေတဲ့ ပိုင်ဖြိုးသုက ပျိုးခင်းက မင်းသမီးသုံးယောက်စလုံးနဲ့ စဖွင့်တဲ့ ဇာတ်ကားအကြောင်းကို ပြောပြပေးသွားတာက “ခုရိုက်နေတဲ့ ကားလေးက I am ဘခက်တဲ့။ ဒါရိုက်တာက ကိုပြည်ဟိန်းသီဟ၊ မင်းသားက အန်ကယ်လေး သုတို့ပျိုးခင်းက မင်းသမီး၃ လက်နဲ့ပထမဆုံးစဖွင့်တဲ့ ကားလေးပေါ့။ အဲ့ဒီအတွက်လဲ မရိုက်ရခင်မှာ အရမ်း စိတ်လှုပ်ရှားတယ်။ ဒီကားထဲမှာ သုံးယောက်လုံးက ထက်ထက်မြက်မြက်နဲ့ အခြေခံ ကာရိုက်တာ အကုန်တူတယ်။ ခွဲထားတာက သူတို့မှာ ပါတဲ့ဝါသနာတွေ၊ ညီမက ရေကူးတာ၊ ရတနာဗိုက တင်းနစ်စ်ရိုက်တာ၊ ရွှေသမီးက သီချင်းဆိုတာပေါ့။ ဒီကားထဲမှာဆိုရင် ထူးခြားမှုက ညီမဆို ပန်းဆီရောင်ကြီးပဲ တစ်ကားလုံး ၀တ်ရတယ်။ ရွှေသမီးဆို အပြာရောင်၊ ရတနာဗိုဆို လိမ္မော်ရောင်ပေါ့။ ညီမတို့ ၃ ယောက်လုံးနဲ့စရိုက်တဲ့ ကားဆိုတော့ မြူးလဲမြူးချင်တယ်။ အဲ့ဒါကြောင့် အဲ့လို သတ်မှတ်ချက်လေးနဲ့ဖန်တီးထားပါတယ်”လို့ သူမက ပြောပြပါတယ်။ဆေးကျောင်းသူတစ်ယောက်ဖြစ်တဲ့ သူမက ကျောင်းနဲ့အနုပညာမျှလုပ်နေရတဲ့ အကြောင်းကိုတော့ “ခုကျောင်းကတော့ မပြီးသေးဘူး။ ဟောက်စ်ဆင်းနေရတုန်းပဲ။ ၅လကျော်လောက် ကျန်သေးတယ်။ အတတ်နိုင်ဆုံးတော့ ညှိပြီး လုပ်နေရတာပေါ့။ မနက် ကားရိုက်ဖို့တွက် ညဖက်တွေကို သူငယ်ချင်းတွေနဲ့ ဂျူတီ ချိန်းပြီး ညီမက ညဖက် ပြောင်းထိုင်ပေးတယ်။ နဲနဲတော့ ပင်ပန်းတာပေါ့နော်။ ဒါပေမဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်၂ ခုလုံးဆိုတော့ ပင်ပန်းလို့ပင်ပန်းမှန်းတောင် မသိပါဘူး။ ဆေးရုံဂျူတီကလဲ မပျက်ချင်တော့လေ။ ဘွဲ့ရပြီးရင်လဲ အနုပညာအလုပ်ကိုပဲ တောက်လျှောက် ဇောက်ချပြီး လုပ်သွားမယ်။ ဆရာဝန်အလုပ်နဲ့ပတ်သတ်ပြီးတော့ ညီမစဉ်းစားထားတာ ပရဟိတ ဆေးခန်းတစ်ခုတော့ ထိုင်မယ်လို့ပြောထားတာ ရှိတယ်။ ဒါပေမဲ့ ခု ကျောင်းမပြီးသေးတော့ ဆ / မ မရသေးလို့လေ။ မထိုင်ဖြစ်သေးဘူး။ ညီမ ကျောင်းပြီးတာနဲ့ အဲ့ဒီဆေးခန်းလေးမှာ ထိုင်ဖြစ်ဖို့ စိတ်ကူးထားတယ်”လို့ ဆိုသွားပါတယ်။

ဒီဇာတ်ကား ရိုက်ကူးပြီးရင်တော့ ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အန်ကယ်လေးနဲ့ပဲရိုက်ကူးဖို့ရှိတဲ့ အကြောင်း သူမက ဖွင့်ဟသွားပြီး အကယ်ဒမီ သုံးထပ်ကွမ်းပိုင်ရှင် ပြေတီဦးနဲ့လည်း ကားကြီးရိုက်ဖို့လက်ခံထားတာရှိတဲ့အတွက် အဲ့ဒီဇာတ်ကားရိုက်ကူးဖို့ ဆံပင်တွေ အရှည်ထားနေပါတယ်တဲ့။


Trend Myanmar

0 comments:

Post a Comment