Friday, January 30, 2015

သားသမီးတွေအတွက် ဒရိုင်ဘာဖြစ်လာတဲ့ ဘက်ခမ်း



ဘောလုံးအကျော် အမော်တစ်ဦးဖြစ်ခဲ့သော ဒေးဗစ် ဘက်ခမ်းက ဘောလုံးအားကစား သမားဘဝမှ အနားယူပြီးနောက် တွင် ၎င်း၏ သားသမီးများအတွက် ဒရိုင်ဘာဖြစ်လာခဲ့သည်ဟု အမေ ရိကန် တွေ့ဆုံမေးမြန်းခန်းအစီ အစဉ် Jimmy Kimmel Live! ၌ ပြောကြားခဲ့သည်။‘‘ဘောလုံးလောက,က အနားယူခဲ့ပေမယ့် အလုပ်များနေ ဆဲပဲ။ ကလေးတွေအတွက် တက္ကစီဒရိုင်ဘာဖြစ်သွားတယ်။ နံနက် ၇ နာရီဆိုရင် သူတို့တွေကို ကျောင်းလိုက်ပို့။ ကျောင်းလေး ကျောင်းကိုလိုက်ပို့။ တစ်နာရီနဲ့ ၁၅ မိနစ်အတွင်း အားလုံးကို အရောက်ပို့။ ပြီးတော့ ၁၂ နာရီ မှာ သမီးအငယ်ဆုံးလေးကိုသွားကြို။ ၄ နာရီမှာ သားသုံးယောက်ကို သွားကြိုပေါ့ဗျာ’’ဟု ဘက်ခမ်းက ပြောကြားသည်။

ဒေးဗစ်ဘက်ခမ်းက ၎င်း အပေါ် သားသမီးများအတွက် အလုပ်များရသည်ကို သဘောကျ သည်ဟုလည်း ပြောကြားခဲ့သည်။

ဒေးဗစ်ဘက်ခမ်းက ၎င်း၏ အကြီးဆုံးဝေဖန်ရေးသမားမှာ သမီးငယ်လေး ဟာပါဖြစ်သည် ဟု ပြောကြားခဲ့သည်။

‘‘သမီးက ကျွန်တော့်ကို ဒယ် ဒီ့ကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ သဘောမကျဘူး။ ဒယ်ဒီက ဝဝ ကစ်ကစ်ကြီးဖြစ်နေတယ်လို့ပြော တယ်ဗျာ’’ဟု ဒေးဗစ်ဘက်ခမ်းက ရယ်မော၍ ပြောကြားခဲ့သည်။

ဘက်ခမ်းက ၎င်း၏ သား သမီးများကို ကျောင်းပို့ကျောင်း ကြိုနှုတ်ဆက်ချိန်၌ ၎င်းကြည်နူးမိ သည့် အတွေ့အကြုံများကိုလည်း Jimmy Kimmel Live! အစီအစဉ်၌ ထုတ်ဖော်ပြောကြားခဲ့သည်။

ဘက်ခမ်းက အငယ်ဆုံးသား နှင့် သမီးမှာ ၎င်းတို့ကို ကျောင်းပို့ ကျောင်းကြိုလုပ်ပေးသည်ကို အ လွန်သဘောကျကြသော်လည်း ဆယ်ကျော်သက်သားကြီးနှစ် ယောက်မှာမူ ရှက်ကိုးရှက်ကန်းဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာကျော်ဘောလုံးသမား တစ်ဦးဖြစ်ခဲ့သော ဒေးဗစ်ဘက် ခမ်းသည် Spice Girls အဖွဲ့ဝင် ဗစ်တိုးရီးယားဘက်ခမ်းနှင့် သား သမီးလေးဦး ထွန်းကားထားသူ ဖြစ်သည်။ 


 —Ref: NYD News
7Day Daily

0 comments:

Post a Comment