Sunday, January 18, 2015

တစ်ကိုယ်တော်ခွေကိုလည်း ‘နင်သာရှိရင်’လို့ပေးလိုက်တဲ့ ဂေးဂေး


နင်သာရှိရင်သီချင်းကို နိုင်းဝမ်းနှင့်အတူ တွဲဖက်သီဆိုထားသူဟု ပရိသတ်များသိရှိထား သည့် အဆိုတော် ဂေးဂေးသည် ၎င်း၏ တစ်ကိုယ်တော်အခွေဖြစ် သည့် ‘‘နင်သာရှိရင်’’ မတ်လကုန် တွင် ထွက်မည်ဖြစ်ကြောင်း ပြော သည်။စီးရီးအမည်ကို ‘‘နင်သာ ရှိရင်’’ဟု ပေးရခြင်းမှာ ပရိ သတ်များက ထိုသီချင်းဖြင့် တွဲ သိထား၍ဖြစ်ပြီး ပရိသတ်များသိထားသည့် တေးသီချင်းအေးအေး ပုံစံမဟုတ်ဘဲ ရော့ခ်ဆန်ဆန်တေးသီချင်းများလည်း သီဆိုထားကြောင်း တေးသံရှင် ဂေးဂေးကဆိုသည်။

‘‘နင်သာရှိရင် အခွေကို အချိန်တော်တော်ယူပြီးတော့ ကြိုးစားထားပါတယ်။ အဲဒါကြောင့် လည်း ဒီသီချင်းတစ်ပုဒ်နဲ့ပဲသိပြီး ပရိသတ်နဲ့ အဆက်အသွယ်ပြတ် နေသလို ဖြစ်နေတာက အခွေ အတွက် အချိန်တွေပေးနေရလို့ ပါ’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် ၎င်းပါဝင်ထား သည့် မောင်ကျေနပ်မယ်ဆို အမည်ဖြင့် အတွဲခွေတစ်ခွေထွက် ရှိထားပြီး သင်္ကြန်တေးသီချင်း အတွဲခွေတစ်ခွေ ပြုလုပ်ရန်ရှိနေ ကြောင်း သိရသည်။

7Day Daily

0 comments:

Post a Comment