Sunday, January 18, 2015

မွေးနေ့နဲ့ ဘွဲ့ရတဲ့အတွက် ပွဲလေးနှစ်ပွဲပေါင်းပြီး ပါတီလုပ်ဖို့ စဉ်းစားနေတဲ့ ယုသန္တာတင်



အေးဆေးတည်ငြိမ်တဲ့ ပုံသဏ္ဍာန် အပြည့်ရှိတဲ့ သရုပ်ဆောင်တွေထဲမှာ ယုသန္တာတင်လည်း တစ်ယောက် အပါအ၀င်ပါ။ သူမဟာ မကြာခင်မှာ ဘွဲ့နှင်းသဘင်ပေးပွဲကို တက်ရောက်တော့မှာ ဖြစ်သလို မွေးနေ့လည်း နီးလာပြီဖြစ်တာကြောင်း အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တော့ “ခုလာမယ့် မတ်လ ၆ ရက်နေ့က ယုရဲ့မွေးနေ့ပါ၊ မတ်လ ၅ ရက်နေ့က ယု အင်္ဂလိပ်စာမေဂျာနဲ့ ဘွဲ့ယူရမဲ့ ရီဟာဇယ်နေ့ပေါ့။ ဘွဲ့က ၇ ရက်နေ့မှာပေးမှာပါ။ မွေးနေ့နဲ့ ဘွဲ့ရတဲ့ပွဲ နှစ်ပွဲပေါင်းပြီး ပါတီလေး လုပ်မလားလို့တော့ စိတ်ကူးထားပါတယ်”လို့ သူမက ပြောပြသွားပါတယ်။ သူမဟာ လတ်တလောမှာ ခန့်စည်သူနဲ့အတူ လူမိတ္တူ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားရိုက်ကူးမှုပြီးသွားရင်လည်း ပုံမှန်ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့ရှိနေတဲ့ အကြောင်းကိုတော့ သူမက “ဒီကားပြီးရင်လဲ ပုံမှန် ဗီဒီယိုကားတွေပဲဆက်တိုက်ရိုက်ဖြစ်မယ်။ ရုပ်ရှင်ကားကြီးကပြောထားတာတော့ရှိတယ်။ ဒါပေမဲ့ အတိအကျ မသိရသေးဘူး။ ရုပ်ရှင်ကားကြီးတွေလဲ ညီမအများကြီး ရိုက်ချင်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကားကြီးကကျတော့ အများကြီး ရိုက်ရတာထက် ကိုယ့်အတွက်လုပ်ကွက်ရပြီး ပရိသတ် လက်ခံမဲ့ ကားလေးတော့ ရိုက်ချင်တယ်။ ယုက ကားကြီး နည်းတယ်။ ဗီဒီယိုနဲ့ ကြော်ငြာကတော့ မျှပြီး လုပ်ဖြစ်တာဆိုတော့ ပရိသတ်တွေကို ရိုက်ကူးမှုအပိုင်းနဲ့ပတ်သက်ပြီး အားနည်းနေတာမျိုး ရှိရင် နားလည်ပြီး အားပေးပေးပါလို့ပြောချင်ပါတယ်”တဲ့။


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment