Saturday, January 17, 2015

ချစ်သူများနေ့မှာ လက်ဆောင်တစ်ခါမှ မရဖူးတဲ့ ရွှေသမီးက ဒီနှစ်လဲရမှာ မဟုတ်တဲ့အတွက် မမျှော်တော့ပါဘူးလို့ ဆို



နောက်လမှာ ကျရောက်တော့မယ့် ချစ်သူများနေ့နဲ့ပတ်သတ်ပြီး မန္တလေးကနေ ရန်ကုန်ထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ပျိုးခင်းသစ်ရဲ့ မင်းသမီးတစ်ဦးဖြစ်သူ ရွှေသမီးကို မေးမြန်းကြည့်လိုက်တော့ “အဲ့နေ့က ညီမရဲ့အစ်မမင်္ဂလာဆောင် ရှိတယ်။ အဲ့ဒီတော့ မန္တလေးကို ပြန်ရပါမယ်။ အရင်နှစ်တွေတုန်းကတော့ အိမ်မှာပဲရှိတယ်။ အပြင်လဲ သိပ်မထွက်ဖြစ်ဘူး။ မနှစ်ကတော့ ညီမကျောင်းမှာရှိတယ်။ သူငယ်ချင်းတွေနဲ့ စားလိုက်ပျော်လိုက်နဲ့ အရမ်း ပျော်ဖို့ ကောင်းတယ်။ အဲ့နေ့မှာ တစ်ခါမှ လက်ဆောင်လဲ မရဖူးဘူး။ ဒီနှစ်လဲ ရဖို့မရှိဘူး။ ချစ်သူလဲမရှိတော့ မျှော်လင့်နေရင်လဲ စိတ်ဆင်းရဲမယ့်အတူတူ မမျှော်လင့်တော့ပါဘူး။ ချစ်သူများနေ့လေးကို မြင်မိတာကတော့ အရမ်းကို ချစ်ဖို့ကောင်းတယ်။ ကြည်နူးစရာလဲ ကောင်းတယ်။ ချစ်သူရှိတဲ့ သူတွေတွက်တော့ ပျော်စရာကောင်းမှာပေါ့နော်။ ချစ်သူမရှိတဲ့သူတွေကတော့ ရိုးရိုးသာမန် နေ့တစ်နေ့ပဲပေါ့”လို့ သူမက ပြောပါတယ်။အနုပညာသက်တမ်း (၂)နှစ်ရှိပြီဖြစ်တဲ့ ရွှေသမီးက သူမကိုယ်သူမ အသစ်တစ်ယောက်လိုပဲ သဘောထားတဲ့အကြောင်းကို ခုလိုဖွင့်ဟပါတယ်။ “ကိုယ့်ကိုကို အသစ်လို့ပဲ သဘောထားပါတယ်။ အမြဲအသစ်လို့ ခံယူထားမှလဲ နောက်ထပ်ပညာတွေကို ထပ်ယူလို့ရမယ်။ ကြိုးစားပြီး လုပ်မယ်ဆိုတဲ့ အရာတစ်ခုကိုပဲ စိတ်ထဲ ထည့်ထားတယ်။ ကျန်တာကတော့ ပျိုးခင်းက အစ်ကိုတွေဆီကရော၊ ဒါရိုက်တာတွေဆီကရော၊ ညီမရဲ့ကြားဆရာ၊ မြင်ဆရာတွေဆီကရော အကုန်သင်ရပါဦးမယ်။ ကိုယ့်ထက် ၀ါရင့်တဲ့ သရုပ်ဆောင်ကြီးတွေနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ခါ ညီမတို့အတွက်လဲ အရမ်းကို ပညာရတယ်။ သူတို့ဆီကလဲ ကိုယ်မတတ်သေးတဲ့ အရာတွေကို လေ့လာရမယ်။ သင်ယူရမယ်လို့မြင်မိတယ်။ ဒီပျိုးခင်းထဲမှာ ပါသွားတဲ့တွက် တခြားသူတွေထက်တော့ အခွင့်အရေးလေး နည်းနည်း ပိုရတယ်။ သင်ပေးမဲ့ ဆရာတွေလဲ အဆင်သင့်ရှိတယ်။ ကာရိုက်တာပိုင်းကအစ သူတို့က အကောင်းဆုံး လုပ်ပေးကြတော့ ညီမတို့အတွက် အခွင့်အရေးရတယ်။ အဲ့ဒီပေးလာတဲ့ အခွင့်အရေးတွေ ပေါ်မူတည်ပြီး ညီမတို့ဖက်ကလဲ အတတ်နိုင်ဆုံး ကြိုးစားရပါမယ်”တဲ့။

ရွှေသမီးဟာ ခုလက်ရှိမှာတော့ I am ဘခက်ဆိုတဲ့ကားလေးထဲမှာ သီချင်းဆိုဝါသနာပါတဲ့ ကတာကိုကြိုက်တဲ့ မိန်းမချောတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေကြောင်း သိရပြီး ဖေဖော်ဝါရီလပိုင်းမှာ မြင့်မြတ်နဲ့ တစ်ကားရိုက်ဖို့ရှိတယ်လို့ ဖွင့်ဟသွားပါတယ်။


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment