Tuesday, January 20, 2015

ကားသစ်များ တင်သွင်းရာတွင် ဘယ်မောင်း စနစ်များသာ ခွင့်ပြုရန် စီစဉ်နေ


ရန်ကုန်မြို့ရှိ ကမ္ဘာ့ နာမည်ကြီး LAND ROVER ကား အရောင်းပြခန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး ကားသစ်များ တင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်းစနစ်များသာ ခွင့်ပြုရန် စိစစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။“ဒီ ၂၀၁၅ – ၁၆ ခုနှစ်က စပြီး Brand new ကားတွေ တင်သွင်းမယ် ဆိုရင်လည်း ဘယ်ကားမဆို ဘယ်မောင်းတွေကိုပဲ ခွင့်ပြုသွားမယ်”ဟု စီးပွား/ကူးသန်း ဒု ညွှန်ကြားရေးမှူး တဦးက ပြောသည်။

ဘယ်မောင်းစနစ် ယာဉ်များကိုသာ တင်သွင်းခွင့်ပြုရန် စိစစ်ရခြင်းသည် နိုင်ငံတကာ၌ ဘယ်မောင်းစနစ် ကျင့်သုံးနေသည့် အတွက် ပြည်တွင်း၌ နိုင်ငံတကာ အလားတူ ဘယ်မောင်းစနစ် ယာဉ်များကို တင်သွင်းရန် စိစစ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆို သည်။

ထိုသို့ ဘယ်မောင်းစနစ် ယာဉ်များသာ တင်သွင်းခွင့်ပြုမည် ဆိုပါက လက်ရှိပြည်တွင်း ကားဈေးကွက်တွင် ဂျပန်နိုင်ငံမှ အသုံးပြုပြီး သော ညာမောင်း ယာဉ်များကိုသာ အရောင်းစင်တာများက အဓိက တင်သွင်းခြင်း ဖြစ်သောကြောင့် အရောင်း စင်တာများ အကြား ကွာဟချက် ပဋိပက္ခ ကြီးမားလာနိုင်ကြောင်း ကားရောင်းဝယ် လုပ်ကိုင်ကြသူများက ပြောသည်။

“ဘယ်မောင်း ဆိုရင်တော့ ဇိမ်ခံကားတွေပဲ၊ ဥရောပ အခြေစိုက်ကားတွေက ဘယ်မောင်းတွေပါ၊ ဈေးလည်း မြင့်တယ်၊ ဒီလို မူဝါဒ သာ ဆိုရင် ညာမောင်းကိုပဲ အဓိက တင်သွင်းနေတဲ့ ကားကုမ္ပဏီတွေနဲ့ ပဋိပက္ခ ဖြစ်လာနိုင်တယ်၊ ဘယ်မောင်းသွင်းတဲ့ ကားဈေးကွက်က ကြီးလာနိုင်တယ်”ဟု ဗဟန်းမြို့နယ် ဆရာစံလမ်းရှိ Future Auto ကားအရောင်း စင်တာမှ မန်နေဂျာ ဦးဇေယျာစိုး က ပြော သည်။

ကား အရောင်းစင်တာ အများစုသည် ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများနှင့် ကြိုတင်စာချုပ် ချုပ်ဆိုထားမှုများ ရှိနေပြီး ကားအရောင်း စင် တာများသည် ကားတင်သွင်းမှု တရားဝင် ပြုလုပ်နိုင်ရန် အနည်းဆုံး မတည်ငွေ ကျပ် သိန်း ၁၀၀၀ ရှိရပြီး ကားအစီးရေ ၂၀၀ တင် သွင်း ခွင့်ရှိကာ အစီး ၅၀ ရောင်း၊ အစီး ၅၀ ပြန်သွင်းစနစ်(Recycling system) ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အရောင်း စင် တာ များက ပြောသည်။

ပြည်တွင်းတွင် ကား တရားဝင် တင်သွင်းခွင့် ရရှိထားသော ကားအရောင်းစင်တာ ၁၇၀ တွင် Brand new တင်သွင်းသော ကား အရောင်း စင်တာ ၂၀ ရှိနေကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် ဖြန့်ဖြူးသူများ အသင်း (MAMDA/Myanmar Automobile Manufactureers & Distributors Association) ၏ စာရင်းမှတ်တမ်းများ အရ သိရသည်။

လက်ရှိအချိန် အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၌ တင်သွင်းရန် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီး ရေ စုစုပေါင်း ၆ သိန်း ရှိပြီး ၄ သိန်းမှာ အသစ်များ ဖြစ်ကြောင်း MAMDA ၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဘယ်မောင်းစနစ် ယာဉ် တင်သွင်းရန် စိစစ်မှုနှင့် ပတ်သက်ပြီး ကားအရောင်းအ၀ယ် ပြုလုပ်နေသူ တဦးက“မြန်မာနိုင်ငံရဲ့ လမ်း အနေအထားအရ ဘယ်မောင်းပဲ သွင်းသွင်း Safety မဖြစ်ပါဘူး၊ စင်္ကာပူတို့ ဂျပန်တို့မှာတောင် ဘယ်ညာခွဲထားတာ မရှိပါဘူး။ ယာဉ်မောင်းသူကလည်း ကျွမ်းကျင်မှုရှိမှ ရမှာပါ၊ အစိုးရကရော Traffic control ကို ဘယ်လောက်အထိ ကောင်းအောင် လုပ်ပေး ထားလို့လဲ”ဟု ပြောဆိုသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုများ အတွက် စတင် ခွင့်ပြုချိန်မှ ယခုအချိန် အထိ ထုတ်ပေးသည့် ပါမစ်ပေါင်းမှာ ၁၆၉၀၀၀၊ တဦးချင်း တင်သွင်းမှုများအတွက် ၂၃၅၀၀၀၊ စုစုပေါင်း ၃ သိန်း ၉ သောင်း ရှိကြောင်း၊ ပါမစ် လာရောက်လျှောက်ထားသည့် အရေအတွက် သည် တရက်လျှင် အစောင် ၆၀ မှ ၈၀ အထိ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး နှစ်ရှည်ကျင့်သုံးနိုင်မည့် ပေါ်လစီတရပ် ယခုနှစ်အတွင်း ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူးသူများ အသင်းက ကြိုးစားနေကြောင်း သိရသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူးသူများအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်းက“ကျနော်တို့ အနေနဲ့ ပေါ်လစီ၊ ဥပဒေ ပေါ်လာဖို့ ကြိုးစားနေ တယ်။ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာဖို့ ရှိတယ်။ အဲဒီမှာ အဓိက ပါလာမယ့် အချက်က မြန်မာနိုင်ငံမှာ ရှိတဲ့ ယာဉ်ကြောစနစ်နဲ့ ကိုက်ညီတဲ့ယာဉ် တင်သွင်းခွင့်ပြုရန်ဆိုတော့ လက်ရှိ ဂျပန်ကားတွေက ညာမောင်းပဲ ဖြစ်နေတော့ ဘယ်မောင်းပဲ သွင်းရမယ်ဆိုတဲ့ စိစစ်မှု အနေအထားအရ ကားတင်သွင်းခွင့်က ချောင်လာဖို့ မမြင်ပါဘူး”ဟု ပြောဆိုသည်။


ဧရာဝတီ

0 comments:

Post a Comment