Monday, January 19, 2015

ခြောက်ပွင့်ဆိုင်ဆွေးနွေးရေး သမ္မတ သွယ်ဝိုက်၍ ငြင်းဆို

ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထား သော ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးထက် တိုင်းရင်းသားများ၊ လူထုလူတန်းစားအဖွဲ့အစည်း များ၊ နိုင်ငံရေးအင်အားစုများဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေး နွေးရေးကို ပြုလုပ်စေလိုကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင် စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့အကြောင်းပြန်လိုက်သည်။ဇန်န၀ါရီ ၁၉ ရက်တွင် ပြုလုပ်သော(၁၂) ကြိမ်မြောက် ပြည် ထောင်စုလွှတ်တော်ပုံမှန်အစည်း အဝေးတွင် ယင်းသ၀ဏ်လွှာကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ် ပြီး တွေ့ဆုံဆွေးနွေးပွဲအား မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးစေလိုကြောင်းလည်း သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြသည်။

‘‘တကယ်ကတော့ ဘာမှ တိ တိပပရေးထားတာမဟုတ်ဘူး။ ဒီ ခြောက်ပွင့်ဆိုင်ကို မလိုချင်လို့ ငြင်းချက်ထုတ်ချင်လို့ တမင်ကို ဝေ့၀ိုက်နေတာမှန်းသိသာတယ်။ ကျွန် တော်တို့ လွှတ်တော်အနေနဲ့က တော့ ခြောက်ပွင့်ဆိုင်ကို ဆုပ်ကိုင်ထားတုန်းပဲ’’ ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြောသည်။

ယခုပြန်ကြားလာသော သ ၀ဏ်လွှာအရ ထိုကဲ့သို့တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်နှင့် မူ ဘောင်ကို မိမိတို့ လွှတ်တော်ဘက်မှ ရေးဆွဲပေးရမည့် သဘောဆောင်ကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းရင်းသား လွှတ်တော်ကိုယ် စားလှယ်များ ကိုယ်စားပြုတက် ရောက်ရန် ရွေးချယ်ခံထားရသည့် ဒေါက်တာ အေးမောင်က ပြော သည်။

အဆိုပါအကြောင်းပြန်ကြား သည့် သ၀ဏ်လွှာတွင် ရန်ကုန် နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော်တို့မှ အတည်ပြုထားသည့် ၁၂ ပွင့်ဆိုင်တွေ့ဆုံရေး၊ ချင်းပြည် နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ၏ သဘော ထားထုတ်ဖော်မှုများအစရှိသည် တို့ကို အလေးထားထည့်သွင်းစဉ်း စားရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ထို့ပြင် အဆိုတွင်ပါရှိသော အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ယင်းကိစ္စရပ်သည် အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်တွင် တာဝန်အရှိဆုံး ဖြစ်ပြီး အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သင့်ပြီး အဆိုပါလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လုပ်ဆောင်ပါက တရားဥပဒေစိုးမိုးရေးကို ကျော် လွန်လုပ်ဆောင်သကဲ့သို့ ဖြစ်နိုင် သည်ကို သတိပြုရန်လိုကြောင်း သမ္မတ၏ သ၀ဏ်လွှာတွင် ထည့် သွင်းရေးသားထားသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ဆိုသည်မှာ အကြောင်းအ ရာတစ်ခုချင်း၏ ခေါင်းစဉ်မျှသာ ဖြစ်ပြီး ခေါင်းစဉ်တစ်ခုချင်းအပေါ် ထည့်သွင်းဆွေးနွေးလိုသည့် မူ ဘောင်နှင့် အသေးစိတ်အကြောင်းအရာများ မိမိတို့ထံသို့ ကြိုတင်ပေးပို့ရန်လိုအပ်ကြောင်း သမ္မတက ပြောသည်။


7Day Daily

0 comments:

Post a Comment