မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အလှမယ်သရဖူကို ပထမဆုံးရယူနိုင်ခဲ့သော မေမြတ်နိုးက ၎င်းကိုပရိသတ်များ ပို၍သတိထားမိလာသည်မှာ ကောလာဟလသတင်းများကြောင့် ဟု ထင်မြင်ကြောင်း ဆိုသည်။
သရဖူရပြီးနောက် ထွက်ရှိခဲ့သည့် ကောလာဟလများကြောင့် နာမည်ကြီးလာခြင်းဖြစ်ပြီး ထိုသတင်းများကြောင့်လည်း ၎င်းနှင့် မြန်မာနိုင်ငံကိုတွဲ၍ မြင်လာခြင်းကြောင့် ကောလာဟလကို ကောင်းစွာအသုံးချခဲ့သည်ဟုလည်း မေမြတ်နိုးက ပြောသည်။ယင်းကောလာဟလများကြောင့်ပင် လူကဲခတ်တတ်လာ ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
အနုပညာနှင့်ပတ်သက်၍ ရုပ်ရှင်နှင့်ဂီတပိုင်းတွင် စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်လိုပြီး လက်ရှိအချိန်ထိ ဇာတ်ကားရှစ် ကားရိုက်ကူးထားပြီး ဂီတပိုင်း၌ အတွဲခွေသုံးခွေထွက်ရှိထား ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် သရုပ်ဆောင် မိုးအောင်ရင်နှင့်အတူ‘ကိုပေသီးတို့ရပ်ကွက်’အမည်ရှိ ဟာသဇာတ် ကားတစ်ခု ရိုက်ကူးနေပြီး ယင်းဇာတ်လမ်းထဲတွင် မင်းသမီးရူး ရူး နေသည့် ကောင်မလေးတစ်ဦးနေရာ၌ ပါဝင်ထားကြောင်းသိရသည်။ သရုပ်ဆောင် မေမြတ်နိုးသည် အိပ်မက်ဆုံရာ Senson6 တွင် နံပါတ်(၈) နေရာရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် Miss Asia Pacific World 2014 တွင် သရဖူရရှိ ထားသူဖြစ်ပြီး ၂၀၁၃ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ ရွှေကြိုအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
7Day Daily
 






 
 
 
 
 
0 comments:
Post a Comment