ခွေးအထီးကို အမျိုးသမီးက ကျော်ခွလျှင်၊ အမျိုးသား၏ ဦးခေါင်ကို အမျိုးသမီးက ထိလျှင်ကိုင်လျှင်၊ အမျိးသားများ က အောက်မှာ ထိုင်ပြီး အမျိုးသမီးက အပေါ်မှာ ထိုင်သည့် အနေအထား တစ်ခုတွင် ရှိလျှင်၊ တရားနာသည့်အခါ အမျိုးသမီးများက အမျိုးသားအရှေ့မှာ နေလျှင် ဘုန်းနိမ့်တတ်သည်။ ကံနိမ့်တတ်သည် အစရှိသဖြင့် အမျိုးမျိုး ပြောဆိုကြသည်။ အမှန်စင်စစ်ကား မဟုတ်ရပါ။ရှေးယခင် ခေတ်အဆက်ဆက်က အမျိုးသမီးတို့ က္လိနြေ္ဒ ရွှေပေး၍ မရ အစရှိသဖြင့် ပြောစမတ် ရှိခဲ့သည်။
အမျိုးသမီးဟူသည် အမျိုသားများနှင့် မတူသည့် အဓိက အချက်မှာ လက်ရုံးခွန်အား ဗလ တစ်ခု ဖြစ်ပြီး ယင်း အချက်ကို လူသားတို့ သိရှိ၍ အနိုင်မကျင့်ပဲ ကိုယ်ချင်စာ သနားတတ်စေအောင် အားနွဲ့သူ ပီပီ ယဉ်ယဉ်ကျေးကျေး နေအပ်စေသည်။ ယင်းမှာ မည်သူမျှ ဥပဒေထုတ် တားမြစ်စရာ မလိုပဲ အမျိုးသမီးများ ကိုယ်တိုင် လက်ရုံးခွန်အားဗလ အားနွဲ့သူ ပီပီ အမျိုးသားများကဲ့သို့ တန်းတူ ခွန်အားသုံး အလုပ်လုပ်ခြင်းတို့ မလုပ်၊ လိင်သဘာဝအဖြစ် ကွဲပြားသောကြောင့်လည်း အမျိုးသားများကဲ့သို့ မဝတ်ဆင်။ ယဉ်ကျေးသူ ပီပီ လုံလုံခြုံခြုံဝတ်စေကာ၊ ပြောဆို၊ ပြုမု အမူအရာ များက အစ ယဉ်စေရန် ငယ်စဉ်ကတည်းက မိဘများက သင်ကြားပေးသည်။ အနေအထိုင် မယဉ်ကျေး၊ သွားလာသည့်အခါ လမ်းလျှောက်သည့်အခါ ခုန်လွှားခြင်း၊ ကျော်လွှားခြင်းတို့ မပြုစေ။ အမျိုးသားများ မြင်သည့်အခါ အနိုင်ကျင့်ခြင်း၊ မကောင်းမှု ပြုခြင်းတို့၏ ဆန့်ကျင့်ဘက်ဖြစ်သည့် သနားခြင်း၊ ကူညီချင်စိတ် ဖြစ်ပေါ်စေခြင်း၊ ဖေးမ ကူညီလိုစိတ်ဖြစ်ပေါ်စေခြင်းတို့ကို မွေးဖွားစေရန် ဖြစ်သည်။ စာနာ သနားတတ်လာစေရန် ဖြစ်သည်။ ယင်းကို မသိပဲ မိမိက ဝတ်စားရာတွင် မဆင်မခြင် ဖော်ပြ ဝတ်စားခြင်း၊ သွားလာသည့်အခါ အမျိးသမီးကဲ့သို့ ညင်သာမှု မရှိခြင်း တို့က မိမိအတွက်လည်း ပို၍ မလုံခြုံမှု ဖြစ်စေသည်။ ဘုရားစိန်ဖူးတော် တင် သပ္ဗါယ်ခြင်း ကဲ့သို့ အမှုကိစ္စ၊ ဘုရားရင်ပြင် အမြင့်နေရာသို့ တက်ခြင်း ကိစ္စတို့သည် အောက်တွင် ရှိသော အမျိုးသားများ၏ အမြင်တွင် မတင့်တယ်သကဲ့သို့ ရှိသောကြောင့် တားဆီးမှုများကို ခေတ်အဆက်ဆက် ပြုလုပ်ရာမှ အမျိုးသားများသာ ဝင်ရန်ကဲ့သို့ ဘုရားစေတီ နေရာများ ရှိလာရသည်။
ဘုန်းကြီး၊ ဦးဇင်းများနှင့် အနီးကပ် မနေပဲ ခွာနေရန် ဟူသည်ဟာ ဘုရားသားတော် တရားအားထုတ်သူများ အနေဖြင့် တရားကို မထိခိုက်ပဲ စိတ်များ အာရုံများ လောကုတ္တရာတွင်သာ မြဲ၍ နေအောင် မာတုကာမ များဖြင့် ခွာ၍ နေရန် မြတ်စွာဘုရားကိုယ်တိုင် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသမီးများ တရားအားထုတ်က ဘုရားဖြစ်နိုင် မဖြစ်နိုင်
တရားဟောက တရားသိနိုင်သော တိဟိတ်ဥာဏ် ရှိသူတိုင်းက နိဗ္ဗာန်ရောက်နိုင်သည်။ ကျင့်ကြံ အားထုတ် ရနိုင်ပါသည်။ အမျိုးသမီးများလည်း အမျိုသားဘဝ ရရှိအောင် ကျင့်ကြံအားထုတ်နိုင်ပါတယ်။ အမျိးသား၊ အမျိးသမီး ဟူ၍ ကွဲလာသည့်အခါ အဓိက ကွဲသွားသည့် အချက် တစ်မှာ ဓိပတိ ဖြစ်သည်။ ကြိုးစားအားထုတ်မှု ဖြစ်ပြီး အမျိုးသားများက ခွန်အားဖြင့်လည်း ပိုမို သန်မာသောကြောင့် ကြိုးစားအားထုတ်သည့်အခါ ဇွဲ လုံ့လ ပိုမို ပြင်းထန်သောကြောင်း ဘုရားဖြစ်ရန်မှာ အမျိုးသားများကဲ့သို့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ၊ ပညာ တို့တွင် ဓိပတိ အားဖြင့် သဘာဝ အလျောက် ပိုမို အားကောင်းသောကြောင့် ဘုရားဖြစ်ရန် ကြိုးစားနိုင်သည်ဟု ဆိုလိုသည်။ ယင်းဆိုလိုမှုမှာ အမျိုးသမီးတို့တွင် ရှိသော ကြိုးစားအားထုတ်မှုကို နည်းသည်ဟု မဆိုလို လောကမှ ထွက်မြောက်ရာ ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရန် ကျင့်ကြံရန် လိုအပ်သော အရည်အချင်းတို့မှာ ကိုယ်စီ ရှိကြ ပါသည်။ ယခု ဘဒ္ဒကမ္ဘာတွင်ပင်တောင် ဘုရား နောက်တစ်ဆူသာ ပွင့်တော့မှာ ဖြစ်ပြီး ယင်းဘုရားမှ သာမန်လူများထက် ပို၍ ကြိုးစားအားထုတ်မှု၊ ပါရမီ ရင့်သန့်သော ရှားပါး လူသားသာ ဖြစ်သည်။
အောင်ခမ်း (ရိုးရာလေး)
0 comments:
Post a Comment