Friday, January 16, 2015

မိတ်ကပ်ပါးပါး နဲ့ သဘာဝဆန်ဆန် လှပနေတဲ့ ပြင်သစ်စတိုင်လ် အလှအပရေးရာအကြောင်း တစေ့တစောင်း



အမျိုးသမီးတိုင်းကတော့ မနက်အိပ်ယာနိုးတဲ့အချိန် မှန်ကြည့်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့အလှမျိုး မပိုင်ဆိုင်နိုင်ရင်တောင် ကြည့်ကောင်းပြီး ကျက်သရေရှိရှိ လေး ဖြစ်ချင်ကြတာချည်းပါပဲ။ မျက်နှာကို အသားကုန်ပြင်ဆင်ခြယ်သထားတာမျိုး မဟုတ်ပဲ သဘာဝဆန်ဆန်လှနေသူတွေထဲမှာ ပြင်သစ်နိုင်ငံက အမျိုးသမီးတွေက နာမည်ကြီးပါ။ ဒီလိုပြောလိုက်လို့ တစ်ခြားနိုင်ငံက အမျိုးသမီးတွေကို မလှဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အားလုံးက သူ့ဟာနဲ့သူ ကြည့်ကောင်းပေမယ့် အလှအပအတွက် ပေးတဲ့အချိန်နည်းပြီး အလှကုန်ပေါ် မှီခိုမှုနည်းတဲ့၊ သဘာဝကျကျလေးသာ ပြင်ဆင်ထားတတ်တဲ့ ပြင်သစ်ပျိုမေတွေရဲ့ နည်းနာလေးတွေကို ဝေမျှပေးချင်ပါတယ်။၁။မျက်နှာပေါင်းတင်တဲ့ကပ်ခွာကို အပတ်တိုင်းသုံးပါ။

ပြင်သစ်က အမျိုးသမီးတွေဟာ တစ်ပတ်ကို တစ်ခါလောက်တော့ အနည်းဆုံး မျက်နှာပေါင်းတင်ကပ်ခွာလေးတွေ သုံးတတ်ကြပါတယ်။ ဒါတွေလုပ်ဖို့ အလုပ်ရှုပ်လို့၊ အချိန်မရှိဘူးလို့တော့ မဆိုလိုက်ပါနဲ့။ အနည်းဆုံးတစ်ပတ်တစ်ကြိမ် လောက်တော့ ကိုယ့်မျက်နှာ အသားအရေအတွက် အချိန်ပေးသင့်တယ်ဟုတ်။ အရည်အသွေးမြင်တဲ့ မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ သင့်အသားအရေကို ချောမွတ်စေလို သင့်ကို ငယ်ရွယ်နုပျိုစေဖို့ အတွက်လည်း ကူညီပေးနိုင်ပါတယ်။ နောက်ပိုင်း မျက်နှာလေး ၀င်းနေအောင် မိတ်ကပ်အကူအညီတောင် ယူစရာမလိုတော့တဲ့အထိပေါ့။

၂။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပါ။

ကိုယ့်ရဲ့အသားအရေက ကျန်းမာပြီးလှပနေတယ်ဆိုရင် အဆီကျစရာဘာညာလည်း မလိုတော့ပါဘူး။ ဒါပေမယ့် အသားအရေလှပဖို့ဆိုတာ ကိုယ်စားနေတဲ့ အစားအသောက်နဲ့လည်း အများကြီး ဆိုင်ပါသေးတယ်။ ပြင်သစ်ကအမျိုးသမီးတွေဟာ အစားအစာကို မှန်မှန်ကန်ကန်စားကြတယ်။ အထူးသဖြင့် ပိန်ချင်လို့ မနက်စာ၊ နေ့လည်စာ၊ ညစာရှောင်တယ်ဆိုတာ သိပ်မရှိဘူး။ အဆာပြေစားတဲ့ အစားအစာကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးကို ရွေးစားတတ်ကြတယ်။ ဒီတော့ သူတို့ဘာ့ကြောင့် အလှအပမှာ နာမည်ကြီးသလဲ စဉ်းစားစရာကို မလိုတော့ဘူး။

၃။ခေါင်းနေ့တိုင်းလျှော်ဖို့ မလိုပါဘူး။

ပြင်သစ်အမျိုးသမီးတွေဟာ သူတို့ဆံပင်ကို ရိုးရှင်းပြီး ကြည့်ကောင်းတဲ့ ပုံစံမျိုးသာ အများအားဖြင့် ညှပ်လေ့ရှိကြတယ်။ ပြီးတော့ ဆံပင်အတွက် အလှကုန်ပစ္စည်းတွေကို အများကြီး သုံးတာမျိုးမရှိကြဘူး။ နေ့တိုင်းခေါင်းလျှော်တာမျိုးတွေ မလုပ်ကြဘူး။

၎။မိတ်ကပ်ထူထူ မလိမ်းကြဘူး။

ထူလွန်းတဲ့ မိတ်ကပ်တွေဟာ တကယ်ကို ကြည့်ရဆိုးစေပါတယ်။ ဒါတွေက ချွေးပေါက်တွေပိတ်သွားစေမယ်ဆိုရင် ၀က်ခြံက ထွက်လာပါရော။ ပြင်သစ်အမျိုးသမီးအများစုဟာ မိတ်ကပ်ရည်၊ ဖောင်ဒေးရှင်းကို မသုံးကြဘူး။ သူတို့အများစု သုံးတာတွေက mascara၊ နှုတ်ခမ်းနီပါးပါးလေးနဲ့ ပါးနီလေးဆိုးလိုက်ရင် ပြည့်စုံသလို ဖြစ်သွားတာများပါတယ်။ တကယ်တော့ မိတ်ကပ်လိမ်းမှ ပြီးပြည့်စုံတဲ့အလှကို ရတာ မဟုတ်ပါဘူး။ မိတ်ကပ်မပါပဲနဲ့လဲ သင်ဟာ ကြည့်ကောင်းပြီး နုပျိုတဲ့အသွင်ရစေပါတယ်။

၅။ရေမွှေးကို နေ့တိုင်း ဆွတ်တတ်ကြတယ်။

အမျိုးသမီးအများစုက ရေမွှေးထက် မိတ်ကပ်ကို အသားပေးချိန်မှာ ပြင်သစ်အမျိုးသမီးတွေကတော့ ရေမွှေးနဲ့ ဘော်ဒီကိုမွှေးကြိုင်စေမယ့် အသုံအဆောင်တွေကို ပိုစိတ်ဝင်စားကြပါတယ်။ ဒါ့ကြောင့် ပြင်သစ်ကရေမွှေးတွေဟာ ကမ္ဘာမှာ ထူးခြားနေတတ်တာပါ။

၆။အဆင်တန်ဆာ၊ ကျောက်မျက်ရတနာစတာတွေကို အနေတော်လောက်သာ ၀တ်ပါ။

ကျောက်မျက်ရတနာ အဆင်တန်ဆာ ခပ်ကြီးကြီး ၀တ်ဆင်တာ အမျိုးသမီးတိုင်းအတွက်တော့ ကြည့်မကောင်းနိုင်ပါဘူး။ ဒီတော့ ပြင်သစ်က ပျိုမေတွေလို နည်နည်းနဲ့ လှအောင် ၀တ်ဆင်ပါ။ သူတို့ပုံမှန်ဝတ်တတ်တာက နားကပ်၊ နားစွဲ သေးသေးလေးတွေနဲ့ လက်ကောက်လေးတွေပါတယ်။ များသောအားဖြင့် သူတို့ဟာ ဆွဲကြိုးတွေ သိပ်မ၀တ်တတ်ပါဘူး။

မေသော်
Ref:womanitely.com

Trend Myanmar

0 comments:

Post a Comment