Sunday, January 18, 2015

ကိုယ့်ရဲ့လက်တွဲဖော်က ကလေးမလိုချင်တဲ့အခါ ကိုယ့်ဘက်က ဘယ်လိုပြောဆိုဆွေးနွေးသင့်သလဲ



အိမ်ထောင်မပြုခင်ကတည်းက ဖွင့်ဟတိုင်ပင်ထားသင့်တဲ့ တစ်ချို့အရာတွေကို မတိုင်ပင်ခဲ့မိဘူး။ အထူးသဖြင့် ကလေးယူဖို့ကိစ္စဆိုပါတော့။ ကိုယ်က ကလေးလိုချင်တယ်။ ကိုယ့်ရဲ့လက်တွဲဖော်က ကလေးယူဖို့ ဆန္ဒမရှိတဲ့အခါ ကိုယ့်ဘက်က ဘယ်လိုစည်းရုံးကြည့်သင့်ပါသလဲ။ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတူလို့ နှစ်ဦးစလုံး စိတ်ပျက်လက်ပျက် ဖြစ်နေမယ့်အစား ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်အောင် ဒီအချက်လေးတွေကို ကြိုးစားကြည့်သင့်ပါတယ်။၁။ကလေးတွေမရှိပဲ ဘ၀ရှေ့ရေးကို တွေးကြည့်လို့မရဘူးဆိုတာ တစ်ဖက်လူကို သိပါစေ။

ပထမဆုံးအနေနဲ့ သင့်ရဲ့လက်တွဲဖော်အပေါ်မှာ ရိုးသားမှုရှိပါစေ။ ဒီတော့ သူ့ကိုဘယ်လောက်ချစ်ချစ် ကလေးတွေမပါတဲ့ အိမ်ထောင်ရေး၊ ဘ၀ရှေ့ရေးကို ပုံဖော်ကြည့်လို့ ဘယ်လိုမှမရတဲ့အကြောင်း သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြပါ။ သင့်ခံစားချက်ကို ဖုံးကွယ်မထားပါနဲ့။ သူက သင့်ကိုတကယ်ချစ်တယ်ဆိုရင် သင့်ကို အလွယ်တကူနားလည်မှုပေးပါလိမ့်မယ်။ ဒါ့အပြင် သူဘာ့ကြောင့် ကလေးမယူချင်သလဲဆိုတာကိုလည်း ပြန်လည်ဖွင့်ဟပါလိမ့်မယ်။ နှစ်ဦးစလုံး ဘယ်လိုမှညှိမရတော့ဘူး၊ ကိုယ်ကလည်း ကလေးအရမ်းလိုချင်တယ်၊ သူကလည်း ယူဖို့လုံးဝစိတ်ကူးမရှိဘူးဆိုရင်တော့ ကွဲကွာရမှာ၊ လမ်းခွဲရမှာကို မကြောက်ပါနဲ့တော့။ နောင်တတွေနဲ့ နှစ်ပေါင်းများစွာကို ဖြုန်းတီးပစ်မယ့်အစား ဆုံးဖြတ်ချက်တစ်ခုချပြီး အိပ်မက်စိတ်ကူးအတိုင်းနေထိုင်တာ အကောင်းဆုံးပါ။

၂။တစ်ဖက်လူကို ဖိအားမပေးမိအောင် နေပါ။

ဒီအိမ်ထောင်ရေးကို ဖျက်ဆီးပစ်လိုက်ဖို့ဆိုတာလွယ်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေ့တွေမရောက်ခင်အချိန်ထိ စိတ်ပင်ပန်းကြီးစွာ ဖြတ်သန်းရမှာကို သင်မလိုလားဘူး မဟုတ်လား။ သူ့ကိုချစ်တယ်ဆိုရင် သူ့ကိုနားလည်နိုင်အောင် ကြိုးစားပါ။ သူလည်း သူ့အခက်အခဲရှိတယ်ဆိုတာ နားလည်ပေးဖို့ လိုပါတယ်။ အတိတ်တုန်းက သူဘာတွေ ကြုံခဲ့ရသလဲဆိုတာရယ်၊ ငွေရေးကြေးရေးကြောင့်လားစသဖြင့် သူဘာတွေဖြစ်နေသလဲ၊ ခံစားနေရသလဲဆိုတာ နားလည်ပေးလိုက်ပါ။ နေ့တိုင်းကလေးအကြောင်းတွေချည်း ပြောနေတာမျိုး မလုပ်မိပါစေနဲ့။

၃။သူစဉ်းစားဖို့ အချိန်ပေးလိုက်ပါ။ကလေးအကြောင်းအပြောနေတုန်း သူပုံက စိတ်ဆိုးနေတဲ့ပုံ ပေါက်နေတယ်ဆိုရင် ပြောလက်စကို ဆက်မပြောဖြစ်အောင် ရပ်လိုက်ပါ။ သူ့ကို စဉ်းစားဖို့အချိန်ပေးလိုက်ပါ။ ဒီအခြေအနေအတွက် ပြသနာ တက်ရတာမျိုး မဖြစ်ပါစေနဲ့။ ဒေါသထွက်နေရလို့ ကိုယ်ပြောတဲ့စကားတွေကို ဘာတစ်ခုမှ မမှတ်မိတော့တာမျိုး မဖြစ်ပါစေနဲ့။ ဒီတော့ ကိုယ်ပြောပြီးတဲ့အခါ သူ့ဘက်က ဘာပြန်ပြောမလဲဆိုတာ နားထောင်ပါ။ ကလေးကြောင့် ခုလို အခြေအနေတွေ ပျောက်ကွယ်သွားမယ်၊ သာယာတဲ့အိမ်ထောင်ရေး မရှိနိုင်တော့ဘူးဆိုတာ မဟုတ်တဲ့အကြောင်း ရှင်းပြပါ။ နောင်ကိုယ်တွေ အသက်ကြီးသွားတဲ့အခါ ကလေးတွေက ကိုယ့်ကိုကြည့်ရှုပေးနိုင်တယ်ဆိုတာပါ ထည့်ပြောပေးပါ။ ရင်သွေးရှိခြင်းရဲ့ ကောင်းကျိုးလေးတွေ ထည့်ပြောပေးပါ။

၎။ငွေရေးကြေးရေးကိစ္စကိုလည်း ဆွေးနွေးပါ။

ကိုယ့်အိမ်ထောင်ဘက်က ကလေးဘာ့ကြောင့် မလိုချင်တာပါလဲ။ ငွေးရေးကြေးရေးကိစ္စကြောင့်လားဆိုတာ သိအောင်လုပ်ပါ။ သိပြီဆိုရင်လည်း ဆွေးနွေးတိုင်ပင်ပါ။ တကယ်ကလေးယူတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ၀င်ငွေကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ နောက်ထပ်စီးပွားရေးတစ်ခု ထပ်လုပ်ဖို့ လိုမလား။ ခုနှစ်မှာ ငွေကြေးအကျပ်အတည်းကြောင့် ကလေးမယူနိုင်ဘူးဆိုရင် နောင်နှစ်မှာယူဖို့ ဆွေးနွေးပါ။

Ref:womanitely.com

မေသော် 
Trend Myanmar

0 comments:

Post a Comment