Thursday, January 15, 2015

အွန်လိုင်းတွင်ပြန့်နေသည့် သီတဂူဆရာတော်ကြီး၏ အထူးကြေညာချက်မှာ မှားယွင်းထုတ်ပြန်ခြင်းဖြစ်ဟုဆို


ရန်ကုန်၊ သီတဂူ ဆရာတော်ကြီး၏ အထူးကြေညာချက်ဆိုသော ထုတ်ပြန် ချက်တစ်စောင်အား ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လာခဲ့ရာ ယင်းထုတ် ပြန်ချက်သည် ဆရာလေးတစ်ပါးက မှားယွင်းစွာ ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး သီတဂူဆရာတော်ကြီးအနေဖြင့် ထုတ်ပြန်ခိုင်းခြင်းမရှိဟု ဇန်နဝါရီ ၁၄ ရက်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဦးပါမောက္ခက မိန့်ကြား သည်။သီတဂူ ဆရာတော်ကြီးသည် Internationl Association Of Theravada Buddhist University (ATBU)
အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအ ဖြစ်သာ တာဝန်ထမ်းဆောင်နေပြီး မည်သည့် ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့်တာဝန်များ ထမ်းဆောင်ခြင်း မရှိကြောင်း ဇန်နဝါရီ ၁၃ရက်နေ့စွဲ ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အထူးကြေညာ ချက်ကို ထုတ်ပြန်ကြေညာကြောင်း သတင်းစာမျက်နှာများအပြင် ပြည် သူလူထုအကြား ပျံ့နှံ့နေသည်။

''ဒီကြေညာချက်ကို သီတဂူဆရာ တော်ကြီး အရှင်ညဏိဿရ အနေနဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ် ချုပ်ရေးအဖွဲ့ကို ညွှန်ကြားခြင်းမရှိဘူး လို့ ဦးဇင်းတို့ သိရတယ်။ ဒါဟာ ဆရာ လေးတစ်ပါးက မှားယွင်းပြီးတော့ထုတ် ပြန်လိုက်တာလို့လည်း ကြားရတယ်။ ဒီလိုထုတ်ပြန်ခြင်းဟာ ဦးဇင်းတို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)ကို တိုက်ခိုက်ချင်လို့ထုတ် တာပဲ။ သီတဂူဆရာတော်ကြီး မထုတ် တာတော့ သေချာတယ်'ဟု အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဦးပါမောက္ခက မိန့်ကြား သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် သီတဂူဆရာတော် အရှင်ညဏိဿရ သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ ၏ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူ အသင်းကြီး၏ သြဝါဒါစရိယ၊ ရန်ကုန် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ သြဝါဒါစရိယမှတစ်ပါး မြန်မာနိုင်ငံ အတွင်း အခြားသော မည်သည့်ဘာ သာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် စသည့်တာဝန် များကို ထမ်းဆောင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

''ဦးဇင်းတို့လည်းမသိဘူး။ သူ များပြောနေတာတော့ ကြားတယ်။ဘယ်သူက ထွက်လိုက်တာလဲဆိုတာ ကိုလည်း မသိရသေးဘူး။

သီတဂူဆရာ တော်ကြီးကတော့ လုပ်ခိုင်းမှာမဟုတ် ဘူး''ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အရှင်ကော ဝိဒသီရိက မိန့်ကြားသည်။

ယင်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အထူးကြေ ညာချက်နှင့်ပတ်သက်ပြီး အမျိုး ဘာ သာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ တွင် ပါဝင်သော ဦးပါမောက္ခအား ဆက်သွယ်မေးမြန်းရာတွင် သီတဂူ ဆရာတော်ကြီး အရှင်Óဏိဿရ အနေဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၌ ဒုဥက္ကဋ္ဌတာ ဝန်အဖြစ် တာဝန်ယူ ဆောင်ရွက်နေ ကြောင်း ပြန်လည်မိန့်ကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်မှာ မှား ယွင်းနေသလို တစ်စုံတစ်ယောက်၏ တိုက်ခိုက်နေခြင်းလည်း ဖြစ်နိုင်ပြီး အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့(ဗဟို)၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်မှုများပြုလုပ်ရန် ကြံစည် နေခြင်းကြောင့် ယခုလိုထုတ်ပြန်ချက် တစ်ခုအား ထုတ်ပြန်လိုက်ခြင်းဖြစ် နိုင်ကြောင်း ဦးပါမောက္ခက သုံးသပ် မိန့်ကြားသည်။

အဆိုပါထုတ်ပြန်ချက်အား ဆရာ လေးတစ်ပါးမှ ထုတ်ပြန်လိုက်သည် ဟုသာ ကြားသိရသေးပြီး မည်သည့် အဖွဲ့အစည်းက မည်သူမည်ဝါဆို တာကို စုံစမ်းနေဆဲဖြစ်သောကြောင့် အတည်ပြုပြောနိုင်ခြင်းမရှိသေးဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

Yangon Media Group

0 comments:

Post a Comment