Monday, January 19, 2015

မိသားစုတစ်ခုကို ချစ်ခြင်းမေတ္တာတွေ အသက်ဝင်ရှင်သန် အောင်ထိန်းသိမ်း နေတဲ့ နိုင်းနိုင်းနဲ့ စန္ဒီချို တို့ ဇနီးမောင်နှံ



သရုပ်ဆောင်နိုင်းနိုင်းက သူ့ရဲ့ မိသားစုရှိတဲ့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးကာ ခရီးတွေ လည်း ထွက်ဖြစ်ေ နကြောင်း သိရပါ တယ်။ သားသမီး၎ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ဖြစ်တာကြောင့် သူတို့မိသားစုပုံရိပ်ကို ကြည့်လိုက်တိုင်း ကြည်နူးပျော် ရွှင်စရာကောင်းလှပါတယ်။ ဇန်နဝါ ရီ ၉ရက်နေ့က စန္ဒီချိုရဲ့မွေးနေ့ဖြစ်သလို၊ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည် ၇နှစ်ပြည့်တဲ့ေ န့လည်း ဖြစ်ပါတယ်။ စန္ဒီချိုက အသက်ငယ်ငယ်နဲ့ ပျော်ရွှင်စရာ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းနိုင်သလို၊ ရင်သွေး သားသမီးတွေရဲ့ တာဝန်ကို လည်း ကျောင်းတက်ရင်း အလုပ်လုပ်ရင်း ကျေပွန်နိုင်သူဖြစ်တဲ့ အတွက် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ခံယူချက်တွေကို မေးမြန်း ကြည့်တဲ့အခါ စန္ဒီချိုက “မိသားစုဆိုတာ ပျော်ရွှင်ဖို့အတွက်အရေးကြီးတဲ့ သော့ချက်ပါ။ မိသားစုက ခွန်အားတွေလည်း ဖြစ်စေပါတယ်။



ဘဝမှာ ရှေ့ဆက်မယ့် ခြေလှမ်းတွေရဖို့ လှုံ့ဆော်ပေးတဲ့အရာလည်းဖြစ်ပါတယ်။ မိသားစုဆိုတာ မေတ္တာတွေ၊ ကရုဏာတွေ၊ သစ္စာ တရား တွေ၊ သံယောဇဉ်တွေနဲ့ ပြည့်နှက်နေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ခိုင် မာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ဖို့ ဘဝမှာဘယ်လိုအခက်အခဲတွေ ကြုံကြုံ ပျော် ရွှင် မှုကို ဖန်တီးနိုင်ဖို့ လို အပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဖေမနိုင်မှလည်း ဘဝရဲ့အခက်အခဲတွေ ကို ကျော် လွှားနိုင်မှာပါ။ အဲဒီ အတွက် ချစ်ခြင်းမေ တ္တာ၊ အချိန်၊နားလည်မှု ဖေးမညှိနှိုင်းဆောင်ရွက် နဲ့ ယုံကြည်မှုတွေရှိဖို့လိုအပ်ပါတယ်” လို့ ပျော် ရွှင်စရာကောင်းတဲ့ အိမ် ထောင်ရေးလျှို့ဝှက် ချက်ကို စန္ဒီချိုက ပြောပြပါတယ်။



သူတို့မိသားစုတစ်တွေက ဖလော် ရီဒါပြည်နယ် အော်လန်ဒိုမြို့ က Disney World မှာ သွားရောက် အပန်းဖြေခဲ့ကြ ကြောင်း ပြောပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ အချိန်တွေကို များသောအားဖြင့် ကလေးတွေနဲ့ပဲ ပျော်ရွှင်စွာ ဖြတ် သန်းခဲ့ကြပြီး တစ်ခါတလေမှာတော့ ကလေးတွေကို စန္ဒီချိုရဲ့ မိဘအိမ်မှာ ထားခဲ့ပြီး ဇနီးမောင်နှံနှစ်ယောက်ထဲ အပြင်မှာ လွတ်လပ်စွာ ရင်ခုန်ဆုံ တွေ့ဖြစ်ကြကြောင်း စန္ဒီချိုကပြောပါတယ်။ အိမ်ထောင်ရေးခိုင်မြဲ ဖို့အတွက် နှစ်ဦးသားရင်ခုန်နီးစပ် မှုရှိစွာ တွေ့ဆုံတာကလည်း အရေး ကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြောင်း ကိုလည်း စန္ဒီချိုက “ဘယ်နှစ်နှစ် လောက် အတူတူနေနေ၊ ကလေး ဘယ်နှစ်ယောက်ရှိရှိ အရေးမကြီးပါ ဘူး။အိမ်ထောင်ပြုစကလို ချစ်ခြင်း မေတ္တာတွေ သက်ဝင်ရှင် သန်အောင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ဒီလို လုပ်ဖို့အတွက် တစ်ယောက်နဲ့တစ် ယောက်ပျော်ရွှင်စရာတွေ ဖန်တီး မယ်။ ကလေးတွေမပါဘဲ တစ်ခါ လေအပြင် သွားလည်ကြမယ်။ ညစာ စားမယ်၊ရုပ်ရှင်တွေကြည့်မယ်၊ ဒါတွေလည်းလုပ်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း အိမ်ထောင်ရေးသုခက အမြဲရှင်သန်နေမှာပါ” လို့ ပြောပါ တယ်။ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ရဲ့ သမီး ကြီး Floreece Cho Latt က ၆နှစ်၊ သားကြီး Anderson Cho Latt က ၄နှစ်၊ သမီးလတ်Emerida Cho Latt ကျ နှစ်နှစ်၊ သမီးငယ် Emreece Cho Latt က ဇန်နဝါရီ ၃၁ရက်နေ့မှာ ၁နှစ်ပြည့်မှာဖြစ်ပါ တယ်။ သားသမီးတွေ အားလုံးကို အမေရိကမှာပဲ ပညာသင်ကြားစေမှာ ဖြစ်ပါတယ်။


Popular Journal

0 comments:

Post a Comment