Monday, January 12, 2015

အဖြေမထွက်ခဲ့ပြန်သည့် ထိပ်သီးဆွေးနွေးပွဲ



သမ္မတအနေဖြင့်ခြောက်ပွင့်ဆိုင်၊ လေးပွင့်ဆိုင်စသည့်အပွင့်အရေအတွက် အလိုက်တွေ့ဆုံမှုကို သ၀ဏ်လွှာဖြင့် အကြောင်းပြန်ရတော့မည့် လွှတ် တော်အစည်းအဝေးများ ပြန်စရန် တစ်ပတ်အလိုတွင် သမ္မတ ဦး ဆောင်ကျင်းပသည့် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး ပါတီနှင့် တိုင်းရင်းသားရေးရာ ခေါင်းဆောင် ၄၈ ဦး၏ ခုနစ်နာ ရီကြာတွေ့ဆုံဆွေးနွေးမှုမှာ တိ ကျပြတ်သားသည့် ဘုံသဘောတူ ညီချက်တစ်ခုမျှပင် မရရှိဘဲ ပြီး ဆုံးသွားခဲ့သည်။သမ္မတဦးသိန်းစိန်က ဒီမိုက ရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲမှ တစ်ဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ထွန်းရေးနှင့် ၂၀၁၅ ရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ ရေးအချက်သုံးချက်ကို တွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့် အဖြေရှာ ရန် ယခင်တစ်ကြိမ်တည်းက ပါ ၀င်ထားသည့် နိုင်ငံရေးအင်အားစု အဖွဲ့ ငါးဖွဲ့အပြင် တိုင်းရင်းသား ရေးရာဝန်ကြီး ၂၈ ဦးနှင့် တိုင်းရင်း သားပါတီ ခြောက်ခုတို့ကိုပါထည့် သွင်းခဲ့သော်လည်း အစည်းအ ဝေးအပြီး ဘုံသဘောတူညီချက် မှာ ထုံးစံအတိုင်းပင် ပျောက်ဆုံး လျက်ရှိသည်။

အစည်းအဝေးတွင် ပါဝင် သည့် ပုဂ္ဂိုလ်များပြားလွန်းပြီး တစ်ဦးလျှင် ငါးမိနစ်ခန့်သာတင်ပြခွင့် ရခဲ့၍ အဓိကဆုံးဖြတ်ချက်၊ သဘောတူညီချက် ဘာတစ်ခုမျှမရရှိဘဲ တွေ့ဆုံပွဲသက်သက်သာ ဖြစ်ခဲ့ကြောင်း တိုင်းရင်းသားပါတီ ကို ကိုယ်စားပြုတက်ရောက်ရ သည့် ရခိုင်အမျိုးသားပါတီမှ ဦး အေးသာအောင်ကပြောသည်။

သမ္မတသည် အောက်တိုဘာ၃၁ ရက်က ဒုသမ္မတနှစ်ဦး၊ ကာ ကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် နှစ်ရပ်ဥက္ကဋ္ဌ၊ အဓိကပါတီကြီး သုံးခုဟု ၎င်းတို့သတ်မှတ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ပါတီဥက္ကဋ္ဌများ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ နိုင်ငံရေးပါတီများကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် ဒီမိုကရေစီ မဟာမိတ်အဖွဲ့(FDA) ကိုယ်စား ပြု ဦးခင်မောင်ဆွေ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့(UNA) ကိုယ်စားပြု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ညီနောင်တိုင်းရင်းသားများဖက်ဒ ရေးရင်း (NBF)တို့မှ ကိုယ်စား လှယ်တို့ စုစုပေါင်း ၁၄ ဦးတက် ရောက်ခဲ့သည်။

ယခုတစ်ခေါက်တွင်မူ ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော်တို့က အဆိုပြုထားသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်ဆွေးနွေးရေးအဆိုနှင့် ဆင် တူသည့် တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးမှ တိုင်းရင်းသား ရေးရာဝန်ကြီး ၂၈ ဦးနှင့် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ချင်း တိုင်းရင်းသားတို့ကို ကိုယ်စားပြု သည့် တိုင်းရင်းသားပါတီ ခြောက်ခုမှ ပါတီခေါင်းဆောင် ခြောက်ဦးဖြင့် စုစုပေါင်း ၄၈ ဦး ကို သမ္မတက ဖိတ်ကြားဆွေးနွေးစေခဲ့ခြင်း ဖြစ်သည်။

‘‘အပြန်အလှန်ဆွေးနွေးနိုင် မှုအပိုင်းမှာလည်း ကျွန်တော်တို့ ထင်သလောက် မဆွေးနွေးနိုင် ဘူး။ ပွဲမစခင်က အတော်အတန် လောက်ရမယ်လို့ မျှော်လင့်ခဲ့ တယ်။ ကျွန်တော်တို့ကတော့ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်း ရေးရဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ကို ဆွေးနွေးခဲ့ တယ်။ ဒီနေ့တွေ့ဆုံပွဲက ဘာမှ သဘောတူညီချက်လည်းမရဘူး။ ရှေ့လုပ်ငန်းစဉ်လည်း မရဘူး။ ဆွေးနွေးပြီး ပြီးသွားတာပဲရှိ တယ်’’ဟု ၎င်းကပြောသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်း ရေးကိစ္စမှာ အမှန်တကယ်ရင် ဆိုင်ကြုံတွေ့နေရသည့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များ မပါဝင်သည့်အတွက် မှန်းဆဆွေး နွေးမှုသာဖြစ်နေပြီး ဒေါ်အောင် ဆန်းစုကြည်တောင်းဆိုသည့် လေးပွင့်ဆိုင်နှင့် ယခု ၄၈ ပွင့်ဆိုင် မှာ အရေအတွက်အတော်ကွာ ခြားသွားပြီဖြစ်၍ နောက်တစ် ကြိမ် ဆွေးနွေးပွဲဖိတ်ကြားလာပါ က တက်သင့်၊ မတက်သင့်စဉ်း စားရတော့မည်ဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြော သည်။

‘‘ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နဲ့ ရွေး ကောက်ပွဲ ဒါပဲဆွေးနွေးတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကလည်း ဘာအာမခံချက်မှ မရပါဘူး။ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့တွေ တစ်ယောက်မှ မပါ တာ။ ဒေါ်စုက ဘာမှမဆွေးနွေး ဘူး။ ဒီလိုအဖြေမထွက်ဘဲ တွေ့ ဆုံမှုသက်သက်ဆိုရင်တော့ နောက်တစ်ကြိမ်ဆို ဒီမှာလည်း မရှိရင် တက်မနေတော့ဘူး’’ဟု ဦးခွန်ထွန်းဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မူ ၎င်း၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် များ၏ သဘောတူညီချက်ပါဝင် သည့်အချက်များကိုသာ ဖတ် ကြားသွားပြီး တုံ့ပြန်ဆွေးနွေးရန် ဖိတ်ခေါ်မှုတွင်လည်း ပါဝင်ဆွေး နွေးမှုမရှိကြောင်း ဦးအေးသာ အောင်ကပြောသည်။

ယခုတစ်ခေါက်တွင် သမ္မတ က တက်ရောက်လာသူများကို ယခင်တစ်ကြိမ်ကကဲ့သို့ နှုတ် ဆက်ကြိုဆိုခြင်းမပြုလုပ်ခဲ့ဘဲ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကသာ ကြိုဆိုခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အစည်းအဝေးသို့ နောက်ဆုံးမှ ရောက်ရှိလာခဲ့ပြီး သမ္မတက ၎င်း

တစ်ဦးတည်းကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ အစည်းအဝေးခန်းမသို့ သွားရာ တစ်လျှောက် ရင်းနှီးခင်မင်စွာ အတူ သွားခဲ့ခြင်းဖြစ်ပြီး NLD မှ ခွဲထွက်သွားသည့် အမျိုးသားဒီမို ကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ဒေါ် အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ခဲ့သည်ကို တွေ့ရသည်။ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတရန်ကို ၎င်းအနေဖြင့် အာမခံပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲနှင့် ပတ်သက်၍ ပြီးခဲ့ သည်များကို သင်ပုန်းချေရန် ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးကပြောကြားကြောင်း ဦးအေးသာအောင်ကဆိုသည်။ ထို့အပြင် အခြားတက်ရောက်လာ သည့် တိုင်းရင်းသားရေးရာ ကိုယ် စား လှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်

၍ ပြောကြားမှုအပေါ် ပြည်ထောင် စု လွှတ်တော်နာယကသူရဦးရွှေ မန်းက ဥပဒေကို လုပ်ထုံးလုပ်နည်းဖြင့်သာ ပြင်နိုင်ပြီး ၂၀၁၅ ဧပြီတွင်ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ ၂၀၁၅ နောက်ပိုင်းပေါ်ပေါက်လာ မည့် လွှတ်တော်တွင်သာ ပြင်ဆင် မှုကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယခုတွေ့ဆုံဆွေးနွေးမှုမှာ ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုထားသည့် ခြောက်ပွင့် ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့် ဆိုင်တွေ့ဆုံမှုများအပေါ် သမ္မတ က ရှောင်လွှဲလို၍ ဖြစ်ကြောင်း ဝေ ဖန်မှုများအပေါ် မဟုတ်မှန်ကြောင်းနှင့် သမ္မတအနေဖြင့် တိုင်းရင်း သားအားလုံးကို ကိုယ်စားပြုသည့် ကျယ်ပြန့်သော တွေ့ဆုံဆွေးနွေး မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေးအပြီး ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

သို့သော် ယခုကဲ့သို့ ကိုယ် စားပြုအဖွဲ့အစည်းမျိုးစုံပါဝင် သည့် တွေ့ဆုံမှုကိုမူ ယေဘုယျ အားဖြင့် ကောင်းမွန်သည်ဟု ထင်မြင်ကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

ယနေ့တွေ့ဆုံမှုမှာ အားရ ကျေနပ်ဖွယ်ကောင်းပြီး နောင် တစ်ကြိမ်တွေ့ဆုံမှုများလည်း ဆက်လက်ပြုလုပ်စေလိုကြောင်း နှင့် ယနေ့တွေ့ဆုံမှုတွင် သဘော တူညီချက်မထွက်ခြင်းမှာ တက် ရောက်လာသူထဲမှ အချို့၏ ကန့် ကွက်မှုများရှိနေခြင်းကြောင့် ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မှ ချင်းတိုင်းရင်းသားရေးရာဝန် ကြီး ဦးနိုထန်ကပ်က ပြောသည်။

‘‘နောက်တစ်ကြိမ်တွေ့ဆုံမှု လုပ်ဖို့ အားလုံးက သဘောတူလားဆိုရင် အယောက် ၂၀ ကျော် လောက်က သဘောတူတယ်။ ဒါ ပေမဲ့ ကျန်တဲ့သူတွေက သဘောမတူဘူးဆိုတော့ သမ္မတအနေနဲ့ မဲ ခွဲပြီး လုပ်ရင်တော့ရတယ်။ ဒါပေ မဲ့ မလုပ်ဘူး။ ဒါကြောင့် သဘော တူညီချက်မထွက်တာဖြစ်တယ်’’ ဟု ၎င်းက ပြောသည်။

တွေ့ဆုံမှုတွင် နိုင်ငံရေးအရ အဓိကကျသူများဖြင့် အဖြေရှာ သည့် ဆွေးနွေးမှုများစတင်သင့်ပြီး ယခုကဲ့သို့ တိုင်းရင်းသားရေးရာ ၀န်ကြီးအယောက် ၂၀ ကျော် ထည့်သွင်းထားခြင်းမှာ အချိန် ကြန့်ကြာ၍ ဆွေးနွေးပွဲနှောင့်နှေး ခြင်းများ ဖြစ်ပေါ်ကြောင်း ဝေဖန်မှုများကို ဦးနိုထန်ကပ်က ယခုကဲ့သို့တုံ့ပြန်သည်။

‘‘တိုင်းရင်းသားရေးရာဝန် ကြီးဆိုတာ လွှတ်တော်ကိုယ်စား လှယ်ထက်တောင် အရေးပါပါ တယ်။ တိုင်းဒေသကြီးတစ်ခုမှာ သူ့အောက်မှာ မြို့နယ်တွေအများ ကြီးကို သူက ကိုယ်စားပြုတာ။ ကိုယ်စားပြုမှု ကျယ်ပြန့်ပါတယ်’’ ဟု ၎င်းက ပြောသည်။

၇ နာရီကျော်ကြာတွေ့ဆုံမှု အပြီးတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ လိုအပ်ပါက လိုအပ်သလို ထပ်မံပြုလုပ်သွား ရန် သဘောတူကြောင်း ကြေညာ ချက်တစ်စောင်သာ ထုတ်ပြန်နိုင် ခဲ့ပြီး ယင်းကြေညာချက်မှာလည်း ယေဘုယျဆန်လွန်းကြောင်း ဝေ ဖန်မှုများ ထွက်ပေါ်ခဲ့သည်။


7Day Daily

0 comments:

Post a Comment