Sunday, January 4, 2015

၅၃နှစ်အတွင်း ပထမဆုံးကျင်းပသော ဗိုလ်ရှုသဘင်

ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်သင့်ပြင်ထိုက်သည်များကို ဥပဒေနှင့်အညီ ပြင်ဆင်ရမည်ဟု သမ္မတပြော


(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် နှစ်ပေါင်း ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်ရှုခံအခမ်းအနားကို ဇန်နဝါရီ ၄ ရက်က ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂုဏ်ပြုတပ်ဖွဲ့များအား စစ်ဆေးနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မိမိတို့နိုင်ငံ၊ မိမိတို့ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးအခြေ အနေများအပေါ်မူတည်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေမှ ပြင်သင့် ပြင်ထိုက်သည်များကို ဥပဒေနှင့် အညီ ပြင်ဆင်သွားရမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အ ခမ်းအနားနှင့် ဗိုလ်ရှုခံသဘင်တွင် ပြောကြားသည်။


(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

‘‘ဒီမိုကရေစီစနစ် အမြစ် တွယ် ခိုင်မာလာစေဖို့ ငြိမ်းချမ်း ရေးဖြစ်စဉ်အဆင့်ဆင့်ကနေ နိုင် ငံရေးဆွေးနွေးပွဲများပေါ်ပေါက် လာဖို့ နဲ့ လွတ်လပ်ပြီးတရားမျှတ တဲ့ ၂၀၁၅အထွေထွေရွေးကောက် ပွဲများအောင်မြင်စွာ ကျင်းပနိုင်ဖို့ ဆိုတဲ့အချက်များဟာကျွန်တော် တို့ ကျော်လွှားရမယ့် စိန်ခေါ်မှုများ ပဲဖြစ်ပါတယ်’’ဟု သမ္မတကပြော သည်။

‘‘အဲဒီ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် မိမိတို့ နိုင်ငံ၊ မိမိတို့လူ့အဖွဲ့အစည်းနဲ့ဖြစ် ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ အပေါ်မူတည်ပြီး ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်သင့်ပြင်ထိုက်တာ တွေကို ဥပဒေနဲ့အညီပြင်ဆင်သွား ရမှာပဲဖြစ်ပါတယ်’’ဟု သမ္မတက ပြောသည်။


(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

၁၉၆၂ နောက်ပိုင်းနှစ် ပေါင်း ၅၃ နှစ်အတွင်း ပထမဆုံး အကြိမ် ပြန်လည်ကျင်းပသည့် ဗိုလ်ရှုခံအခမ်းအနားကို အစီအစဉ်ခုနစ်ရပ်ဖြင့် ကျင်းပခဲ့သည်။ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ မတက်ရောက်ခဲ့ဘဲတိုင်း ရင်းသားလက်နက်ကိုင်အင်အားစု ၁၂ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတအား အလေးပြုကြမည့် စစ်ကြောင်းများက နံနက် ၆နာရီတွင် ဗိုလ်ရှုသဘင် ကျင်းပမည့်နေရာသို့ ချီတက်နေ ရာယူခဲ့ကြပြီး ထိုအထဲတွင် တင့် ကားများ၊ လေကြောင်းရန်ကာ ကွယ်ရေးဒုံးကျည်များ၊ တိုက် လေယာဉ်များ ပါဝင်ကြသည်။ ကြည်း၊ ရေ၊ လေ တပ်မတော်သား များအပါအ၀င် ၀န်ကြီးဌာနများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကင်းထောက်လူငယ်များအပါအ ၀င်ချီတက်အလေးပြုသူ စုစုပေါင်း ၇၉၀၀ကျော်ရှိခဲ့သည်။ ကြည်း၊ ရေ၊ လေတပ်မတော်သားများက ယူနီဖောင်းဒီဇိုင်းအသစ်များဝတ် ဆင်ထားပြီး လက်နက်ငယ်အ သစ်များ(MA 1 Mark III) ကိုင် ဆောင်ထားကြသည်။


(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

‘‘ဒီ ယူနီဖောင်းဒီဇိုင်းက စင် ကာပူနဲ့ မြန်မာမှာပဲရှိတာ။ သေ နတ်တွေကတော့ အစ္စရေးနဲ့ မြန် မာပေါင်းပြီး မြန်မာပြည်မှာထုတ် တဲ့သေနတ်အသစ်တွေ’’ဟု ဗိုလ် ရှုသဘင်သို့လာရောက်သောတပ် မတော်အရာရှိဟောင်းတစ်ဦးက ပြောသည်။ ထို့နောက် ဖိတ်ကြားထား သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှခေါင်းဆောင်များ နှင့် အခြားသော ဧည့်သည် တော်များရောက်ရှိလာကြပြီး မကြာမီနိုင်ငံတော်သမ္မတ ရောက်ရှိလာပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်ကြောင်းများ၏ အလေးပြုခြင်းကိုခံယူခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးများ တက်ရောက်သော်လည်း နိုင်ငံတော်သမ္မတအားချီတက်အလေးပြုခြင်း မရှိဘဲ ဧည့်သည်တော် နေရာတွင်သာ ထိုင်နေကြသည်။ လွတ်လပ်ရေးရ ပြီးနောက်ပိုင်းပြုလုပ်သည့် ဗိုလ် ရှုသဘင်အခမ်းအနားတွင် တပ်မတော် ခေါင်းဆောင်များကနိုင်ငံတော်သမ္မတအား ချီတက် အလေးပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတက စစ် ကြောင်းများစစ်ဆေးစဉ် အမြောက် ၂၁ ချက်ပစ်ဖောက်၍ ဂုဏ်ပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအလေးပြုခဲ့ကြပြီး နှစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။


(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ထို့နောက်နိုင်ငံတော်သမ္မတ က မိန့်ခွန်းပြောကြားပြီးနောက် သစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုခဲ့ကြသည်။ သို့သော်အဆိုပါသစ္စာအဓိဋ္ဌာန် လေးချက်အား ဗိုလ်ရှုသဘင်တက်ရောက်လာသော တိုင်းရင်းသားခေါင်းဆောင်များက မဆိုခဲ့ပေ။

‘‘အဓိကလေးချက်ကတော့ ခံယူချက်အပေါ်မှာ မူတည်တာ ကိုး။ နိုင်ငံရေးခံယူချက်အပေါ် မူ တည်ပြီးတော့ သစ္စာဆိုရမယ်ဆို တော့ တည်ဆဲဥပဒေကို သစ္စာ စောင့်သိရိုသေပါမယ်ဆိုတဲ့ အ ကြောင်းပါတာကိုး’’ဟု အစ္စာအဓိ ဋ္ဌာန် လေးချက်မသီဆိုရသည့်အ ကြောင်းကို အခမ်းအနားတက် ရောက်လာသော ရှမ်းလက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် RCSS /SSA မှ ဗိုလ်မှူးကြီးစိုင်းလှကဆို သည်။

ချီတက်အလေးပြုသော စစ် ကြောင်းများအားလုံးတွင် ကင်း ထောက်လူငယ်များနှင့် စစ်သည် များက အတက်ကြွဆုံးဖြစ်သည်။ ထိုကဲ့သို့ချီတက်အလေးပြုစဉ် လ၀ကဦးစီးဌာနစစ်ကြောင်းမှ အမျိုးသမီးတစ်ဦးမူးလဲခဲ့သည်။ စစ်ကြောင်းများချီတက်စဉ်အတွင်း မြန်မာပြည်သားသီချင်းကိုဆက်တိုက်ဖွင့်ထားသည်။


(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

နှစ်ပေါင်း ၅၃နှစ်အတွင်း ပြန်လည်ကျင်းပရာတွင် ဗိုလ်ရှုခံ အဆောက်အအုံမှာ ကျပ်သန်း ပေါင်း ၆၄၀၀ကျော်သုံးစွဲခဲ့သော် လည်း ထူးခြားကောင်းမွန်သည်ကို မတွေ့ရပေ။

လွတ်လပ်ရေးရခဲ့သည်မှာ (၆၇)နှစ်ရှိပြီဆိုသော်လည်း မြန်မာ နိုင်ငံတွင် လွတ်လပ်ရေး၏ အနှစ် သာရကို မခံစားရသူများစွာရှိ သည်။ အထူးသဖြင့်တိုင်းရင်းသား ဒေသများတွင် ယခုအချိန်ထိ ပြည်တွင်းစစ်မီးတောက်လောင် နေဆဲဖြစ်သည်။

‘‘လွတ်လပ်ရေးနေ့ဆိုတာ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့နေ့ထူးနေ့မြတ်ဖြစ်ပါ တယ်။ ကျွန်တော်တို့ လိုလားတဲ့ လွတ်လပ်ရေးနေ့ကို ရယူတဲ့နေ့ တစ်နေ့ဖြစ်တော့ ဒီလိုနေ့ထူးနေ့ မြတ်မှာ လွတ်လပ်စွာနဲ့ လွတ်လပ် ရေးကို ဂုဏ်ယူတယ်ဆိုတာမျိုး တိုင်းပြည်ကို ဂုဏ်ယူတယ်ဆိုတာ မျိုးခံစားဖို့လိုတယ်။ ဒါပေမဲ့ ကျွန် တော်မွေးလာကတည်းက ဒီနေ့ဒီ အချိန်ထိ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်အနှစ်သာရကို မခံစား ရသေးဘူး’’ဟု အသက်(၅၀)အ ရွယ်ရှမ်းတိုင်းရင်းသား ဦးစိုင်းလှကဆိုသည်။

7Day Daily

0 comments:

Post a Comment