Wednesday, January 7, 2015

သီချင်းအပုဒ်တိုင်းကို အကောင်းဆုံး ရိုက်ကူးထားတဲ့ စန္ဒီမြင့်လွင်ရဲ့ ကလီယိုပါထရာ DVD မကြာမီထွက်ရှိမည်



မြန်မာပြည်ရဲ့ ဟစ်ဟော့ဂီတလောကမှာ ဘုရင်မ တစ်ဆူလို့ ဂီတလောကသား တော်တော်များများ ရဲ့သတ်မှတ်ခြင်းခံရတဲ့ စန္ဒီမြင့်လွင် က ဆေးရောင်လှလှခြယ်ရအောင်၊ Shock အခွေတွေနဲ့ ပရိသတ်ရဲ့ရင်ဘတ်ထဲကို တိုးဝင်လာနိုင်ခဲ့သူပါ။ ခုအခါမှာလည်း သူမရဲ့ ၃ ခွေမြောက် ကလီယိုပါထရာ Audio CD ထွက်ပြီး ၆ လအကြာမှာ ဒီဗီဒီ ထွက်ရှိတော့မယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ( ၇.၁.၁၅) ရက်နေ့လည် ၂ နာရီက Sky Star Hotel Pearl Room မှာ အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ စာနယ်ဇင်းတွေ စုံစုံညီညီနဲ့ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခွေနဲ့ပတ်သတ်ပြီး သူမကြိုးစားအားထုတ်ခဲ့ရတဲ့ အပိုင်းတွေကို ခုလို ပြောပြသွားပါတယ်။ “အမ်တီဗီနဲ့ပတ်သတ်ပြီး ဒီးဒီဖက်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ပြင်ဆင်ပြီး ရိုက်ကူးထားပါတယ်။ Audio တုန်းကလဲ ပရိသတ်အားပေးမှု ရှိခဲ့တော့ ဒီအမ်တီဗီ လုပ်တဲ့ခါမှာ ဒါလေးက စိတ်ဓာတ်ခွန်အား ဖြစ်စေတယ်။ Audio ထွက်ပြီး ၆ လအကြာမှာ ထွက်နိုင်ဖို့တွက် ဒီးဒီဖက်က အတတ်နိုင်ဆုံး အကောင်းဆုံး နဲ့ အမြန်ဆုံးဖြစ်အောင် ကြိုးစား ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာတွေက မောင်မောင်သာမြင့်၊ ဇော်ကိုကို၊ ၀င်းလွင်ထက်၊ ရန်ရန်ချန်း၊ အောင်မြတ်၊ ကိုသားသားကြီး ၊ မေဘရဏီိတို့ပါပါတယ်။ သရုပ်ဆောင်တွေကတော့ ဒီးဒီ ၊ မဖြူ၊ ထွန်းထွန်း၊ နေမင်း၊ ထွန်းကိုကို၊ ပန်းအိ တို့အများကြီးပေါ့။ တစ်ပုဒ်စီ တစ်ပုဒ်စီကို ဒီးဒီ အားစိုက်ပြီး လုပ်ထားတယ်။ ကိုAr-T နဲ့ရိုက်ထားတဲ့ သီချင်းလေးဆို ဒီးဒီအရမ်းကြိုက်ပါတယ်။”လို့ သူမက ပြောပါတယ်။ဒီဗီဒီအခွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း သူမက “ဒီအခွေ ရိုက်ဖို့အတွက် ငွေဆောင်သွားရင်းနဲ့ ကွယ်လွန်သွားခဲ့တဲ့ မိတ်ကပ်မငယ်အတွက်လဲ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်။ အရင်ထွက်ထားတဲ့ အခွေတွေနဲ့လဲတူဘူး။ အဆန်းပြားဆုံးနဲ့ အမိုက်ဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ ဒီးဒီအများကြီးလဲ ကြိုးစားထားပါတယ်”တဲ့။

အခွေပရိုမိုးရှင်းကိုတော့ ( ၁၇.၁.၁၅) ရက်နေ့ Junction Square မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အချိန်ကတော့ ညနေ (၄)နာရီ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အားလုံးနဲ့အတူ လက်မှတ်ရေးထိုးပြီး ပထမဆုံး ၀ယ်ယူတဲ့ အယောက် ၁၀၀ကို ဒီ ကလီယိုပါထရာ စတစ်ကာပါတဲ့ တီရှပ်လေးတွေ လက်ဆောင်ပေးသွားမှာပါတဲ့။ မန္တလေးမှာကတော့ ( ၂၅. ၁.၁၅) ရက်နေ့မှာ ပရိုမိုးရှင်းပွဲကျင်းပပြုလုပ်သွားမှာလို့ သိရပြီး နေရာကတော့ မင်္ဂလာ မန္တလေးမှာပါ။ အဲ့ဒီပွဲမှာလည်း ပထမဆုံးဝယ်တဲ့ ပရိသတ်တွေအတွက် ဦးထုပ် အလုံး၁၀၀ လုပ်ထားပါတယ်လို့ သူမက ပြောပြပေးခဲ့ပါတယ်။


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment