Monday, September 23, 2013

သြစီအနေနဲ့ သတင်းအမှောင်ချတာ မလုပ်သင့်လို့ ရှေ့နေအဖွဲ့ဆို


ခိုလှုံခွင့်တောင်းလိုသူတွေ တင်ဆောင်လာတဲ့ လှေတစ်စီး (Credit: ABC licensed) 

သြစတြေးလျ ​နိုင်ငံကို ​ခိုလှုံခွင့်တောင်းဖို့ ​ရောက်လာတဲ့လှေတွေနဲ့ ​ပတ်သက်တဲ့သတင်းတွေ၊ ​လှေတွေကို ​အင်ဒိုနီးရှားနိုင်ငံ ​ပြန်လှည့်ဖို့ ​ကိစ္စတွေကို ​အစိုးရက ​သတင်းအမှောင်ချမှာကို ​သြစတြေးလျ ​နိုင်ငံက ​ရှေ့နေများအသင်းက ​ရှုတ်ချလိုက်ပြီး ​အစိုးရရဲ့ ​ဆောင်ရွက်ချက် ​တွေဟာ ​ပွင့်လင်းမှုရှိပြီး ​ပြည်သူလူထုတွေ ​အနေနဲ့ ​သိပိုင်ခွင့်ရှိ ​ရမယ်လို့ ​ပြောလိုက်ပါတယ်။

လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ကြီး ​Scott  ​Morrisson ​က ​လှေတွေ ​ရောက်လာတိုင်း ​သတင်း ​မထုတ်ပြန်တော့ဘဲ ​တပါတ် ​တကြိမ်သာ ​သတင်းစာ ​ရှင်း ​လင်း ​ပွဲ ​ပြုလုပ် ​aတာ့မယ်လို့ ​ကြေညာ ​ခဲ့တာဟာ ​လူကုန် ​ကူးသူတွေ ​အနေနဲ့ ​သတင်း ​အချက် ​အလက် ​နည်းပါးမှု ​အပေါ် ​မူတည်ပြီး ​လျော့ပါး ​သွားအောင် ​ရည်ရွယ်တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

လူကုန်ကူးမှု ​တိုက်ဖျက်ရေး ​စီမံကိန်းအရ၊ ​နယ်စပ်လုံခြုံ ​ရေးကို ​ခုခံကာကွယ်မှု ​ဖြစ်တဲ့အတွက်ကြောင့် ​စစ်ဆင်ရေး ​လုပ်ငန်းစဉ်တွေကိုလဲ ​ထုတ်ဖေါ်လို့ ​မရတဲ့အကြောင်း၊ ​နယ်စပ်လုံခြုံရေး ​ကိစ္စ ​ဟာ ​မီဒီယာတွေကို ​အသိပေးရတဲ့ ​ကိစ္စမျိုး ​မဟုတ်ဘူးလို့ ​ဆိုပါတယ်။

အစိုးရ ​ညွန့်ပေါင်း ​ပါတီက ​လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ကြီးဟောင်း  ​Amanda ​Vanstone ​က ​လူထုတွေ ​အနေနဲ့ ​သိသင့်တာ ​မှန်တဲ့ ​အကြောင်း၊ ​ဒါပေမဲ့ ​နေ့စဉ်နဲ့အမျှ ​သတင်းပေးနေဖို့ ​မလိုဘူးလို့ ​ဆိုပါတယ်။

တဆက်ထဲမှာဘဲ ​မနေ့က  ​Christmas ​ကျွန်းကို ​ရောက်ရှိလာတဲ့ ​လှေတစီး ​ပေါ်ပါလာသူ ​အားလုံးကို  ​၄ဂ ​နာရီ ​အတွင်း ​ပါစိဖိတ် ​ကျွန်းနိုင်ငံကိုပို့ဖို့ ​အစောတလျင် ​စီစဉ်နေ ​ပြီလို့ ​သိရ ​ပါတယ်။

ရောက်လာသူ ​အားလုံး ​အဖို့ ​ဆေးစစ်မှု ​တွေကိုလဲ ​အရင် ​အစိုးရလို ​အသေအချာ ​မလုပ်တော့ဘဲ၊ ​ခရီးဆက်နိုင် ​မနိုင်လောက်ကိုသာ ​စစ်ဆေးပြီး ​သြစတြေးလျ ​နိုင်ငံ ​ပြင်ပကို ​အမြန်ဆုံး ​ပို့မှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံက ​ဆရာဝန်များ ​အသင်းကတော့ ​၄၈ ​နာရီ ​အတွင်း ​အပြီး ​အပြတ်စီစစ်မှု ​တွေ ​ဆေးစစ်မှု ​တွေ ​လုပ်ဆောင်ဖို့ ​ဆိုတာ ​ဆရာဝန်အဖွဲ့တွေ ​အဖို့ ​မနိုင်မနင်း ​ဖြစ်နိုင်တယ်လို့ ​ဆိုပါတယ်။

ရောက်ရှိလာသူတွေ ​အနေနဲ့ ​လမ်းခရီး ​ဒါဏ်တွေ ​ခံရပြီးနောက်၊ ​ကျန်းမာရေး ​အခြေအနေ ​ဒီထက် ​ပိုပြီး ​မဆိုးသွားဖို့ ​ဆောင်ရွက်ပေး ​သင့်တယ်လို့ ​ဆရာဝန် ​အသင်းပြော ​ရေးဆိုခွင့်ရှိသူ ​က ​ပြောသွားပါတယ်။

ABC Radio Australia

0 comments:

Post a Comment