Monday, September 23, 2013

Al Shabab အဖွဲ့ သိမ်းခဲ့တဲ့ ဈေးဆိုင်ကို ကင်ညာပြန်သိမ်းလိုက်ပြီ


ကင်ညာနိုင်ငံ Nairobi မြို့ ရှော့ပင်းစင်တာကနေ ထွက်လာတဲ့ မီးခိုးလိပ်တွေကို အဝေးက မြင်ရပုံ (Credit: AFP) 

အရှေ့အာဖရိက ​ဒေသတွင်းရှိ ​ကင်ညာ ​နိုင်ငံက ​Al ​Shabab ​အကြမ်းဖက်သမားတွေရဲ့ ​စုပေါင်း ​ဈေးဆိုင် ​ဗဟို ​shopping ​centre ​က ​အကြမ်းဖက် ​မှု ​မှာ ​ကင်ညာအစိုးရက ​ပြန်လည်ပစ်ခတ် ​ခဲ့ပြီး ​စုပေါင်း ​ဈေးဆိုင်ဗဟိုကြီး ​တခုလုံးကို ​ပြန်သိမ်း ​လိုက်ပြီ ​ဖြစ်ပါတယ်။

ဒေသခံတွေက ​ကျယ် ​လောင် ​တဲ့ ​ပေါက်ကွဲ ​သံတွေ ​သေနတ်ပစ် ​သံတွေ ​ကြားခဲ့ ​ကြတဲ့ ​အကြောင်း၊ ​ဈေးဗဟိုကြီး ​အတွင်းကနေ ​မီးခိုးလိပ်တွေ ​ထွက်လာတဲ့ ​အကြောင်း ​ပြောပြပါတယ်။

ဈေးလာ ​ဝယ်သူတွေ ​သုံ့ပန်း ​အဖြစ် ​ပိတ်လှောင် ​ခံခဲ့ရတာ ​၃ ​၇က်မြောက်နေ့ ​ဖြစ်ပါတယ်။

ကင်ညာ ​အာဏာပိုင် ​တွေကတော့ ​သုံ့ပန်း ​အပြုခံရသူ ​အားလုံး ​နီးပါးကို ​ကယ်ဆယ်နိုင်ခဲ့ပြီလို့ ​ဆိုပါတယ်။

ကိုယ်တွေ့ ​မျက်မြင်တွေက ​စစ်သွေး ​ကြွ ​တွေက ​အနုကြမ်းစီးမှုမှာ ​ပိတ်မိနေသူ ​တွေကို ​မွတ်စလင် ​ဟုတ်မဟုတ် ​မေးခဲ့တဲ့အကြောင်း ​၊ ​မွတ်စလင် ​ဟုတ်တယ်ဆိုရင် ​လွှတ်ပေးတဲ့အကြောင်း ​ပြောပါတယ်။

Al ​Shabab ​အဖွဲ့ရဲ့ ​အကြမ်းဖက်မှုကြောင့် ​လူပေါင်း ​၇၀ ​လောက် ​အသတ်ခံခဲ့ရ ​ပြီး ​အယောက် ​၁၇၀ ​လောက် ​ဟာ ​ဒါဏ်ရာတွေနဲ့ ​ဆေး ​ရုံတင်ထား ​ရပါတယ်။

ABC Radio Australia


0 comments:

Post a Comment