မြန်မာနိုင်ငံ မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀ ကို အတိုးမဲ့ ချေးပေးလိုက်ကြောင်း သိရပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေကို ကူညီထောက်ပံ့မှုတွေလုပ်တဲ့ International Development Association အဖွဲ့က ငွေထုတ်ချေးခဲ့တာဖြစ်ပြီး မွန်ပြည်နယ်မှာ ရှိနေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ခေတ်သစ်နည်းစနစ်နဲ့ လည်ပတ်နိုင်ဖို့အတွက် ချေးဌားလိုက်တာ ဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ခေတ်သစ်စက်တွေနဲ့ လည်ပတ်မယ်ဆိုရင် ဓာတ်ငွေ့အသုံးပြုမှု ပမာဏ တူညီမှာဖြစ်ပေမယ့် ခေတ်သစ်စက်က လျှပ်စစ်ဓာတ်အား ၂၅၀ % ပိုမို ထုတ်လုပ်နိုင်စွမ်းရှိမှာဖြစ်ပြီး ညစ်ညမ်းကာဘွန်ထုတ်လုပ်မှုပိုနည်းမှာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ ပိုကိုက်ညီမယ့် စက်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူပေါင်း ၁၅ သန်းလောက်ဟာ ဆင်းရဲမွဲတေမှု အဆင့်အောက်မှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀% ဟာ လျှပ်စစ်ဖြန့်ဖြူးမှု မရရှိကြသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
ABC Radio Australia
0 comments:
Post a Comment