အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက စင်္ကာပူနိုင်ငံ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မနေ့မနက်ပိုင်းမှာ စင်္ကာပူသမ္မတ Tony Tan Keng Yam နဲ့ တွေ့ဆုံပြီး နောက်ပိုင်းမှာ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဝန်ကြီးချုပ် Lee Hsien Loong ဟာ ဒေါ်အောင်ဆန်းစုကြည်ကသာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်မယ်လို့ ယုံ ကြည် ကြောင်း ပြောဆို ခဲ့ဖူးသူ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ စင်္ကာပူအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ အစိုးရဖြစ်နေသူတိုင်းနဲ့ ရင်းနှီးစွာ ဆက်ဆံဖို့ ပေါ်စလီ ချမှတ် ထားတယ်လို့ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌ ရာထူးရတာကို စင်္ကာပူအစိုးရက ဆက်လက် ထောက်ခံ အားပေးနေကြောင်း Lee Hsien Loong က ပြောသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင်အကြီးတန်း ဝန်ကြီး Goh Chok Tong အပြင် စင်္ကာပူနိုင်ငံ ပါလီမာန်ဥက္ကဌနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနဲ့ စင်္ကာပူပါလီမာန်အကြား အတွေ့အကြုံဖလှယ်ပြီး ရင်းနှီးနားလည်မှု ရယူတာကို အမြဲတမ်းကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူနိုင်ငံ ပညာရေးစနစ်ကို လေ့လာခဲ့ပြီး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။
ABC Radio Australia
0 comments:
Post a Comment