နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် (Credit: Reuters)
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ စုရုံးရောက်ရှိနေကြပြီး လုံခြုံရေးကောင်စီ ဥက္ကဌရာထူးရထားတဲ့ သြစတြေးလျနိုင်ငံက ညီလာခံမှာ ဦးဆောင်သူအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
နှစ်စဉ်ကျင်းပနေကြ အထွေထွေညီလာခံအတွင်း ကမ္ဘာ့နိုင်ငံခေါင်းဆောင် အယောက်ပေါင်း ၁၃၀ တက်ရောက်ဖို့ရှိနေပြီး အဲဒီထဲမှာ သြစတြေးလျနိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီးနိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ် လည်း ပါဝင်မှာ ဖြစ်ပါတယ်။
ညီလာခံအတွင်း ဆီးရီးယားနိုင်ငံရဲ့ ဓာတုလက်နက် ဖျက်သိမ်းရေးအစီအစဉ်အကြောင်း အဓိကထား ဆွေးနွေးဖို့ရှိသလို အီရန်နိုင်ငံမှာ ပိုပြီး စိတ်နေစိတ်ထား ပျော့ပြောင်းတဲ့ သမ္မတ Hassan Rouhani နဲ့ နျူးကလီးယားအစီအစဉ် အကြောင်း ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ ပြောဆိုကြဖို့ ရှိတယ်ဆိုတဲ့အကြောင်း နယူးယောက်မြို့အခြေစိုက် အေဘီစီ သတင်းထောက် Jane Cowan က သတင်းပေးပို့ခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်ကတော့ ဆီးရီးယားနိုင်ငံမှာ လူသားခြင်း စာနာထောက်ထားရေး လုပ်ငန်းတွေလုပ်ဖို့ သြစတြေးလျ အစိုးရကနေ ပြောဆိုပြီး ဝိုင်းဝန်း အကောင်အထည် ဖော်နိုင်ခဲ့ကြသလို ဆီးရီးယားနိုင်ငံ နိုင်ငံရေးကိစ္စမှာလည်း ဖြေရှင်းမှုတွေ လုပ်နိုင်ဖို့ ဆွေးနွေးချက်တွေ လုပ်နိုင်မယ်လို့ မျော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
ABC Radio Australia
0 comments:
Post a Comment