မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားရပြီးနောက် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ− EPA)
ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအ သင်းအား စက်တင်ဘာ ၈ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာ့လက်ရွေးစင်အသင်း သည် ရန်ကုန်လေဆိပ်သို့ စက် တင်ဘာ ၈ ရက်၊ နံနက် ၉ နာရီ မိနစ် ၂၀ တွင်ရောက်ရှိမည်ဖြစ်ပြီး လေဆိပ်မှတစ်ဆင့် ပြည်လမ်းမ ကြီးအတိုင်း လှည်းတန်း-တက္က သိုလ်ရိပ်သာလမ်း၊ ကုက္ကိုင်းမီး ပွိုင့်မှ ကမ္ဘာအေးလမ်းမကြီးအ တိုင်း ယင်းမှ သစ္စာလမ်း- ဝေဇ ယန္တာလမ်းမကြီးအတိုင်း သုဝဏ္ဏ ကွင်း (YTC)သို့ ဆုဖလားနှင့်အတူ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
‘‘မြန်မာ့လက်ရွေးစင်ဘော လုံးအသင်းကို သုဝဏ္ဏအားကစား ကွင်းမှာ ဂုဏ်ပြုကြိုဆိုပွဲနဲ့ ဖလား အပ်နှံပွဲအခမ်းအနားပြုလုပ်မှာ ဖြစ်ပါတယ်’’ဟု အဖွဲ့ချုပ်တာဝန် ရှိသူကပြောသည်။
ပြိုင်ပွဲဝင်လေးသင်းပါဝင် ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင်ငြိမ်း ချမ်းရေးဖလားပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်အသင်းသည် အကြို ဗိုလ်လုပွဲတွင် ပါလက်စတိုင်း အသင်းကို (၄-၁) ဂိုးဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် အိမ် ရှင်ဖိလစ်ပိုင်အသင်းကို (၃-၂) ဂိုးဖြင့်လည်းကောင်း အနိုင်ယူကာချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဘော လုံးအသင်းအနေဖြင့် ၂၀၀၆ မာ ဒေးကားဖလားပြိုင်ပွဲ၌ ဗိုလ်စွဲပြီး နောက် ရှစ်နှစ်အကြာတွင် နိုင်ငံ တကာပြိုင်ပွဲဆုဖလားတစ်ခု ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
Sunday, September 7, 2014
မြန်မာ့လက်ရွေးစင်အသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား သုဝဏ္ဏကွင်းတွင် ပြုလုပ်မည်
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment