Friday, September 19, 2014

မြင်သမျှ ကြားသမျှ



►လူကုန်ကူးနေတာလား

တလောက ကျယ်ကျယ်လောင် လောင်ဖြစ်ခဲ့တဲ့ မယ်သတင်းကတော့ မပြီးသေးပါဘူး။ မကြာသေးခင်ကမှ သရဖူလွှဲဖို့၊ မလွှဲဖို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြပြီးမှ အခုထပ်ပြီး ကိုရီးယား ကMBC ရုပ်သံကုမ္ပဏီက စပြီး အင် တာဗျူးတော့မယ်လို့ သိရပါတယ်။အဓိကအကြောင်းအရင်းက အဲဒီ သရဖူပေးခဲ့တဲ့ ကုမ္ပဏီက အတည်တ ကျရှိလား၊ မရှိလား အသေအချာ မသိ ရတာပါပဲ။

နောက်ပြီး ဒီက မယ်ကလေး ကိုရီးယားကို သွားတဲ့အခါမှာ သူတို့ ဘက်က ဘာအစီအစဉ်မှ လုပ်မထားဘဲ တစ်ကိုယ်လုံးပြုပြင်ပြီး စပွန်ဆာရှာဖို့ ပြောတယ်လို့လည်း ကြားသိရပါတယ်။

ဒီသတင်းသာ တကယ်မှန်ရင် ဒါဟာ အကြီးစား လူကုန်ကူးမှုပါပဲ။ ကိုယ့်ဆီက ချောမောလှပတဲ့ မိန်းက လေးတွေကို ရွေးချယ်ပြီး ဟိုက ဆုတစ် ဆုပေးပြီး စပွန်ဆာ ရှာခိုင်းတယ်ဆိုတာ ဒါဟာ အကြီးစား လူကုန်ကူးမှု တစ်ခုပဲ မဟုတ်လား။ ဒါဆို ဒီကနေ အဲဒီလို ချောပေ့ လှပေ့တွေကို ရွေးပြီးပို့ပေးနေ တဲ့ အော်ဂနိုက်ဇာဆိုတာက ဘာလဲဆို တဲ့ မေးခွန်းမေးဖို့တော့ လိုပါပြီ။

အစအဆုံး ပြန်သုံးသပ်ရရင်လည်း ဒီကပို့တဲ့လူတွေက ဒီမယ်ကလေးကို ရရှိလာတဲ့ ငွေကြေးခွဲဝေရယူလိုမှုတွေ လည်းရှိခဲ့ကြောင်း ကြားခဲ့ရပါတယ်။ ဟို ဘက်ကလည်း စပွန်ဆာရှာခိုင်းတယ်။ ဒီဘက်ကလည်း ငွေခွဲဝေယူမယ်ဆို တော့ ဒီလိုမယ်လေးတွေကို ပို့ပေးတဲ့ အော်ဂနိုက်ဇာဆိုတာဘာတွေလဲ။ ဒီလူ တွေက စာမျက်နှာရှေ့၊ မြန်မာ့ မျက်နှာ စာရှေ့ရောက်လာတာဟာလည်း အင်မ တန်မှကိုရှက်စရာ ကောင်းလှပါပြီလို့ မြင်မိပါတယ်။ ဒါကသာ ပြောခဲ့တဲ့အတိုင်း အကြီးဆုံးသော တရားဝင် လူကုန်ကူး မှု ဖြစ်ခဲ့ရင် အရင်ကရှိခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေ အမျိုးသမီးရေး ရာတို့ ဘာများလုပ်နေကြလဲ။

ဒါသာ ဒီသတင်းသာ တကယ်မှန် ရင် ဒီအဖွဲ့အစည်းကို လူကုန်ကူးမှုနဲ့ စစ်ဆေးဖို့ မသင့်သေးဘူးလား။

ကဲ..အခုလည်း ထပ်ပြီး တရား ဝင်ပါပဲ မယ်လေးတွေကို နိုင်ငံခြားထပ် ပို့ဖို့ လုပ်နေပါပြီ။ ဒါကရော ဘာလဲ။ ဘာသဘောလဲ။ ဒါကိုရော စစ်ဆေးဖို့ မသင့်သေးဘူးလား။ တရားမဝင် လူကုန် ကူးတာတွေကိုသာ လိုက်လံဖမ်းဆီး နေပြီး ဒီလိုနိုင်ငံတစ်ခု သိက္ခာကျလောက် သည်အထိ ပြောင်ပြောင်တင်းတင်း လုပ် နေတာကိုတော့ မမြင်ကြေ သးတာ အံ့သြ စရာလည်း ကောင်းနေပါပြီ။ ဒီတော့ ဒီလို နိုင်ငံသိက္ခာကျ၊ လူမျိုးသိက္ခာကျလောက် သည်အထိ ရုပ်ပျက်လာနိုင်တဲ့ကိစ္စမျိုး ကိုလည်း လျစ်လျူရှုလို့ မရဘူးလို့ပဲ
သတိပေးချင်ပါတယ်။

►ပျက်ပြန်ပြီ

ကြားဖြတ်ရွေးကောက်ပွဲလည်း လုပ်ပေးမယ်ဆိုပြီး ပျက်သွားပြန်ပါပြီ။ အစကတော့ လုပ်ပေးမယ်ဆိုပြီး အခု တော့ မလုပ်ပေးတော့ဘူးလို့လည်း တရား ဝင် ဆိုလိုက်ပြန် ပါပြီ။ ကျွန်တော်တို့ဆီမှာအပြောင်းအလဲဆိုလို့ ”လုပ်မယ်၊ မလုပ်ဘူး”ဆိုတာလောက်ပဲရှိတယ်လို့ ပြောရတော့မှာပါ။

မလုပ်ရတော့ခြင်းအကြောင်းရင်း က အချိန်နဲ့ ငွေကို ဖြုန်းတီးသလိုဖြစ်မှာ စိုးတာကြောင့်လို့ ဆိုပါတယ်။ အမှန် တော့ ဒါမျိုးမြင်ခဲ့ရင် အစကတည်းက ကြိုတွက်ထားရမှာပါ။ ဒီလိုအနားနီးလာ တဲ့အခါမှ ”လုပ်မယ်” ပြောခဲ့တာကို ”မလုပ်တော့ဘူး”ဆိုတာမျိုး ပြောတာက တော့ မဖြစ်သင့်ပါဘူး။ ဒီလိုလုပ်လိုက် တာ အစကတည်းက ကြိုတင်စဉ်း စား တွက်ချက်ထားခြင်းမရှိကြောင်း သိသာ လှပါတယ်။ ကျွန်တော်အမြဲပြောနေ ကျပါပဲ။ ကျွန်တော်တို့ဆီမှာ ကြိုတင်ကြံ ဆမှုတစ်ခုမှမရှိတာလည်း အံ့အားသင့် စရာပါပဲ။
နောက်ပြီးအကြောင်းပြတာ က အချိန်နဲ့ငွေဆိုတာပါပဲ။ ကဲ ဒီလို ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ ရင် အဲဒီအချိန်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်က ဘာတွေ လုပ်နေ ပြင်ဆင် နေကြမလဲ။ အစားထိုးပြီး ဘာတွေ ပြင် ဆင်ကြမလဲဆိုတာလည်း သိချင်ပါ တယ်။

နောက်တစ်ခုက ငွေကြေးပါ။ ဒီ လိုလုပ်လို့ ငွေကြေးဘယ်လောက် ကုန် မလဲတော့ မသိပါဘူး။ ဒါပေမဲ့ လွှတ် တော်မှာ တစ်ရက်သုံးရတဲ့ ငွေက သိန်း ရာကျော်(တော်ေ တ်ာကျော်ကျော်) သုံး နေရတာကိုတော့ သိရပါတယ်။ ဒါ ကြောင့် လွှတ်တော်ထဲဝင်ရောက်ပြီး ပြောနိုင်ဆိုနိုင် ပြုလုပ်နိုင်သူတွေ ရွေး ချယ်နိုင်ဖို့ လွှတ်တော်မှာ အသုံးပြုနေတဲ့ ကုန်ကျစရိတ်လောက် အကုန်မခံနိုင်ဘူး ဆိုတာကလည်း တစ်မျိုးကြီးများ ဖြစ်နေ မလားလို့ပါ။

►ဓား

အခုတလော ဓားထိုးမှုဆိုတာ တွေလည်း ကြားနေရတာ စိတ်မကောင်း စရာပါပဲ။ သမီးရည်းစား အချင်းချင်း စကားများလို့ ဓားနဲ့ထိုးသွားတာတွေ လည်း မကြာခဏ ကြားနေရပြန်ပါတယ်။ ကျွန်တော်ကတော့ တစ်မျိုးစဉ်းစားပါ တယ်။

”လူငယ်တွေ ဘာလို့ ဓားဆောင် ကြတာလဲ”

ဥပဒေစိုးမိုးရေးမရှိတာလား။ ဒါမှ မဟုတ် မူးယစ်ဆေးတွေက တအားကို လွှမ်းမိုးနေတာလား။ နိုင်ငံရေး၊ စီးပွား ရေး ကြမ်းတမ်းလာလို့ လူတွေရဲ့ စရိုက် တွေကများ ကြမ်းလာတာလား။

ခဲတံ၊ ဘောပင်နဲ့၊ လုပ်ငန်းသုံး ကိရိယာတွေ ကိုင်ထားရမယ့် လူငယ် လေးတွေရဲ့ လက်ထဲမှာ ‘ဓား’ တစ်စင်း ရောက်နေတာကလည်း ရင်လေးစရာ ပါပဲ။

ဘာကြောင့်လဲ။ မူးယစ်ဆေးတွေ ကြောင့်လား၊ ဘာကြောင့်များစရိုက် ကြမ်းကုန်ကြလဲ။ မူးယစ်ဆေးကို ဘီလျံ နာချီ တန်ဖိုးရှိတဲ့အရာတွေ မိနေတယ် ဆိုတာလည်း မကြာ ခဏ ကြားနေရပါ တယ်။ လူငယ်တွေရဲ့ လက်ထဲမှာသာမက မြို့ထဲမှာမူးယစ်ဆေးအပါအဝင် သေနတ်ကိုပါ ဖမ်းဆီးရမိတယ်ဆိုတာ ကြောင့်လည်း မျက်လုံးပြူးရပြန်ပါ တယ်။ ဒါဟာ အနည်းငယ်ပဲရှိပါသေးတယ်။ မမိသေးတဲ့လူတွေရဲ့ လက်ထဲ ဒီလိုမျိုး ဘယ်လောက်ရှိနေမလဲဆိုတာကလည်း တွေးလိုက်တိုင်း ရင်လေးစရာပါပဲ။

ဒါတွေဟာလည်း တရားဥပဒေ စိုးမိုးရေး အားနည်းလို့လားဆိုတာ စဉ်းစားစရာ ပါပဲ။

တစ်ခါကလည်း ကားငှားစီးရင်းနဲ့ ဒရိုင်ဘာရဲ့ဘေးမှာ ဓားတစ်လက်တွေ့ တာနဲ့ မေးကြည့်တော့..

”မလွယ်ဘူး ဆရာရေ့။ တချို့က အချောင်ရရင်ပြီးရောဆိုပြီး လုပ်တတ် လွန်းလို့”

ကျွန်တော်ထိတ်လန့်သွားရပါတယ်။ ဒီလို ကားဒရိုင်ဘာကအစမှာ ဓား ဆောင်ရင် ခရီးသည်ကလည်း ဓား ဆောင်ရတော့မှာပဲ။ ဘာလို့လဲဆိုတော့ ဓားဆောင်ထားတဲ့ ဒရိုင်ဘာကို ခရီး သည်ကလည်း ဘယ်လိုယုံရမှာလဲ။ ကဲ ခရီးသည်က ဓားဆောင်ရင် အခုလို ဓား ထိုးမှုကိစ္စတွေဖြစ်နေရင် သူ့ချစ်သူ မိန်း ကလေးကလည်း လိုလိုမယ်မယ် ဓား ဆောင်ထားရတော့မှာပဲ။ ဒါမှ သူ့အတွက် လုံခြုံမှာလေ။ ဒီလို မိန်းကလေးတွေက အစ ဓားဆောင်ရင် အာဏာပိုင်တွေ ကရော။ မြင်မြင်သမျှ ဓား တစ်ယောက် တစ်ချောင်းနဲ့ မဖြစ်နိုင်ဘူးလား။

ကဲ…ဒါဆို ဒီပြဿနာကို ဘယ် လိုထိန်းချုပ်ကြမလဲ။ မြို့ထဲ တစ်ခါသွား ဖို့ကို ကားအန္တရာယ်အပြင် ဒီလိုဓားအန္တ ရာယ်တွေပါ ရှောင်နေရရင် ဘယ်လို လုံခြုံနိုင်ကြမလဲ။ ဒါကလည်း စဉ်းစားစ ရာပါပဲ။

►လက်တို့ ပါရစေ

ပြည်တွင်း ဘဏ်တွေမှာ လူကြီး ဟောင်းများရဲ့ ရင်းနှီးမြှုပ်နှံမှု သတင်း တွေ ကျယ်ကျယ်လောင်လောင် ကြားရ ပြီးနောက်ပိုင်း ပြည်ပဘဏ်တွေ ပြည် တွင်းမှာ ရင်းနှီးမြှုပ်နှံ ကြဖို့ သတင်းတွေ လွှတ်တော်ထဲမှာဆွေးနွေးနေတာ ကြား ရပါတယ်။ဘာတွေဆွေးနွေးနေကြ တယ်ဆိုတာကတော့ သူတို့အချင်းချင်း နားလည်လားတော့ မသိပါဘူး။ သူတို့ ဖြေရှင်းနေတာတွေကို ဘယ်လိုမှလည်း နားမလည်ပါဘူး။ ကြည့်ကြည့်ပါ ပြုံး ချင်စရာတော့ ကောင်းပါတယ်။

အကြည်တော်

Popular Myanmar

0 comments:

Post a Comment