ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအနီးရှိအမှတ် (၁) ခဲယမ်းမီးကျောက်တပ် အနေဖြင့် တပ်ပိုင် နယ်နမိတ်ပေါ်တွင် အုတ်တံတိုင်းခတ်ခြင်းမှာယခုမှ တပ်ပိုင်မြေသိမ်းယူ၍ခတ်ခြင်းမဟုတ် ဘဲမူလကတည်းကရှိခဲ့သည့် တပ်ပိုင်နယ်န မိတ် အားခဲယမ်းမီးကျောက်တပ်၏ လုံခြုံရေးကြောင့်သာ အုတ်တံတိုင်း ခတ်ခြင်းဖြစ်ကြောင်းခဲယမ်းမီးကျောက် တပ်မှ တာဝန် ရှိသူတစ်ဦး ကပြောကြားခဲ့သည်ဟုသတင်းရရှိခဲ့ပါသည်။
“အခုမီဒီယာတွေမှာဖော်ပြထားတဲ့ တပ်မတော်ကခုချိန်မှလယ်မြေတွေကို သိမ်းပြီး အုတ်တံတိုင်းခတ်နေတယ်ဆိုတာမဟုတ်ပါဘူး။ ဒီမြေဟာတပ်ပိုင်မြေအဖြစ်အရင်ကတည်းကရှိခဲ့ပြီးသားပါ။ သတင်းတွေမှာဖော်ပြနေသလိုခလေးတွေအုတ် တံတိုင်းကိုကျော်လွှားသွားနေရတာကလည်းရွာကကလေးတွေမဟုတ်ပါဘူးဒီနားကလယ်စောင့်တဲတွေကကလေးငယ် တွေပါ၊ အရင်ကသူတို့တွေကတပ်ထဲကနေဖြတ်ဖြတ်သွားနေကြတာ၊ အခုလိုအုတ်တံတိုင်းခတ်လိုက်တဲ့အတွက်ကျောင်းသွားတဲ့လမ်းကမသွားတော့ပဲအလွယ်တကူအုတ်တံတိုင်းကိုကျော်တက်နေကြတာပါ၊ တံတိုင်းကိုကျော်ပြီးတပ်ထဲကို ၀င်တယ်၊ ပြီးတော့နောက် အုတ်တံတိုင်းတစ်ခုကိုကျော်ပြီးတပ်ပြင်ပြန်ထွက်ပြီးစာသင်တဲ့ဘုန်းကြီးကျောင်းကိုသွားတာပါပဲ။
အခုသွားတယ်ဆိုတာကလဲမိုးတွင်းဆိုတော့ရွှေလေးချောင်းကရေလျှံတယ်လေ၊ လယ်တွေထဲရေ၀င်တော့ လယ်ကွင်းကနေမဖြတ်တော့ဘဲခါးတိုင်း သွားနေကြ ဖြတ်လမ်းကနေအုတ်တံတိုင်းကျော်ပြီးသွားကြတာပေါ့။ အမှန်ကတော့ရွာကကလေးတွေ အတွက်ကဘာပြဿနာမှမရှိပါဘူး။ ခဲယမ်းမီးကျောက် တပ်ဆိုတာကလည်းဗုံးတွေအမြှောက်ဆံတွေ လက်နက် ခဲယမ်းတွေထားတဲ့တပ်ပါ။ သိုလှောင်ရုံတွေဟာနီးနီးကပ်ကပ် ထားလို့မရသလို အနီးနားကရွာတွေအတွက် လည်းအရမ်း အန္တရာယ်ကြီးမားပါတယ်။ တပ်ကိုအုတ်တံတိုင်းခတ်တာကလည်းအရင်ကတည်းကစီမံချက် ရှိပြီးသား ဖြစ် ပါတယ်။ အခုမှအကောင်ထည် ဖော်ပြီးခတ်တာပါ။ လုံခြုံရေးစနစ်အရလဲဒီတပ်ဟာလဟာပြင်ထဲမှာဟာလာဟင်းလင်းထားလို့မရတဲ့တပ်ပါ၊ အုတ်တံတိုင်းခတ်ကိုခတ်ရမယ့်တပ်လဲဖြစ်ပါတယ်” ဟုခဲယမ်းမီးကျောက် တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
“ရွာကိုတော့ ထူးထူးခြားခြားထိခိုက်တာမရှိပါဘူး။ ဒါပေမယ့်ဒါကိုဥပဒေအရဖြေ ရှင်းပေးမယ်ဆိုပြီးနိုင်ငံရေးအဖွဲ့တွေ လာရောက် ဆက်သွယ်နေတာတော့တွေ့ ရပါတယ်။ ရွာအပြင်မှာယာယီနေတဲ့ ကလေးတွေတော့ကျောင်းသွားရတာ နဲနဲ ဝေးမှာ ပေါ့၊ အုတ်တံတိုင်းကလည်းခုမှနေ့ချင်းညချင်းခတ်တာမဟုတ်ဘူးလေသူတို့စခတ်နေတာကြာပီပဲ။ အရင်ကတော့ တပ်ထဲကနေဖြတ်ပြီးသွားနေကြတာပေါ့၊ အခုအဲဒီလမ်းကိုအုတ်တံတိုင်းခတ်တော့ လယ်ကွင်းကနေမသွားတော့ပဲ အုတ်တံတိုင်းကျော်ပြီး ဖြတ်လမ်းကသွားကြတာပါ။
သူတို့ကလဲလယ်စောင့်တဲ့လေးတွေပါ၊ လေးလုံးငါးလုံးလောက်ပဲရှိပါ တယ်၊ သူတို့လဲဒီမိုးကုန်ရင်ရွာဘက် ပြန်ပြောင်းဖို့ စီစဉ်ထားပြီးသားပါ။ ရွာထဲမှာနေတဲ့ ကလေးတွေကတော့ ကျောင်းကိုသွားဖို့လမ်းရှိပြီးသားပဲလေအရင်ကတည်းက ဒီလမ်းကပဲသွားကြတာပဲ။ ဒေသခံတွေနဲ့ စစ်တပ်ကတော့ ဘာမှပြဿနာမရှိပါဘူး၊ မိသားစုတွေလိုပဲနေလာခဲ့ကြတာပဲလေ၊ နိုင်ငံရေးသမားတွေ အနေနဲ့စစ်တပ်ကိုသိက္ခာချချင်လို့ အမြတ်ထုတ်တဲ့ သဘောရှိပါတယ်” ဟုသာယာကုန်းကျေးရွာအုပ်စုမှဒေသခံ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
ခင်အေးမွန်
မြန်မာ့သားကောင်း
0 comments:
Post a Comment