ဖမ်းဆီးရမိသော DKBA အဖွဲ့ဝင်မှာ ရင်း(၉၀၁)မှဖြစ်ပြီး စောကျော်ဝေစိုး(၂၅)နှစ်၊ (ဘ) ဦးစိုးသန်း၊ ဈေးမြို့ ရပ်ကွက်၊ ဆယ်တန်းရပ် မော်လမြိုင်မြို့နေသူ ဖြစ်ကြောင်းသိရသည်။
၎င်းမောင်းနှင်လာသောကားပေါ်မှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ပြား၊ ပွိုင့် ၂၂ သေနတ်နှင့် လေသေနတ်တို့ကို ကျည်များနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း မုပွန်ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦး က ပြောသည်။
"ကားပေါ်မှာ စိတ်ကြွဆေးပြားနဲ့လက်နက်တွေ ဖမ်းမိတာကြောင့် မော်လမြိုင်မြို့ထဲက သူ့အိမ်ကိုထပ်ပြီးသွားရှာ ပါတယ်၊ အဲဒီ မှာလည်းတရားမ၀င်လက်နက်တွေ ဖမ်းဆီးရမိခဲ့ပါတယ်" ဟုမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
၎င်းနေအိမ်မှ ပွိုင့် ၂၂ ကျည်နှင့် ပွိုင့် ၃၀ ကာဘိုင်ကျည်များ၊ စနိုက်ပါမှန်ပြောင်း ၁ လက်နှင့် ကာဘိုင် သစ်သားကိုယ်ထည် နှစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ခံတစ်ဦးက "ဒီနယ်မြေမှာ DKBA အဖွဲ့က မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြားတွေသယ်ပြီး စီးပွားရှာနေတာ၊ ဖမ်းဆီးရမိသမျှ မူးယစ်ဆေးဝါးအမှုမှန်သမျှ DKBA အဖွဲ့နဲ့ ပတ်သက်တာချည်းပဲ၊ DKBA ခေါင်းဆောင်ပိုင်းကလည်း အောက်ခြေတပ်ဖွဲ့ဝင်တွေကို မနိုင်ပါဘူး၊ မနိုင်လို့ပဲ အစိုးရစစ်တပ်နဲ့ ပြဿနာတက် နေတာပေါ့" ဟုပြောသည်။
DKBA အဖွဲ့ ဥက္ကဋ္ဌ စောလားဖွယ်သည်လည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ထိုင်းနိုင်ငံမှ မူးယစ်ရာဇာအဖြစ် ဆုငွေထုတ်ခြင်းခံထားရကြောင်း သိရှိရပါသည်။
စောအက်သာ
Daw Na Myay
 






 
 
 
 
 
0 comments:
Post a Comment